မမက က

ညီမလေးက လက်ခုပ်တီး
မောင်လေးက ခုံတွေကို ပတ်ဝိုင်းလို့
ပါးစပ်ဆိုင်းနှင့်တီး။

စည်းဝါးကျန ၊ မမက လက်ချိုးက
ကိုယ်ဟန်ယိမ်းကာ ခြေရှေ့တိုး
ပါးစပ်ဆိုင်းက ဗေတိုးတိုး။

မောင်နှမများစုံလင်စွာ အိမ်သင်္ကြန်ပွဲလေးပါ
မိဘများက ပျော်ရွင်မဆုံး
ဒီသင်္ကြန်ပွဲ အလှဆုံး။