ဟို ရှေ့က......ဆူညံ......ဆူညံ
ဘာသံလို့ .....မေး.....မေး
ယိမ်းသမလေးတွေ..... ကခုန်ကြတဲ့
သင်္ကြန်ယိမ်းပြိုင်ပွဲတဲ့လေး.....လေး
သံချပ်-
[ ယိမ်းသမလေးတွေ.........ယိမ်းသမလေးတွေ
ကခုန်ကြတာ.........ညီညီညာညာ
ပတ်မကြီးက....... ဗေဗေထိ
စည်းချက်ဝါးချက် ညီပါ၏
အားပေးကြသူ..... တစ်ပြုံးပြုံး
လက်ခုတ်သံက....ဆူညံမဆုံး
ဒီသင်္ကြန်က အလှဆုံး]

