ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့
တစ်ခါတစ်လေ ကိုယ်ကဘာမှမလုပ်ဘဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...
တစ်ခါတစ်လေ ကိုယ်ကလုံးဝမသိလိုက်ရဘဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...
တစ်ခါတစ်လေ ကိုယ်တောင်မသိလိုက်ပဲ
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...
တစ်ခါတစ်လေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...
ဒီအကြောင်းတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူးလေ...
အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိခဲ့ဘူး...
ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့
မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲ...
အမှန်တရားကို သိလာတဲ့ အချိန်
အချိန်တွေက စကားပြောလာကြခဲ့အခါ
ပျော်ပါစေလို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲလေ..

