အောက်ပါတို့ကို ကွက်လပ်ဖြည့်ပါ။


၁။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဌသည် ------------------- ဖြစ်သည်။

၂။ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် ကျင့်ထုံးဆိုင်ရာ ကြေညာစာတမ်း အကောင်အထည်ဖော်ရေး အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ----------------- ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။

၃။ ---------------------- ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား အတည်ပြုရန်ကိစ္စကို လွှတ်တော်က သဘောတူခဲ့ပြီး မြန်မာနိုင်ငံနှင့် ဟောင်ကောင်အကြား ကောင်းကျိုးများစေမည်ဖြစ်သည်။

၄။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြုံယမ်း၌ အမေရိကန်က သံရုံးအောက် အဆင့်နိမ့်သည့် ------------------ရုံးဖွင့်လှစ်ထားရှိရန် လက်ခံကြိုဆိုကြောင်း ပြောကြားခဲ့သည်။

၅။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် (၉)နိုင်ငံသော ဘယ်လ်ဂျီယံ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ ပြင်သစ်၊ ဂျာမနီ၊ ကူဝိတ်၊ ပီရူး၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ --------------------- နိုင်ငံက မြန်မာနိုင်ငံ အခြေအနေခေါင်းစဉ်ဖြင့် တံခါးဖွင့်ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။

၆။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်၏ ပိတ်ဆို့မှုများ အကုန်ဖယ်ရှားပေးပါက နျူကလီးယားလက်နက်ဆိုင်ရာ သုတေသနနှင့် ထုတ်လုပ်ရေးဆောင်ရွက်လျက်ရှိသော ------------------ အဆောက်အအုံကို အပြီးဖျက်သိမ်းပေးမည်ဟု ပြောကြားခဲ့သည်။

၇။ မတ်လ (၂)ရက်နေ့သည် ---------------- နေ့ဖြစ်သည်။

၈။ ၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နှစ်စဉ်ကျင်းပနေကြ နေပြည်တော်ရှိ --------------------- ခန်းမ၌ မတ်လတွင် ကျင်းပခဲ့သည်။

၉။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ အာရှဖွံ့ဖြိုးရေးဘဏ်ဌာနချုပ်တွင် --------------------------- (ADF 12) Midterm Review Meeting အခမ်းအနားကို ကျင်းပခဲ့သည်။

၁၀။ ADB ၏ အရှည်မှာ -------------------- ဖြစ်သည်။

၁၁။ အိုစမာဘင်လာဒင်၏ သားဖြစ်သူ ------------------------- အား ဆော်ဒီအာရေဗျနိုင်ငံက နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

၁၂။ အမှတ်(၂) မြန်မာ-တရုတ် ဝင်/ထွက် ဂိတ်သစ်ကြီးကို ကချင်ပြည်နယ် မိုးမောက်မြို့နယ် --------------မြို့တွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

၁။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
၂။ (၂၇)
၃။ အာဆီယံ-ဟောင်ကောင် (တရုတ်)
၄။ ပူးပေါင်းဆောင်ရွက်ရေး
၅။ အီကွေတိုရီယယ်ဂီနီ
၆။ ယောင်ဗြွန် နျူကလီးယား
၇။ တောင်သူလယ်သမား
၈။ မဏိရတနာကျောက်စိမ်း
၉။ Asian Development Fund 12
၁၀။ Asian Development Bank
၁၁။ ဟမ်ဇာဘင်လာဒင်
၁၂။ လွယ်ဂျယ်