" စကား မများပါနှင့် "
😷⚠😷⚠😷⚠😷
. မိမိစကားကြောင့် မိမိ ဒုက္ခမရောက်ရအောင်
မလိုအပ်ဘဲ စကားတွေပြောတာကို ရှောင်ဖို့လိုပါတယ် … !
. စကားများတာဟာ မကောင်းပါဘူး … !
. စကားများရင် အမှားများတတ်တယ် … !
. " ဗဟုဘာဏိသုတ် " (အင်္ဂုတ္တိုရ်) မှာ စကားများခြင်းအပြစ်ကို ငါးမျိုးတောင် ဟောထားတယ် … !
(၁). မဟုတ်မမှန်တာကို ပြောမိတတ်တယ် … !
ပြောပါများတော့ …
အပိုအလိုတွေ ပါကုန်တယ် … !
(၂). ကုန်းစကားကို ပြောမိတတ်တယ် … !
ငါက မင်းကို ပိုခင်ပါတယ်ဆိုတာ …
သိစေချင်တော့ …
သူများရဲ့မကောင်းကြောင်း ပြောရင်း …
“သူတို့က မင်းအပေါ် ကောင်းတာ မဟုတ်ဘူး”စသဖြင့်, ကုန်းစကား ဖြစ်မှန်းမသိ ဖြစ်သွားတတ်တယ် … !
(၃). ရုန်းရင်း ကြမ်းတမ်းသော စကားကို ပြောမိတတ်တယ် … !
ပြောရင်းပြောရင်းနှင့် စိတ်ပါသွားပြီး …
စိတ်လိုက်မာန်ပါဖြစ်ကာ …
ဆဲရေးရိုင်းပြတဲ့ …
စကားကြမ်းတွေ ပြောမိတတ်တယ် … !
(၄). ပြိန်ဖျင်းသောစကားကို ပြောမိတတ်တယ် … !
စကားများပြီ ဆိုမှတော့ …
အကျိုးမရှိ ပြိန်ဖျင်းတာက …
ပါတာပဲ များတယ် … !
(၅). သေပြီးသည့်နောက် အပါယ်ငရဲကို ကျရောက် ရတတ်တယ် … !
စကားက မှားရင် မှားသလောက် …
သူတစ်ပါးကိုထိခိုက်ရင် …
ထိခိုက်သလောက် …
ပေးဆပ်ရတတ်တယ် … !
. ဒါကြောင့် …
ကိုယ့်စကားကြောင့် ကိုယ် ဒုက္ခမရောက်ရအောင် စကားပြောမယ်ဆိုရင် သတိထားပြီး ထိန်းထိန်းသိမ်းသိမ်း ပြောသင့်တယ် … ❗

