BIMSTEC (ဘင်းမ်စတက်)

Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း (၅)နိုင်ငံပါဝင်သော အဖွဲ့အစည်းကြီးဖြစ်သည်။
၁၉၉၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။
၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါသည်။
အဓိက ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတတ်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အာဆီယံကဲ့သို့ အရေးပါသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ယခုအခါတွင် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံ ဖြစ်လာခဲ့ပါသည်။ 
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်၊ နီပေါ တို့ဖြစ်ကျသည်။
၂၀၀၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးမှ အဖွဲ့ဝင်အခေါ်အဝေါ်အား ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော် ဦးစီးဦးဆောင်ပြုမှု အစီအစဉ် (BIMSTEC - Bengal Bay of Initiative for Multi-Sectoral Technical and Economic Cooperation) ဟု ပြောင်းလဲခေါ်ဝေါ်ရန် သဘောတူညီခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃၀/၃၁) ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နှစ်စဉ်ညီလာခံကို ကျင်းပခဲ့သည်။
နိုင်ငံတကာ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတို့ကို တိုက်ဖျက်ရာ၌ ဘင်းမ်းစတက် ပူးပေါင်းဆောင်ရွက်မှု ကွန်ဗင်းရှင်းအား ဆောလျင်စွာ အတည်ပြုနိုင်ရေးနှင့် အာဏာသက်ဝင်မှုရှိစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးအား တိုက်တွန်းပြီး မှုခင်းဆိုင်ရာကိစ္စရပ်များ၌ အပြန်အလှန် အကူအညီပေးမှုဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းအား ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် သဘောတူညီကျသည်။
အောက်ပါ ဘင်းမ်စတက် စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ကြိုဆိုကြသည်။
(က)ဘင်းမ်စတက် အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံးတည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
(ခ)ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ယဉ်ကျေးမှုလုပ်ငန်းများ ကော်မရှင်နှင့် ယဉ်ကျေးမှုလုပ်ငန်းများ လေ့လာရေးဌာန တည်ထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
(ဂ)ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအတွင်း မိုးလေဝသနှင့် ရာသီဥတုဌာန ထူထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ

ဘင်းမ်းစတက် အဖွဲ့ အလှည့်ကျဥက္ကဋ္ဌ - နီပေါနိုင်ငံ
ဘင်းမ်စတက်၏ ပထမဆုံးအတွင်းရေးမှူးချုပ် - မစ္စတာ ဆုမစ်နကန်ဒါလ( Sumith Nakandala) သီရိလင်္ကာနိုင်ငံသံအမတ်ကြီး
အတွင်းရေးမှူးချုပ်သက်တမ်း - ၃ နှစ်
အတွင်းရေးမှူးချုပ်ရုံး - ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ဒါကာမြို့

ဘင်းမ်စတက် စီမံကိန်း ၈ ခု
၁။ဘင်းမ်စတက် စီးပွားရေးဖိုရမ် တည်ထောင်ရေး
၂။ချည်မျှင်၊ အထည်အလိပ်၊ ဆေးဝါး၊ ကျောက်မျက်ရတနာ၊ သစ်သီးဝလံ၊ ပန်းမာန်နှင့် သတင်းဖြန့်ချိရေးနည်းပညာ စသည့် ကဏ္ဍ ၅ ရပ်တွင် ကုန်သွယ်မှုမြှင့်တင်ရေး
၃။အကောက်ခွန် မဟုတ်သော အတားအဆီးများဖယ်ရှားရေး၊ စျေးကွက်ရရှိရေးနှင့် ကုန်သွယ်မှုသက်သာခွင့်ပေးရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး
၄။နည်းပညာလွှဲပြောင်းရေးနှင့် နည်းပညာစွမ်းရည် တည်ဆောက်ရေး
၅။ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုဖြည့်တင်းပေးရေး
၆။သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်၊ လေ၊ ရေနှင့် ဒီရေလှိုင်းစွမ်းအားတို့နှင့်ပတ်သက်၍ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး
၇။ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး
၈။ရေလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး တို့ ဖြစ်ကြသည်။

၂၀၀၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက်ဝန်ကြီးအဆင့် အစည်းအဝေးပွဲတွင် ဘင်းမ်စတက်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍ ၆ ရပ်ဖြင့် ဦးဆောင်နိုင်ငံများ သတ်မှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
၁။ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု - ဘင်္ဂလားဒေ့ရှ်
၂။နည်းပညာ - သီရိလင်္ကာ
၃။ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး - အိန္ဒိယ
၄။စွမ်းအင် - မြန်မာ
၅။ခရီးသွားလုပ်ငန်း - အိန္ဒိယ
၆။ရေလုပ်ငန်း - ထိုင်း

၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အစည်းအဝေးလက်ခံကျင်းပသည်။
ပထမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို ၂၀၀၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။
ဒုတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့သည်။
တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို ၂၀၁၄ မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကျင်းပခဲ့သည်။
စတုတ္ထအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ အောက်နိုဘာလ ၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ကျင်းပခဲ့သည်။

**Crd LuGyi