# ပန်းပိတောက်လေးတွေ ဖူးပွင့်တာ
သင်္ကြန်ဒီချိန်ခါ။
# ပင်ယံထက်မှ တင့်တယ်စွ
ပိတောက်ပန်းရနံ့လေး သင်းကြိုင်လှ။
# ဟိုရှေ့နားက အပျိုငယ်
ပိတောက်ပန်းလေးနှင့် လှပါတယ်။
# ပက်ခွင့်တောင်းကာ ရေစင်ဖြန်း
သူ့ခမျှာမှာ ရှက်သွေးဖြန်း။
# မရှက်ပါနှင့် မလေးရယ်
သင်္ကြန်ချိန်မို့ လောင်းပါတယ်။
# မကျေနပ်က ပြန်လောင်းစမ်း
သူတစ်ခွက် ကိုယ်တစ်ခွက်
ပက်ကာဖြန်း။
သင်္ကြန်ချိန်လေ ပျော်ရွင်လန်း။
(ဇေယျတု)

