" မြန်မာတို့အတွက် ကဗျာတစ်ပုဒ် " (မင်းသု၀ဏ်)
💬💬💬💬💬💬💬💬💬
'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
အကောင်း, ဆိုးထင် ၊ ဆိုး, ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊
'သူ့'ကို ငါညှိုး ၊ 'ငါ့' သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
ညည်း၍ မပြီး ၊ ညူ, မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊
- ( ဆရာကြီးမင်းသု၀ဏ် )

