ဝမ်းနည်းပါကြောင်း
✡✡✡✡✡✡✡✡✡✡✡
လမ်းဖောက်တော့ သူမပါ၊
လမ်းပြင်လည်း သူမရောက်၊
ဖြူးဖြောင့်စွာ လမ်းပြေချောတော့...
ကျော့ကျော့လေးလျောက်။
.
.
ကန်တူးရာ သူမပါ၊
ကန်ဆည်ရာ သူမရောက်၊
မြကန်သာရေကြည်သန့်မှ၊
ခန့်ခန့်လေးသောက်...။
.
.
ပန်းစိုက်ရာ သူမပါ၊
ပေါင်းသင်ရာ သူမရှိ၊
ပန်းပေါင်းစုံသင်းကြူမွေးတော့....၊
ရွေးပန်ချင်၏...။
.
.
ရပ်ရွာရေး ဆွေးနွေးရာ၊
ဖယ်ရှောင်ခွာ သူမရော၊
သူထင်ရာမြင်အတွေးနှင့်၊
ဘေးထိုင်ဘုပြော။
.
.
လူ့ဘ၀ ခဏတာ၊
မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့...၊
လူပီစွာ ကိုယ့်အမျိုးအတွက်...၊
ကြိုးလိုက်စမ်းပါ။
.
.
သိလျက်နှင့် သွေရှောင်ခွာ၊
ဝေဖန်ကာ အမြင်စောင်း၊
မူမမှန် တယူသန်အတွေးတွေနှင့်...
ကလေးလို အရေးဆိုကြမ်းတာတော့
ဝမ်းနည်းပါကြောင်း..။
(မင်းသုဝဏ်)

