အချိန်ပာာ အကန့်အသတ်ရှိသည်။ လူအများစုသည် အလွန်ဆုံး တစ်နေ့ကို ၁ နာရီ ၂ နာရီ အထိပဲ စာဖတ်နိုင်သည်။
ဒီတော့ ရတဲ့အချိန်ထဲမှာ အချိန်ကို အကျိုးများဆုံး အသုံးချနိုင်အောင် အချိန်ကိုစီမံခန့်ခွဲနည်း နှင့် အမျိုးအစားလိုက် အချိန်ကိုပေးမှု စီမံကိန်းလေးကို ပြောပါရစေ
စာဖတ်သည့်အချိန် ၁၀ % - လောကကြီးအကြောင်းကို သိအောင်ဖတ်သင့်ပါသည်
ကိုယ်နေထိုင်သည့် လောကကြီးအကြောင်းကို နားလည်အောင် ကြိုးစားသင့်ပါသည်။
ကိုယ်က အရမ်းစိတ်မဝင်စားရင်တောင် နိုင်ငံရေး ၊ စီးပွားရေး ၊ တစ်ခြားသော ကြီးမားသောအရာတွေက ကိုယ့်ဘ၀ကို ထိရောက်မှုရှိပါသည်။ စိတ်ဝင်စားသူတွေလောက်တော့ ထဲထဲဝင်ဝင်လေ့လာာစရာမလိုဘဲ
အကြမ်းဖျင်းနားလည်အောင် ကြိုးစားသင့်ပါသည်။
အကောင်းဆုံးနည်းလမ်းက ဘက်မလိုက်သည့် မှန်ကန်သည့် သတင်းဂျာနယ်ကိုဖတ်ပါ။
ကိုယ့်စိတ်ဝင်စားရင် ဒီအကြောင်းအရာကို စာအုပ်တွေရှာပြီးဖတ်ပါ။
ကိုယ့်ဘ၀အပေါ် ထိရောက်မှုရှိသော အကျိုးသက်ရောက်မှုရှိသော စီးပွားရေး ၊ နိုင်ငံရေး ၊ ကမ္ဘာပေါ်တွင် ဖြစ်နေသောအရာများကို နားလည်မှုရှိအောင် ၊ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ နားလည်နိုင်အောင် ကြိုးစားပြီးတော့ ဖတ်သင့်ပါသည်။
စာဖတ်သည့်အချိန် ၇၀% - ကိုယ့်ရဲ့ professional နယ်ပယ်နဲ့ပတ်သတ်သည့် စာများကိုဖတ်သင့်ပါသည်
ကိုယ်ကဘွဲ့ရပြီးရင်တောင် ၊ ဒေါက်တာဘွဲ့ကြီး Ph.D ရပြီးရင်တောင် နောက်ဆုံးပေါ်တိုးတက်မှုများ
ရှာဖွေမှုအသစ်များ နားလည်မှုအသစ်များကို ဆက်လက်ဖတ်ရှုနေမှ ကိုယ်က တစ်ခြားလူတွေထက် ထိပ်တန်းရောက်နေတဲ့လူတစ်ယောက် ဖြစ်မှာ။
ကိုယ့်နယ်ပယ်တွင် ထိပ်တန်းရောက်နေသော ပညာရှင်များ ၊ စာရေးဆရာများ ရေးသားသော စာအုပ်များ ၊ ဂျာနယ်ကဆောင်းပါးများကို ဖတ်ပါ။
ကိုယ့်နယ်ပယ်တွင် ထိပ်တန်းလို့ အများက ပြောကြသည့် ပညာရေးဂျာနယ်များကို လစဉ်ဝယ်ဖတ်ပါ။
ကိုယ့်နယ်ပယ်တွင် ကိုယ်တိုင်အထူးစိတ်ဝင်စားသည့် အရာများကိုဖတ်ပါ။
ဥပမာ - IT နယ်ပယ်တွင် Artificial Intelligence ဆိုသည့် အကြောင်းကိုစိတ်ဝင်စားရင် AI ( Artificial Intelligence ) ကို ထဲထဲဝင်ဝင် သိအောင် ရှိသမျှ စာအုပ်တွေအကုန်လိုက်ဖတ်ပါ။
ဖြစ်နိုင်ရင် ကိုယ့်နယ်ပယ်တွင် ရှိသော အရာမှန်သမျှကို ထဲထဲဝင်ဝင်နားမလည်ရင်တောင် အကုန်နီးပါးသိအောင်
ရှိသမျှစာအုပ်တွေကိုဖတ်သင့်ပါသည်။
ကျွန်တော်ဆို တရုတ်နိုင်ငံသမိုင်းအခန်းယူရာတွင် စာကြည့်တိုက်ထဲတွင် တရုတ်သမိုင်းစာအုပ်များထားရှိရာ စာအုပ်စင်တွေဆီ သွားပြီး စိတ်ဝင်စားလွန်းလို့ ရှိသမျှစာအုပ်တွေကို လိုက်ဖတ်ပါသည်။
အကုန်လည်းနားမလည်ပါ။ အကုန်လည်းမမှတ်မိပါ။
သို့သော် ကျွန်တော့်စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေပြီး တရုတ်နိုင်ငံသမိုင်းကို ပိုပြီး သိလာပါသည်။
အတန်းထဲတွင် ပါမောက္ခက မေးခွန်းများမေးသည့်အခါ ကျွန်တော်က စာကြည့်တိုက်ထဲက တရုတ်သမိုင်းစာအုပ်စင်တွေက စာအုပ်အကုန်လုံးနီးပါးဖတ်ထားသည့်အတွက် ဘယ်သူမှမဖြေနိုင်သော မေးခွန်းကို ဖြေနိင်ခဲ့ပါသည်။
ကိုကိုယ်တိုင် စိတ်ဝင်စားသည့်အရာများကို သုတေသနလုပ်ပါ။
ကိုယ်စိတ်ဝင်စားသည့်အရာများ ရှိပါသည်။ ဒီအကြောင်းအရာများကို အရင်ကရေးထားသည့်စာအုပ်များ ၊ ဂျာနယ် ၊ သုတေသနစာတမ်းများကိုဖတ်ပါ။
ထိုအခါ ပိုပြီးတော့ နက်နဲသည့်နားလည်မှုများကို ရလာနိုင်ပါသည်။
အခုခေတ်သည့် Specialization ( နယ်ပယ်အထူးပြု ) ဖြစ်ပါသည်။ ကိုယ့်လိုပင် ၄ နှစ် ကနေ ၈ နှစ်အထိ အထူးပြုလေ့လာသူများ အများအပြားရှိပါသည်။ ဒီလူတွေကြားထဲတွင် ကိုယ်ကနေ တစ်ပန်းသာဖို့အတွက်
Formal education ( ကျောင်းပညာသင်ယူခြင်း ) ပြီးရင်တောင် self-learning ( ကိုယ့်ကိုကိုယ်အားကိုး လေ့လာသင်ယူခြင်း ) ကို ဆက်လက် ကြိုးစားမှ သူများမသိတာတွေသိခြင်း ၊ နက်နဲသည့်နားလည်မှုရှိခြင်း ၊ အသစ်အဆန်းတွေကိုရှာဖွေနိုင်ခြင်း တို့ကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းကို နောက်ကျောထားခဲ့တာနှင့် ကိုယ့်ရဲ့ ပညာလေ့လာမှုပာာ ရပ်တန့်မသွားပါ။
မိမိကိုယ်တိုင် ကြိုးစားအားထုတ်ပြီး လေ့လာခြင်း ကို ဆက်လက် အားထုတ်သည့် ၊ အချိန် နှင့် စိတ်အာရုံစူးစိုက်မှု ရင်းနှီးမြုပ်နှံသည့် လူများသာ ရှေ့တွင်ရောက်နိုင်ပါသည်။
စာဖတ်သည့်အချိန် ၁၀% - နှလုံးသားနှင့်ပတ်သတ်သောစာများကိုဖတ်ပါ
ဥပမာ ကဗျာ ၊ ၀တ္ထု နှင့် နှလုံးသား စိတ်အာပာာရကိုဖြစ်စေမည့်စာများကိုဖတ်ပါ
တစ်ခါတစ်လေ စိတ်ပင်ပန်းသည့် ၊ လုံး၀ကို မခံစားနိုင်တော့သည့် ဘာမှကိုမလုပ်ချင်တော့သည့် ၊ ဖြစ်ချင်ရာဖြစ်ကွာ ငါအရမ်းပင်ပန်းလို့ နားတော့မယ် ၊ အရမ်းကို အရှုံးပေးချင်လောက်အောင်ဖြစ်သည့် ၊ ဘာဆိုဘာမှကို ဆက်မလုပ်ချင်တော့သည့် ၊ ကိုယ့်ကိုကိုယ်တောင် သနားလာသည့် အချိန်တွေရှိတတ်ပါသည်။
ထိုအခါ စိတ်အာပာာရကိုဖြစ်စေမည့် စာအုပ်များကိုဖတ်သင့်ပါသည်။
ကျွန်တော်အကြိုက်ဆုံး စာရေးဆရာမ မှာ နိုင်းနိုင်းစနေ ဖြစ်ပါသည်။
ဆရာမ စာတွေဖတ်လိုက်တိုင်း စိတ်ကို အာပာာရဖြစ်စေပါသည်။
မိမိစိတ်ကိုလည်း ဗိုက်ဆာရင်စားသလို စိတ်ကိုလည်း အာပာာရဖြစ်စေမည့် စိတ်ခွန်အားတက်စေမည့် စိတ်ကြည်နူးစေမည့် ပျော်စေမည့် အနားယူစေမည့် ဓာတ်တွေ ကျွေးသင့်ပါသည်။
ကဗျာ ၊ ၀တ္ထု ၊ စိတ်အားတက်ကြွစေမည့်စာများ ၊ စိတ်ပျော်စေမည့်စာများကို ဖတ်သင့်ပါသည်။
စာဖတ်ခြင်းသည် ကိုယ့်ဘဝအားနည်းချက်မှန်သမျှကို တိုးတက်စေဖို့လုပ်စရာများ သိစေပြီး ကိုယ်လိုချင်သည့်အရာများကိုလည်း ရဖို့အတွက် ကူညီပေးပါသည်။
စာဖတ်သည့်အချိန် ၅% - စဉ်းစားပါ
ကိုယ်စာဖတ်ပြီးသည့်အကြောင်းအရာများကိုစဉ်းစားပါ။
စာဖတ်ထားတာတွေထဲက ကိုယ်ကြိုက်သည့်အရာများကိုစဉ်းစားပါ။
ကိုယ့်ကို အံ့ဩတုန်လှုပ်စေတဲ့ အသစ်အဆန်းများကိုစဉ်းစားပါ။
စာထဲမှာ ဒီထက်ပိုပြီး လေ့လာရမည်အရာများကိုစဉ်းစားပါ။
ကိုယ့်ကို စဉ်းစားစေတဲ့ အရာများကို ထပ်စဉ်းစားပါ။
စာထဲတွင် ဒီအသစ်သင်လိုက်သောအရာကို အရင်ကကိုယ်သိသည့်အရာများနှင့် ပေါင်းစပ်နိုင်ပြီး ကိုယ်လိုချင်တဲ့ရလဒ်များရအောင် လုပ်နိုင်မလားဆိုတာကိုစဉ်းစားပါ။
စာဖတ်သည့်အချိန် ၅% - မှတ်စုစာအုပ် ၊ ဒိုင်ယာရီ ၊ ဂျာနယ် ထားပါ
စာဖတ်ပြီးရင်လည်း ကိုယ့်ထင်မြင်ချက်ကို ချရေးပါ။
စာဖတ်ပြီးတဲ့အခါ စာထဲက ကိုယ်ကြိုက်တဲ့အရာတွေကို ချရေးထားပါ
ကိုယ့်မှာရှိသည့် နားမလည်သည့် မေးခွန်းတွေကို ရေးထားပါ
ကိုယ့်မှာရှိသည့် စိတ်ဝင်စားသည့် မေးခွန်းများကို ရေးထားပါ
ကိုယ့်အတွက် အသုံးဝင်နိုင်သည့် ကိုယ့်ရည်မှန်းချက်ကို အထောက်အကူပြုနိုင်သည့် အရာများကို ချရေးထားပါ။
စာအုပ်ကို ပိုင်တယ်ဆိုရင်တော့ တစ်ခါထဲ highlight လုပ်ထားပါ။
စာဖတ်ခြင်း ဒိုင်ယာရီထားပါ
ဘယ်နေ့ ဘယ်အချိန်တွင် ဘယ်စာအုပ်ကိုဖတ်ဖြစ်သည်။ စာမျက်နှာ ဘယ်လောက်ကနေ ဘယ်လောက်ထိဖတ်ဖြစ်သည်။
ဒီစာအုပ်ထဲက ကိုယ့်ကို အမြင်ကျယ်စေသောအရာများ ၊ ဆက်လက်ပြီးတော့ စိတ်ဝင်စားသည့်အရာများ ၊ မေးခွန်းများကို ချရေးထားပါ။
ကိုယ်က ပြန်ကြည့်သည့်အခါ အမှတ်တရတွေဖြစ်နိုင်စေသလို ပြန်ပြီးတော့ ဖတ်စေချင်သည့် စိတ်တွေပေါက်လာစေနိုင်ပါသည်။
Credit: Kyaw Tun

