ကွက်လပ်ဖြည့်၊ မှား/မှန်၊ အဖြေမှန်ရွေးချယ်ခြင်း နှင့် မေးခွန်းတိုအတွက်
>မြန်မာနိုင်ငံ၏ တည်နေရာ
မြန်မာနိုင်ငံသည် အာရှတိုက်၏ အရှေ့တောင်ပိုင်းတွင်ရှိသည်။
မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၀ မိနစ်အထိ၊
အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ်မှ ၁၀၁ ဒီဂရီ ၁၁ မိနစ်အတွင်းတည်ရှိသည်။
လတ္တီတွဒ်ဆိုသည်မှာ ကမ္ဘာ၏ အရှေ့နှင့်အနောက် ဆက်သွယ်သောမျဉ်း။
လောင်ဂျီတွဒ်ဆိုသည်မှာ ကမ္ဘာ၏ တောင်နှင့်မြောက် ဆက်သွယ်သောမျဉ်း။
အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၀မိနစ်ကို ``မြန်မာစံတော်ချိန်မျဉ်း" အဖြစ် သတ်မှတ်ထားပြီး မြန်မာစံတော်ချိန်သည် ဂရင်းနစ် စံတော်ချိန်ထက် ၆နာရီ ၃၀မိနစ် စောသည်။
>မြန်မာနိုင်ငံ၏ အကျယ်အ၀န်း
စတုရန်းမိုင်ပေါင်း - ၂၆၁၂၂၈ မိုင်၊(စတုရန်းကီလိုမီတာ - ၆၇၇၀၀၀ မီတာ)
အရှေ့နှင့်အနောက်အကွာအဝေး - ၅၂၈ မိုင်(၉၃၆ ကီလိုမီတာ)
တောင်နှင့်မြောက်အကွာအဝေး - ၁၂၇၅ မိုင်(၂၀၅၁ ကီလိုမီတာ)
>ပထမမြန်မာနိုင်ငံတော်
အချိန်ကာလ - အေဒီ ၁၀၄၄ မှ ၁၀၇၇ အထိ
တည်ထောင်သူ - အနော်ရထာမင်း(ပုဂံခေတ် - ၅၈ ဆက်)
>ဒုတိယမြန်မာနိုင်ငံတော်
အချိန်ကာလ - အေဒီ ၁၅၅၁ မှ ၁၅၈၁ အထိ
တည်ထောင်သူ - ဘုရင့်နောင်မင်း(တောင်ငူမင်းဆက် - ၄ ဆက်)
>တတိယမြန်မာနိုင်ငံတော်
အချိန်ကာလ - အေဒီ ၁၇၅၂ မှ ၁၇၆၀ အထိ
တည်ထောင်သူ - အလောင်းမင်းတရား(ကုန်းဘောင်မင်းဆက် - ၁၁ ဆက်)
>အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ
ဘကြီးတော်မင်းတရားလက်ထက်၊ ၅.၃.၁၈၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
ရခိုင်နှင့် တနင်္သာရီနယ်မြေများဆုံးရှုံးခဲ့သည်။
>အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ
ပုဂံမင်းလက်ထက်၊ ၅.၄.၁၈၅၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
အောက်မြန်မာနိုင်ငံတစ်ခုလုံး အပါအ၀င် အထက်မြန်မာနိုင်ငံ မြေထဲမြို့အထိ ဆုံးရှုံးခဲ့သည်။
>အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ
သီပေါမင်းလက်ထက်၊ ၁၁.၁၁.၁၈၈၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက် ရောက်ရှိခဲ့သည်။
>ရှေးခေတ်မြန်မာမင်းဆက်များ
ပထမတကောင်းမင်းဆက် - ၃၃ ဆက်
ဒုတိယတကောင်းမင်းဆက် - ၁၇ ဆက်
သရေခေတ္တရာမင်းဆက် - ၂၇ ဆက်
ပုဂံမင်းဆက် - ၅၅ ဆက်
ပင်းယမင်းဆက် - ၆ ဆက်
စစ်ကိုင်းမင်းဆက် - ၇ ဆက်
အင်း၀မင်းဆက် - ၁၇ ဆက်
တောင်ငူမင်းဆက် - ၃၄ ဆက်
ဟံသာ၀တီမင်းဆက် - ၁၁ ဆက်
ညောင်ရမ်းမင်းဆက် - ၁၀ ဆက်
ကုန်းဘောင်မင်းဆက် - ၁၁ ဆက်
>ကန္နီစာချုပ်
၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် သီရိလင်္ကာနိုင်ငံ ကန္နီမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် လော့ဝူ၀ီမောင့်ဘက်တန်တို့ ချုပ်ဆိုခဲ့ကြသည့် စာချုပ်ဖြစ်သည်။
>အောင်ဆန်း-အက်တလီစာချုပ်
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အမှတ်(၁၀)ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ၀န်ကြီးချုပ် အိမ်တော်၌ ဗြိတိသျှ၀န်ကြီးချုပ် မစ္စတာအက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်သည်။
>ပင်လုံစာချုပ်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တိုင်းရင်းသားလူမျိုးများအားလုံး သွေးစည်းညီညွတ်ခြင်း အထိမ်းအမှတ်အဖြစ် ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်သည်။
ပင်လုံစာချုပ်တွင် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦး လက်မှတ်ထိုးခဲ့ကြပါသည်။
>လက်ျာ-ဖရီးမင်းစာချုပ်
၁၉၄၇ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် တပ်မတော်အနာဂတ်အရေးအတွက် ဗမာ့တပ်မတော်ကာကွယ်ရေး၀န်ကြီး ဗိုလ်လက်ျာနှင့် ဗြိတိသျှတို့ဘက်မှ မစ္စတာဖရီးမင်းတို့ ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်သည်။
>နု-အက်တလီစာချုပ်
၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဗြိတိသျှ၀န်ကြီးချုပ် မစ္စတာအက်တလီနှင့် ၀န်ကြီးချုပ် ဦးနုတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်သည်။
>ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံနှင့် အလံ၏ အဓိပ္ပါယ်
- ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက် တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြန်မာနိုင်ငံတော်အလံကို ပြောင်းလဲခဲ့သည်။
- နိုင်ငံတော်အလံသစ်မှာ “ထောင့်မှန်စတုဂံပုံ” ဖြစ်ပြီး “အလျား ၉ ပေ၊ အနံ ၆ ပေ” ရှိသည်။
- အောက်ခံအရောင်မှာ “အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်” တို့ ဖြစ်သည်။
- အောက်ခံအရောင်သုံးရောင်မှာ အလံတော်၏ အနံဖြစ်သော ၆ ပေ ကို “သုံးပုံတစ်ပုံ”စီ အညီအမျှရှိသည်။
- အောက်ခံအရောင်သုံးရောင်၏ အပေါ်မှာ ရောင်ခြည်လက်တံ ငါးခုပါသော ကြယ်ဖြူကြီးတစ်လုံးရှိသည်။
- အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဥာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
- အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝြခင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလမ်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
- အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
- ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝြခင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။
- နိုင်ငံတော်အလံသစ်ကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းမှစတင်၍ တစ်နိုင်ငံလုံးရှိ အစိုးရရုံးများနှင့် ကျောင်းများတွင် စတင်လွှင့်ထူခဲ့သည်။
>နိုင်ငံတော်အလံဥပဒေ
- နိုင်ငံတော်အလံဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၇၊ ပုဒ်မခွဲ (က)တွင် ပြဌာန်းထားသော အလံကို ဆိုသည်။
- နိုင်ငံတော်အလံဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ပြဌာန်းထားသည်။
>နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသား
- နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံ ပါရှိသည်။
- အရွက် ၁၄ ရွက်စီပါသော သပြေခက်များသည် မြေပုံ၏ တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။
- သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာခြင်္သေ့တစ်စီးစီရှိသည်။
- လက်ဝဲဘက်မှ ခြင်္သေ့သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်မှ ခြင်္သေ့သည် လက်ယာဘက်သို့လည်းကောင်း မျက်နှာမူလျက်ရှိသည်။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော စာတန်းကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် အောက်ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။
- ပြည်ထောင်စုဟူသော စာတန်းကို လက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း၊ သမ္မတဟူသော စာတန်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံအောက်ရှိ အလယ်ဗဟိုတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဟူသော စာတန်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း ထားရှိသည်။
- နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ကြယ်လက်တံ ငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
- ကြယ်၏ တစ်ဖက်တစ်ချက်တွင် မြန်မာ့ပန်းပုံသဏ္ဍာန် ပန်းခက်ပြားရှိသည်။
>နိုင်ငံတော်အင်္ဂါလေးရပ်
၁။အုပ်ချုပ်သည့်အစိုးရ
၂။နယ်နိမိတ်
၃။နိုင်ငံသား
၄။အချုပ်အခြာအာဏာ
>နိုင်ငံတော်အချုပ်အခြာအာဏာသုံးရပ်
၁။ဥပဒေပြုရေးအာဏာ
၂။အုပ်ချုပ်ရေးအာဏာ
၃။တရားစီရင်ရေးအာဏာ
(အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သည်။ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွတ်တော် နာယက/အမျိုးသားလွတ်တော်ဥက္ကဌ မန်း၀င်းခိုင်သန်း ဦးဆောင်သည်။ တရားစီရင်ရေးအာဏာကို နိုင်ငံတော်တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည်။)(သက်တမ်းအရ အပြောင်းအလဲရှိသည်။)
>မဏ္ဍိုင်လေးရပ်
၁။ဥပဒေပြုရေးမဏ္ဍိုင်
၂။အုပ်ချုပ်ရေးမဏ္ဍိုင်
၃။တရားစီရင်ရေးမဏ္ဍိုင်
၄။မီဒီယာမဏ္ဍိုင်
>တရားစီရင်ရေးမူသုံးခု
၁။ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး
၂။ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး
၃။အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး
>နိုင်ငံတော်၏ အခြေခံမူ ၆ချက်
(က)ပြည်ထောင်စုမပြိုကွဲရေး
(ခ)တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
(ဂ)အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
(ဃ)စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး
(င)နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
(စ)နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါ၀င်ထမ်းဆောင်နိုင်ရေး
>နိုင်ငံတော်ရည်မှန်းချက် လေးရပ်
၁။အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်သော ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုကြီး ဖြစ်တည်လာစေရေးကို အထောက်အပံ့ဖြစ်စေသည့် မူဝါဒအဖြစ် ကျင့်သုံးရန်။
၂။တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတတ်လာစေသည့် စီးပွားရေး အခြေအနေကောင်းများရရှိရေး ဆောင်ရွက်ရန်။
၃။နိုင်ငံတော်အတွက် အဖက်ဖက်မှ စွမ်းရည်ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော စီးပွားရေးမူဝါဒအဖြစ် ကျင့်သုံးရန်။
၄။နိုင်ငံသားအားလုံးပူးပေါင်းပါဝင်နိုင်ပြီး တီထွင်ဆန်းသစ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် တိုးတတ်မှုရလဒ်ကောင်းများကို အစဉ်အဆက် ရယူထိန်းသိမ်းနိုင်မည့် စီးပွားရေးစနစ်တစ်ခုအဖြစ် ထူထောင်ရန်။
>မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ
(က)၁၉၄၇ ခုနှစ် အခြေခံဥပဒေ
(ခ)၁၉၇၄ ခုနှစ် အခြေခံဥပဒေ
(ဂ)၂၀၀၈ ခုနှစ် အခြေခံဥပဒေ
>ရာသီဥတု(၃)မျိုး
နွေရာသီ - မတ်လ မှ မေလအထိ
မိုးရာသီ - မေလမှ အောက်တိုဘာလအထိ
ဆောင်းရာသီ - နို၀င်ဘာလမှ ဖေဖော်ဝါရီလအထိ
>မြန်မာနိုင်ငံ၏ လူဦးရေ
မြန်မာနိုင်ငံ၏ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ အရေအတွက် - ၅၁.၄၉ သန်း
(မြို့ပြလူဦးရေ - ၂၉.၆ ရာခိုင်နှုန်း၊ ကျေးလက်နေလူဦးရေ - ၇၀.၄ ရာခိုင်နှုန်း)
မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းမှာ - ၅၃.၃၉ သန်း
>ငွေကြေး
ကျပ် ၊ ပြား (တစ်ကျပ် = ပြားတစ်ရာ )
>ဘဏ္ဍာနှစ်
အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ
>မြန်မာနိုင်ငံ၏ အစွန်ဆုံးမြို့များ
မြောက်ဘက် - ပန်နန်းဒင်မြို့(နောင်မွန်မြို့နယ်၊ ပူတာအိုခရိုင်၊ ကချင်ပြည်နယ်)
တောင်ဘက် - ကော့သောင်းမြို့(ကော့သောင်းမြို့နယ်၊ ကော့သောင်းခရိုင်၊ တနင်္သာရီတိုင်း)
အရှေ့ဘက် - မိုင်းယောင်းမြို့(မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်ခရိုင်၊ ရှမ်းပြည်နယ်)
အနောက်ဘက် - မောင်တောမြို့(မောင်တောမြို့နယ်၊ မောင်တောခရိုင်၊ ရခိုင်ပြည်နယ်)
>မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ
မြောက်ဘက်နှင့်အရှေ့မြောက်ဘက် - တရုတ်နိုင်ငံ
အရှေ့ဘက်နှင့် အရှေ့တောင်ဘက် - လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ
အနောက်ဘက် - ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ အိန္ဒိယနိုင်ငံ
တောင်ဘက်တွင် - ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်
>မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်မှုအကွာအဝေး
(က)တရုတ်နိုင်ငံ - ၁၃၈၄ မိုင်(၂၂၂၆.၈၅ ကီလိုမီတာ)
(ခ)လာအိုနိုင်ငံ - ၁၃၉ မိုင်(၂၃၄.၉၁ ကီလိုမီတာ)
(ဂ)ထိုင်းနိုင်ငံ - ၁၃၀၄ မိုင်(၂၀၉၈.၁၄ ကီလိုမီတာ)
(ဃ)ဘင်္ဂလားဒေ့ရ်ှနိုင်ငံ - ၁၆၉ မိုင်(၂၇၁.၉၂ ကီလိုမီတာ)
(င)အိန္ဒိယနိုင်ငံ - ၉၀၃ မိုင်(၁၄၅၂.၉၃ ကီလိုမီတာ)
>မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းနှင့် ရေပိုင်နက်
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းအရှည် - ၁၃၈၅ မိုင်
(က)ရခိုင်ကမ်းရိုးတန်း (နတ်မြစ်၀မှ မော်တင်စွန်းအထိ) - ၄၄၃မိုင်
(ခ)(မုတ္တမ)ဧရာ၀တီကမ်းရိုးတန်း (မော်တင်စွန်းမှ ရန်ကုန်အထိ) - ၂၇၂ မိုင်
(ဂ)တနင်္သာရီကမ်းရိုးတန်း (ရန်ကုန်မှ ကော့သောင်းအထိ) - ၆၇၀ မိုင်
>မြန်မာနိုင်ငံ၏ ရေပိုင်နက်
(က)ပိုင်နက်ပင်လယ် - ၁၂မိုင်(ရေမိုင်)
(ခ)ဆက်စပ်ဇုန် - ၂၄မိုင်(ရေမိုင်)
(ဂ)သီးသန့်စီးပွားရေးဇုန် - ၂၀၀မိုင်(ရေမိုင်)
>မြန်မာနိုင်ငံ၏ ထင်ရှားသောမြစ်ကြီးများ
(က)ဧရာဝတီ - ၁၂၅၀ မိုင်
(ခ)သံလွင် - ၇၉၅ မိုင်
(ဂ)ချင်းတွင်း - ၇၁၇ မိုင်
(ဃ)စစ်တောင်း - ၂၆၂ မိုင်
>ဧရာဝတီမြစ်၏မြစ်ကျဉ်း(၄)ခု
(က)ပထမမြစ်ကျဉ်း ဆင်ဘိုရွာ
(ခ)ဒုတိယမြစ်ကျဉ်း ဗန်းမော်မြို့အထက် ရွှေကူဒေသအကြား
(ဂ)တတိယမြစ်ကျဉ်း သပိတ်ကျင်း
(ဃ)စတုတ္ထမြစ်ကျဉ်း ပြည်မြို့အထက်
>ဧရာဝတီမြစ်၏ မြစ်လက်တက်ခွဲများ - ငဝန်မြစ်၊ ရွေးမြစ်၊ ဘိုကလေးမြစ်၊ ပြန်မလော့မြစ်၊ သက်ကယ်သောင်မြစ်၊ ဖျာပုံမြစ်၊ တိုးမြစ်၊ သံဒိမြစ်၊ ပြင်စလူမြစ်။
>ချင်းတွင်းမြစ်၏မြစ်လက်တက်ခွဲများ - မြစ်သာမြစ်၊ ယူးမြစ် ၊ဥရုမြစ်
>စစ်တောင်းမြစ်၏မြစ်လက်တက်ခွဲများ - ခပေါင်းမြစ် ၊ရွှေကျင်မြစ် ၊ ရဲနွယ်မြစ်၊ ငလိုက်မြစ်
>သံလွင်မြစ်၏မြစ်လက်တက်ခွဲများ - သောင်ရင်းမြစ်၊ ဟောင်သရောမြစ်၊ အတ္တရံမြစ်
>တောင်မှမြောက်စီးဆင်းသောမြစ်များ
သောင်ရင်းမြစ်၊ ဂျိုင်းမြစ်၊ အတ္တရံမြစ်၊ မြစ်သာမြစ်၊ ဇော်ဂျီမြစ်၊ တနင်္သာရီမြစ်
>မြန်မာနိုင်ငံရှိ အစွန်ဆုံးမြစ်များ
မြောက်ဘက် - မေခနှင့်မလိခ
တောင်ဘက် - ပါချန်မြစ်
အရှေ့ဘက် - မဲခေါင်မြစ်
အနောက်ဘက် - နတ်မြစ်
>မြန်မာနိုင်ငံရှိ တူးမြောင်းများ
(က)ပဲခူးစစ်တောင်းတူးမြောင်း - ၃၈မိုင်
(ပဲခူးမြစ်နှင့်စစ်တောင်းမြစ်ကိုဆက်သွယ်ထားသည်)
(ခ)တွံတေးတူးမြောင်း - ၂၁ မိုင်
(ရန်ကုန်မြစ်နှင့်တိုးမြစ်ကိုဆက်သွယ်ထားသည်။ ၁၈၈၃ ခုနှစ် မေလတွင် ဖွင့်လှစ်)
>မြန်မာနိုင်ငံရှိ အိုင်ကြီးများ(ရေချိုအိုင်များ)
အကြီးဆုံး - အင်းတောင်ကြီးအိုင် (ကချင်ပြည်နယ်)
ဒုတိယအကြီးဆုံး - အင်းလေးအိုင် (ရှမ်းပြည်နယ်)
>မြန်မာ့ ရမ်ဆာရေဝပ်ဒေသကြီးများ
(က) မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
(ခ)အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
(ဂ) မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
(ဃ) မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းဒေသ
>မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထွတ်
ခါကာဘိုရာဇီ - ၁၉၂၉၆ ပေ၊ ကချင်ပြည်နယ်၊
>မြန်မာနိုင်ငံ၏ အမြင့်ဆုံးမြို့
ဖလမ်းမြို့(ပင်လယ်ရေမျက်နှာပြင်အထက် - ၅၂၈၃ ပေ)၊ နောင်မွန်းမြို့။
>မြန်မာနိုင်ငံရှိ ထင်ရှားသောတောင်များ
(က)ခါကာဘိုရာဇီတောင် - ၁၉၂၉၆ ပေ (ကချင်-ပန်နန်းဒင်မြို့)
(ခ)ဂမ်လန်ရာဇီတောင် - ၁၉၁၄၂ ပေ (ကချင်ပြည်နယ်)
(ဂ)စာရာမေတိတောင် - ၁၂၅၅၃ ပေ (စစ်ကိုင်းတိုင်း)
(ဃ)ဝိတိုရိယတောင် - ၁၀၂၀၀ ပေ (ချင်းပြည်နယ်)
>မြန်မာနိုင်ငံရှိ ရိုးမတောင်တန်းကြီးများ
(က)ရခိုင်ရိုးမတောင်တန်း
(ခ)တနင်္သာရီရိုးမတောင်တန်း
(ဂ)ပဲခူးရိုးမတောင်တန်း
>မြန်မာနိုင်ငံရှိ ကုန်းမြင့်ဒေသကြီးများ
(က)အနောက်ဘက်တောင်ကုန်းဒေသ
(ခ)မြောက်ဘက်တောင်ကုန်းဒေသ
(ဂ)ရှမ်းကုန်းမြင့်ဒေသ
>ကမ္ဘာ့အမွေအနှစ်စာရင်း၀င်သည့် မြို့ဟောင်းကြီး ၃ မြို့
(က)ဟန်လင်း
(ခ)ဗိဿနိုး
(ဂ)သရခေတ်ေတရာ
>ထင်ရှားသော ပင်လယ်ကမ်းခြေများ
(က)ကမ်းသာယာကမ်းခြေ (ရခိုင်ပြည်နယ်)
(ခ)ငပလီကမ်းခြေ (ရခိုင်ပြည်နယ်)
(ဂ)ချောင်းသာကမ်းခြေ (ဧရာ၀တီတိုင်း)
(ဃ)ငွေဆောင်ကမ်းခြေ (ဧရာ၀တီတိုင်း)
(င)စက်စဲကမ်းခြေ (မွန်ပြည်နယ်)
(စ)မောင်းမကန်ကမ်းခြေ (တနင်္သာရီတိုင်း)
(ဆ)လက်ခုပ်ကုန်းကမ်းခြေ (ရန်ကုန်တိုင်း)
>မြန်မာနိုင်ငံရှိ ကျွန်းစုကြီးများ
ရမ်းဗြဲကျွန်း (အကြီးဆုံး၊ ရခိုင်ပြည်နယ်)၊ ကိုကိုးကျွန်းစု၊ မြိတ်ကျွန်းစု၊ မာန်အောင်ကျွန်းစု။
>မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ဒေသ(၃)ခု
(က)ကျောက်ဖြူအထူးစီးပွားရေးဇုန်(ရခိုင်) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်နိုင်ငံ - တရုတ်နိုင်ငံ
(ခ)ထားဝယ်အထူးစီးပွားရေးဇုန်(တနင်္သာရီ) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်နိုင်ငံ - ထိုင်းနိုင်ငံ
(ဂ)သီလဝါအထူးစီးပွားရေးဇုန်(ရန်ကုန်) နှင့် အဓိကရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံ - ဂျပန်နိုင်ငံ
>မြန်မာ့ရေနက်ဆိပ်ကမ်းကြီးများ
(က)ထား၀ယ်ရေနက်ဆိပ်ကမ်း
(ခ)ပုသိမ်ရေနက်ဆိပ်ကမ်း
(ဂ)ကျောက်ဖြူရေနက်ဆိပ်ကမ်း
(ဃ)ကုလားဂုတ်ရေနက်ဆိပ်ကမ်း
(င)ဘုတ်ပြင်းရေနက်ဆိပ်ကမ်း
>မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များ
(က)နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်
(ခ)မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်
(ဂ)ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်
>မြန်မာနိုင်ငံရှိ မီးပြတိုက်(၈)ခု
စစ်တွေမီးပြတိုက်၊ မာန်အောင်မီးပြတိုက်၊ သံတွဲမီးပြတိုက်၊ ကျောက်ဖြူမီးပြတိုက်၊ ပုသိမ်မီးပြတိုက်၊ မြိတ်မီးပြတိုက်၊ သီလဝါမီးပြတိုက်၊ ကျိုက္ခမီမီးပြတိုက်။
>မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ - ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့
>မီးတောင်သေဒေသများ - ပုပ္ပါး၊ ကောလင်း၊ ဝန်းသို၊ မုံရွာ။
>မြောက်ယဉ်စွန်းတန်းကို ဖြတ်သန်းသွားသောမြို့များ - တီးတိန်မြို့၊ တကောင်းမြို့၊ ကွတ်ခိုင်မြို့။
>အရှေ့တောင်အာရှမှာ ရေခဲတောင်တွေရှိတဲ့နိုင်ငံ - မြန်မာနိုင်ငံ
>မြန်မာနိုင်ငံတွင် ပထမဆုံးမီးရထားလမ်းမှာ - ရန်ကုန်-ပြည် မီးရထားလမ်း
>မြန်မာနိုင်ငံ၏ အရှည်ဆုံးတံတား - ဧရာဝတီတံတား(ပခုက္ကူ)(၁၁၄၃၁ ပေ၊ ၂၀၁၁ ဒီဇင်ဘာလ ၃၁ ရက်ကဖွင့်လှစ်)
> မြန်မာနိုင်ငံ၏ အရှည်ဆုံးလမ်းမကြီး - ပုသိမ်-မုံရွာလမ်းမကြီး(၄၅၀ မိုင်၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်ကဖွင့်လှစ်)
>မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် - ရန်ကုန်မြို့
>မြန်မာနိုင်ငံရှိ အမြင့်ဆုံးတံတား - ဂုတ်ထိပ်တံတား၊ ၂၂၆၀ ပေ(မန္တလေး-လားရှိုးလမ်း)
>လက်ရှိကျင့်သုံးနေသော အခြေခံပညာရေးစနစ် - KG + 12
>မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ-စပ်ရွှေသိုက်
>မြန်မာနိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ်-ဦးနု
>Burma မှ Myanmarသို့ပြောင်းသည့်ရက် ၁၈.၆.၁၉၈၉
>မြန်မာနိုင်ငံ၏မြို့တော်ကိုနေပြည်တော်ဟုသတ်မှတ်ခဲ့သည့်ရက် - ၂၇ ရက် မတ်လ ၂၀၀၆ ခုနှစ်
>အောင်ဘာလေသိန်းစုဌာနခွဲက(၁)ကြိမ်မြောက်၅၀၀ကျပ်တန်ထီလက်မှတ် စတင်ရောင်းချရက် -၂၀၁၇ မတ်လ ၁ရက်
>မြန်မာနိုင်ငံသို့၀င်လာသော မျိုးနွယ်စု(၂)ခု - မွန်ဗမာ၊ တိဘက်မြန်မာ။
>ရှေးခတ်မြို့ပြများ - တကောင်း၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိ၊ သရေခေတ္တရာ၊ ဗိသနိုး။
>တိုင်းရင်းသားလူမျိုးပေါင်း - ၁၃၅မျိုး(ရခိုင် ၇ မျိုး၊ ရှမ်း ၃၃ မျိုး၊ ကချင် ၁၂ မျိုး၊ ကယား ၉ မျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာ ၉ မျိုး၊ မွန် ၁ မျိုး)
>ေ၇ွှဘိုမြို့၏နာမည်(၅)မျိုး - မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ
>မြန်မာပြည်ဗဟိုလ်(အလယ်)တည့်တည့်မြို့ - မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့။
>မြန်မာနိုင်ငံ၏ပထမဆုံးမင်း - တကောင်းအဘိရာဇာ
>ကုန်းဘောင်မင်းဆက်နောက်ဆုံးမင်း - သီပေါမင်း
>ပထမဆုံးရေမြုပ်ဗုံးတီထွင်သူ - ကနောင်မင်းသားကြီး
>မြန်မာနိုင်ငံပထမဆုံးသာသနာထွန်းကားစေသူ - အနော်ရထာ
>အင်္ဂလိပ်မြန်မာအဘိဓာန်စတင်ရေးသားသူ - မက္ခရာမင်းသားကြီး
>မြန်မာနိုင်ငံငွေဒင်္ဂါးစတင်အသုံးပြုသောမင်း - မင်းတုန်းမင်း
>အင်္ဂလိပ်မြန်မာစစ်ပွဲတွင်ထင်ရှားသောခံတပ်များ - ဓနုဖြူ၊ မင်းလှ၊ ဂွေးချောင်း၊ သပြေတန်း၊ အစေခံ။
>အင်္ဂလိပ်မြန်မာစစ်ပွဲများ - ပထမအကြိမ် ၁၈၂၄ ခုနှစ်၊ ဒုတိယအကြိမ် ၁၈၅၂ ခုနှစ်၊ တတိယအကြိမ် ၁၈၈၅ ခုနှစ်။
>မြန်မာနိုင်ငံပထမဆုံးအုပ်ချုပ်သည့်ဘုရင်ခံ - လော့ဒပ်ဖရင်
>မြန်မာနိုင်ငံနောက်ဆုံးအုပ်ချုပ်သည့်ဘုရင်ခံ - ဆာဟူးဘက်ရန့်
>မြန်မာနိုင်ငံ၏ပထမဆုံးကာလပေါ်ဝတ္ထု - မောင်ရင်မောင်မမယ်မ(ဂျိမ်းလှကျော်)
>မြန်မာနိုင်ငံပထမဆုံးစာပေဗိမာန်ဆု - စာရေးဆရာ မင်းအောင်(မိုးအောက်မြေပြင်)
>ပထမဆုံးစာပေတသက်တာဆုရှင် - စည်သူဦးလှကျော်(ဆရာပါရဂူ)
>စစ်သူကြီးမဟာဗန္ဓုလကျဆုံးခဲ့သည့်တိုက်ပွဲ - ဓနုဖြူတိုက်ပွဲ