စာဖတ်ရခြင်းအကျိုး

~~~~~~~~~~~~~~~~~


တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။


မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘဝရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”

ဖြေ - “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ၊ ဖဲရိုက်တယ် ၊ ည ညတွေ အိမ် မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။ ခိုး၊ လု ၊ ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ”


မေး - “ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား “

ဖြေ - “ မဟုတ်ပါဘူး ၊ သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။”

မှတ်တမ်းတင် အရာရှိလည်း စိတ်၀င်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။


မေး - “ ဆရာခင်ဗျာ - အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ် “

ဖြေ - “ ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ “

မေး - “ ပထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ “

ဖြေ - “ အားပေးကူညီတာ မဟုတ်ဘူးဗျ ၊ နှိပ်စက်တာ ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။ 


စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “


သင်ခန်းစာ - ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်းတူသော်လည်း စိတ်ညစ်လို့ အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက်ကွာခြားလဲ ဆိုတာထင်ဟပ်ပြီး ၊ စာဖတ်ခြင်းဟာ ဘ၀ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။


စာဖတ်နည်း သုံးနည်း

၁။ မျက်စိဖြင့် စာဖတ်ခြင်း - စာအုပ်စာပေ နှင့် မြင်မြင်သမျှ ပုံရိပ်များ

၂။ နားဖြင့် ဖတ်ခြင်း - တရားနာခြင်း ၊ ဟောပြောပွဲ များ နားထောင်ခြင်း

၃။ ခြေထောက်ဖြင့် စာဖတ်ခြင်း - ဒေသန ္တရ ဗဟုသုတ ရအောင် ခရီးထွက်ခြင်း ၊ လေ့လာခြင်း

မေတ္တာရှင်(ရွှေပြည်သာ)

ခရီးသွားခြင်းဟာလည်း စာဖတ်ခြင်း တစ်ခုပါပဲ။


စာဖတ်ခြင်း၏အကျိုး(၇)မျိုး

၁။ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။

၂။စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။

၃။မှတ်ဥာဏ်ကို တိုးမြင့်ပေးနိုင်တယ်။

၄။ဘဝနေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။

၅။အာရုံစူးစိုက်စေတယ်။တွေးတောစေတယ်။

၆။မသက်မသာ ခန္ဓာကိုယ်ကို ခဏတာ အာရုံလွဲစေနိုင်တယ်။နာကျင်မှုကို ဖျေဖျောက်တယ်။

၇။စိတ်ဓာတ်ကျ အားငယ်မှုတွေကို ကုစားပေးတယ်။

စိတ်ကောင်းရှိဖို့ စာဖတ်ရပါသည်။

လောကဓံကို ခံနိုင်ရည်ရှိဖို့ စာဖတ်ရပါသည်။

စိတ်ဖိစီးမှုသက်သာဖို့ စာဖတ်ရပါသည်။

ကိုယ်ချင်းစာစိတ်ဖြစ်လာဖို့ စာဖတ်ရပါသည်။

လူညံမဖြစ်ဖို့ စာဖတ်စေချင်ပါသည်။

လူတော်လူကောင်းဖြစ်ဖို့ စာဖတ်စေချင်ပါသည်။

လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်စေချင်သည်။


ဘာလို့စာဖတ်သင့်လဲ?

အမြင်ကျယ်ဖို့အတွက် စာဖတ်သင့်သည်

ကမ္ဘာကြီးသည် ကျယ်ပြန့်လှသည်။ သင်ယူစရာတွေက များပြားလှသည်။ ကိုယ့်နယ်ပယ်တွင်တောင် သင်ယူစရာတွေကများပြားလှသည်။ ကိုယ့်ကမ္ဘာ့ငယ်ထဲတွင် မနေသင့်ပါ။ မွေးကတည်းက ဘယ်သူမှ မသင်ပေး ၊ မပြောပြပါက မသိနိုင်ပါ။


 ကမ္ဘာကြီးက တစ်ခြားနိုင်ငံ ၊ တစ်ခြားယဉ်ကျေးမှုများ ၊ တစ်ခြားနိုင်ငံက သမိုင်း၀င်အဖြစ်အပျက်များ ဥပမာ- နပိုလီယံဧ။်ဝါတာလူးစစ်ပွဲ ၊ ဒုတိယကမ္ဘာစစ်အကြောင်း ၊ ပထမကမ္ဘာစစ်အကြောင်း ၊ ဒုတိယကမ္ဘာစစ်ဘာကြောင့်ဖြစ်လဲ စတာတွေကိုဖတ်ရှုလေ့လာကာ အသိအမြင်ကျယ်ပြန့်လာအောင်လုပ်သင့်ပါသည်။ ထိုသို့သိလာပါက ဘာလို့ဖြစ်တယ် ၊ ဒီလိုတွေဖြစ်ခဲ့ပါလားစပြီး အမြင်ကျယ်စေပါသည်။ စီးပွားရေးသမားများသည် အမြင်ကျယ်ဖို့လိုအပ်ပါသည်။ စီးပွားရေးသည် ပိုက်ဆံရှာဖို့တစ်ခုတည်းမပာုတ်ပါ။


လူတွေကို ကူညီဖို့၊ လူတွေလိုအပ်တဲ့ အရာတစ်ခုကိုဖြည့်ဆည်းပေးဖို့ဖြစ်ပါသည်။ အမြင်ကျယ်ပါက ကိုယ့်စျေးကွက်ကို နိုင်ငံတစ်နိုင်ငံထဲကိုပဲ ပစ်မှတ်ထားခြင်းထက် တစ်ခြားနိုင်ငံများ ဥပမာ- ဥရောပနိုင်ငံများ ၊ တောင်အမေရိကတွင်ရှိသောနိုင်ငံများ စသည်တို့ကို ပစ်မှတ်ထားကာ စျေးကွက်ကို ကြီးမားလာအောင်ဖြန့်နိုင်ပါသည်။ စျေးကွက်ဖြန့်နိုင်ပါက ပိုရောင်းရနိုင်ပြီး အမြတ်ပိုရနိုင်ပါသည်။ 

 

ကိုယ့်ဘ၀တိုးတက်ဖို့အတွက်စာဖတ်သင့်သည်

Self-development ( ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်ခြင်း ) အတွက် စာဖတ်ဖို့လိုအပ်ပါသည်။ နာမည်ကြီးသောစာရေးဆရာ John C. Marxwell စာအုပ်များကိုဖတ်ခြင်းအားဖြင့် ကိုယ့်ဘ၀ကို တိုးတက်အောင်ကြိုးစားနိုင်ပါသည်။ ကိုယ့်အားနည်းချက်ကို ကိုယ်သိပါသည်။ ကိုယ်က စိတ်ဓာတ်ကျနေရင် စိတ်ဓာတ်တက်ကြွစေတဲ့ စာတွေကိုဖတ်သင့်ပါသည်။ 


အချိန်ဆွဲတတ်ရင် အချိန်မဆွဲတော့အောင် စိတ်ပညာ ၊ ဦးနှောက်ပညာရပ်ကျွမ်းကျင်သူတွေကရေးထားတဲ့ဆောင်းပါးတွေ ၊ စာအုပ်တွေကိုဖတ်သင့်ပါသည်။ ဒါမှသင်ယူနိုင်ပြီး အချိန်မဆွဲတော့ဖို့အတွက် လုပ်ဖို့အရာတွေကိုသိလာနိုင်ပြီး ဘ၀ကတိုးတက်ဖို့အတွက် နီးစပ်လာနိုင်ပါသည်။ ကိုယ့်အားနည်းချက်မှန်သမျှကို စာအုပ်တွေဖတ်ပြီးတိုးတက်လာအောင် ကြိုးစားသင့်ပါသည်။ ကိုယ့်အရည်အချင်းတွေ အကောင်းဆုံးဖြစ်လာအောင် ၊ ကိုယ့်အားနည်းချက်တွေ တိုးတက်လာအောင် ၊ ကိုယ့်ကိုကိုယ်အမြဲတမ်း ဖြေးဖြေးချင်း အားနည်းတဲ့နေရာမှန်သမျှတွင် တိုးတက်လာအောင် ၊ ဘက်စုံတိုးတက်လာအောင် စာဖတ်သင့်ပါသည်။ Life Coach ဆိုသည့် ဘဝအောင်မြင်ရေးအကြံပေး တစ်ယောက်က ကိုယ့်အားနည်းချက်မှန်သမျှကို ဖြေရှင်းဖို့အတွက် ဖြေရှင်းချက်အဖြေတွေမပေးနိုင်ပါ။ လူတစ်ယောက်တွင်လည်း သူသိတာတွေသည် ကန့်သတ်ချတ်ရှိပါသည်။ ကန့်သတ်ချင်မရှိတာကတော့ စာအုပ်တွေပဲဖြစ်ပါသည်။ စာအုပ်တွေက သန်းနဲ့ချီပြီးရေးထားတာတွေရှိပြီး သင်ယူစရာတွေက အကန့်အသတ်မရှိဖြစ်ပါသည်။ ထို သန်းနဲ့ချီပြီးရှိတဲ့စာအုပ်တွေထဲက ကောင်းတာလေးတွေကို စာကြည့်တိုက်မှူး ၊ ကိုယ်စိတ်၀င်စားသော နယ်ပယ်ကဆရာတွေကိုမေးပြီးတော့ ကောင်းတာတွေကိုရွေးဖတ်နိုင်ပါသည်။ 

 

လုပ်ချင်တာမှန်သမျှကို စာအုပ်ဖတ်တာနဲ့သင်ယူနိုင်ပါသည်

ဥပမာ-Investment Banking ( ရင်းနှီးမြုပ်နှံသည့် ဘဏ်လုပ်ငန်း ) အကြောင်းကို သိချင်ရင် ထိုအကြောင်းအရာနှင့်ပတ်သတ်သော စာအုပ်များကိုဖတ်နိုင်ပါသည်။ စာအုပ်များကိုဖတ်ပြီး သင်ယူနိုင်ကာ  သိနိုင်ပြီး  ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိနိုင်ပါသည်။  Consulting( အကြံပေးလုပ်ငန်း )လုပ်ငန်းကိုလုပ်ချင်ရင် ထိုအကြောင်းအရာနှင့်ပတ်သတ်သော စာအုပ်များကိုဖတ်ရှုနိုင်ပါသည်။ Case study Interview ( ပြဿနာများကိုဖြေရှင်းပြရသည့်အင်တာဗျူး ) အကြောင်းကို လေ့လာနိုင်ပြီး ကြိုတင်လေ့ကျင့်နိုင်ကာ ထိုလုပ်ငန်းကို လုပ်ဖို့အတွက် နက်နဲသောအသိများ ၊ ထိုလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်လာခဲ့သော သူများဧ။်နက်နဲသော အတွေးအမြင်များကိုသိနိုင်ပါသည်။ ထိုလုပ်ငန်းတွင် အောင်မြင်ဖို့အတွက် ဘာလုပ်ရမယ်ဆိုတာလည်း သိလာပါသည်။ 

 

Investing( ရင်းနှီးမြုပ်နှံခြင်း ) ကိုလုပ်ချင်ရင် ထိုနယ်ပယ်ကိုအဓိကထားပြီး ကမ္ဘာပေါ်တွင်ဒုတိယအချမ်းသာဆုံးဖြစ်သွားသော Warren Buffet ဧ။် ရင်းနှီးမြုပ်နှံခြင်းနည်းဗျူပာများ ၊ လုပ်နည်းများ - ဘာတွေလုပ်သင့်တယ် ၊ မလုပ်သင့်တယ်စတာတွေကို ရေးထားတဲ့စာအုပ်တွေကို ဖတ်နိုင်ပါသည်။ ထိုသို့ဖတ်ပြီးတဲ့အခါ ဘာလုပ်ရမယ်ဆိုတာကိုသိလာပြီး ချမ်းသာချင်တဲ့ရည်ရွယ်ချက်ကို တကယ်လက်တွေ့ဖြစ်လာအောင်လုပ်နိုင်ပါသည်။ Warren Buffet ကိုယ်တိုင်စာအုပ်ပေါင်းမြောက်များစွာကို ရင်းနှီးမြုပ်နှံသည့်စီးပွားရေးသမားဘ၀ အစပိုင်းတွင် ဖတ်ခဲ့ကြောင်းကို အင်တာဗျူးတစ်ခုတွင် ပြောခဲ့ပါသည်။ 

 

စာဖတ်သူလည်း ကိုယ်လုပ်ချင်တာမှန်သမျှကို စာဖတ်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာကိုသိပြီး တကယ်လက်တွေ့လုပ်နိုင်ပါသည်။လုပ်တဲ့အခါလည်း ဘာလုပ်ရမယ်ဆိုတာကိုသိတဲ့အတွက် အောင်မြင်အောင်လုပ်နိုင်ပါသည်။ 

ပိုပြီးစဉ်းစားစေသည်

စာများများဖတ်လေ ပိုပြီးစဉ်းစားတတ်လေဖြစ်ပါသည်။ အတွေးတစ်ခုကနေ နောက်အတွေးတစ်ခုကို ဦးတည်စေပါသည်။ ထိုသို ့တွေးလာသည့်အခါ ဦးနှောက်ကိုလည်း အလုပ်ပေးရာဖြစ်ပါသည်။ ဦးနှောက်သည် ကြွက်သားတစ်ခုလိုဖြစ်ပါသည်။ စဉ်းစားပါများလေ ပိုပြီးစဉ်းစားတတ်လေဖြစ်ပါသည်။ စာဖတ်ခြင်းသည် စဉ်းစားစေပြီး စဉ်းစားတာများလာပါက စဉ်းစားရာတွင်ပိုတော်လာမည်ဖြစ်ပါသည်။ ဦးနှောက်ကိုသုံးပြီး စဉ်းစားသူနှင့် ဦးနှောက်မသုံးဘဲ လုပ်သောသူနှစ်ယောက် လုပ်နည်း ၊ ရလဒ်များလည်း ကွာခြားပါသည်။ စဉ်းစားပြီးလုပ်သောသူ လုပ်နည်းသည် ထိရောက် မြန်ဆန်ပြီး ရလဒ်သည်လည်း လိုချင်သောရလဒ်ဖြစ်ပါသည်။ ဦးနှောက်ကိုသုံးတတ်လာအောင် လေ့ကျင့်သင့်ပါသည်။ စာဖတ်ခြင်းသည် ဦးနှောက်ကိုလေ့ကျင့်ပေးပါသည်။ 

 

ပြဿနာတွေကိုဖြေရှင်းတတ်လာသည် 

လက်တွေ့ဘ၀တွင် ပြဿနာများပေါ်လာတတ်ပါသည်။ ထိုပေါ်လာသော ပြဿနာများကို စာဖတ်ခြင်းကရလာသော ဗပာုသုတများနှင့်ဖြေရှင်းနိုင်ပါသည်။ ထိုအခါ ကိုယ်သည်အများအားကိုးရသောလူတစ်ယောက်ဖြစ်လာနိုင်ပါသည်။ ကိုယ့်အတွက်လည်း အသုံး၀င်ပါသည်။ 

 

မှတ်စုစာအုပ်ထုတ်ခြင်း 

မှတ်စုစာအုပ်လေးတစ်အုပ်ကိုထားပါ။ ပြီးရင် ဖတ်ပြီးတဲ့စာအုပ်တွေက ကိုယ်မှတ်ချင်တဲ့အရာလေးတွေကို ချရေးထားပါ။ စာအုပ်နာမည်ကိုရေးပါ။ စာအုပ်က စာမျက်နှာကိုလည်းရေးပါ။ ထိုသို့လုပ်သောအခါ ကိုယ်ကအနာဂတ်တွင် ပြန်အသေးစိတ်ဖတ်ချင်ရင် စာအုပ်နာမည်သိမှ ၊ စာမျက်နှာကိုသိမှ အတိအကျ ပြန်သွားလို့ရတာပါ။ 

 

မှတ်စုစာအုပ်ထဲတွင် စာအုပ်နာမည်နှင့်တွဲကာ သင်ခန်းစာများကို ချရေးပါ။ 

သင်ခန်းစာများကို ချရေးရင် ထိုစာအုပ်ကိုဖတ်လို့ရလာတဲ့ သင်ခန်းစာတွေကို ပြန်လည်အလွယ်တကူဖတ်ရှုနိုင်ပါသည်။ စာအုပ်တစ်အုပ်ကိုဖတ်ပြီးတဲ့အခါတိုင်း ထိုစာအုပ်က သင်ခန်းစာများကို ချရေးပါ။ စာအုပ်တွေအများကြီးဖတ်ပြီးတဲ့အခါ သင်ခန်းစာတွေကအများကြီးဖြစ်လာပြီး အင်မတန်တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်လာပါသည်။ ကိုယ်ဖတ်ဖူးသမျှစာအုပ်တိုင်းကို သွားလေရာသယ်ဖို့ဆိုတာ မလွယ်ကူပါ။ ကိုယ်က စာအုပ်(၂၀)လောက် ဖတ်ပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထိုစာအုပ်(၂၀)ကို ခရီးသွားရင် သယ်ဖို့မလွယ်ပါ။ ကိုယ့်ခရီးသွားအိတ်နဲ့တင် ပင်ပန်းနေပါသည်။ စာအုပ်တစ်အုပ်နှစ်အုပ်ပဲ သယ်နိုင်ပါသည်။ ထိုမှတ်စုစာအုပ်လေးကို ခရီးသွားရင် သယ်သွားနိုင်ပြီး စာအုပ်ပေါင်းမြောက်များစွာက ရလာသော သင်ခန်းစာများကို တစ်အုပ်ထဲတွင် ဖတ်ရှုလေ့လာနိုင်သောအခါ အင်မတန်အဖိုးတန်လှပါသည်။ ကိုယ့်တွင်ပြဿနာတစ်ခုရှိလာရင် ထိုမှတ်စုစာအုပ်သို့ပြန်လည်သွားပြီး အကြံညဏ်တောင်းသလိုမျိုး သင်ခန်းစာတွေကို ပြန်လည်ဖတ်ရှုကာ ကိုယ့်လက်တွေ့ဘ၀က ပြဿနာများကိုဖြေရှင်းဖို့အတွက် အသုံးချနိုင်ပါသည်။ 

 

 

စာဖတ်သောအခါ ဘယ်လိုပုံစံနဲ့ကိုယ့်ရည်မှန်းချက်တွေကို အောင်မြင်နိုင်အောင်လုပ်နိုင်တယ်ဆိုတာကိုသိလာသည်။ ဘာတွေလုပ်ရမယ်ဆိုတာလည်း သိလာသည်။ ကိုယ့်အမြင်ကကျယ်လာသည်။ ကိုယ်က အများကြီးသိလာသည်။ တစ်ခုခုလုပ်လိုက်ရင် နောက်ဆက်တွဲအကျိုးရလဒ်တွေကိုသိလာသည်။ အောင်မြင်အောင်လုပ်ဆောင်ခဲ့သောသူများ လုပ်တာတွေကိုသိလာပြီး ထိုအရာတွေကသူတို့အတွက်အောင်မြင်ခဲ့တယ်ဆိုရင် ကိုယ့်အတွက်လည်းအောင်မြင်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ကိုယ့်ဘ၀တွင် ကြိုးစားပြီးလုပ်နိုင်သည်။ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ ဥပမာ- ကုလသမ္မဂအဖွဲ့အစည်းဧ။်အတွင်းပိုင်းဖွဲ့စည်းပုံများ ၊ လုံခြုံရေးကောင်စီဧ။် အတွင်းပိုင်းအလုပ်လုပ်ပုံများကို စာအုပ်ဖတ်ရုံနှင့်သိနိုင်ပါသည်။ ကုလသမ္မဂထဲအဆောက်အအုံထဲကို သွားပြီးတော့တောင် မေးစရာမလိုတော့ပါ။ သီချင်းရေးတာကို သင်ချင်ရင် စာအုပ်တွေကိုဖတ်ပြီး ကိုယ့်ပာကိုယ်ရေးတတ်အောင် ဖတ်ရှုလို့ရပါသည်။ Formal education ( ကျောင်းတက်ဘွဲ့ရ ) ခြင်းသည် အလုပ်တစ်ခုကို ရစေမည်။ သို့သော် Self-education သည် အကန့်အသတ်မရှိသော ၀င်ငွေနှင့် အကန့်အသတ်မရှိသော အောင်မြင်မှုများကို ရရှိဖို့အတွက် ကူညီပေးသည်။ ဖတ်ပြီးတော့ သိထားတာတွေကို တကယ်လက်တွေ့တွင် အသုံးချဖို့လိုအပ်ပါသည်။ ဒါပေမဲ့ ရည်မှန်းချက်ရှိရင် ဖတ်ပြီး သိပြီးတာနဲ့အလိုလိုလုပ်ပြီးသား ဖြစ်သွားပါသည်။ Bill Gate သည် ဘာဘွဲ့မှမရခဲ့ပါ။ ပားဗတ်ကနေ ပထမနှစ်ကျောင်းသားဘ၀နဲ့ထွက်လာပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို စတင်လုပ်ဆောင်လာပါသည်။ သူသည် စာအုပ်တွေ အများကြီဖတ်ပါသည်။ ကွန်ပြူတာနဲ့ပတ်သတ်တာတွေထက်ကိုပိုပြီး တစ်ခြားလူ့ဘ၀အကြောင်းကိုလဲ ဖတ်ပါသည်။ စီးပွားရေးတွင် လူ့ဘ၀အကြောင်းကို နက်နက်နဲနဲနားလည်ဖို့လိုအပ်ပါသည်။ သူသည် ကွန်ပြူတာကို အဓိကထားတီထွင်သော်လည်း ထိုကွန်ပြူတာနှင့် နည်းပညာများကို တကယ့်လက်တွေ့ဘ၀တွင် ဘယ်လိုအသုံးချနိုင်တာကို သိဖို့အတွက် စာဖတ်ဖို့လိုအပ်ပါသည်။ ကိုယ်သိချင်တာမှန်သမျှကို သိချင်ရင်စာအုပ်ဖတ်လိုက်တာနှင့်ရပါသည်။ ဆရာမရှိလို့သင်တန်းမတက်နိုင်လို့အကြောင်းအရာတွေနှင့် ကိုယ့်ကိုကိုယ်မရပ်တန့်သင့်ပါ။ ကိုယ်လုပ်ချင်တာတွေမှန်သမျှကို စာဖတ်ရုံနှင့်လုပ်လို့ရနိုင်ပါသည်။ ထိုအခါ ဆရာနှင့်သင်မှ အပြည့်အ၀နားလည်မည်ပာု တစ်ချို့ကပြောကြပါလိမ့်မည်။ သို့သော် ပိုက်ဆံမတတ်နိုင်သောသူများအတွက် စာဖတ်ခြင်းသည်သာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပါသည်။ 

 

စာဖတ်ခြင်းသည် ကိုယ့်ဘ၀အားနည်းချက်မှန်သမျှကို တိုးတက်စေဖို့လုပ်စရာများ သိစေပြီး ကိုယ်လိုချင်သည့်အရာများကိုလည်း ရဖို့အတွက် ကူညီပေးပါသည်။ 

Credit:KyawTun(City University of New York, Hunter College)