
ကျမအိုသွားသောအခါ......
ကျမထက်ငယ်တဲ့မိန်းကလေးတွေ ဘယ်လောက်နုပျိုကြောင်း
ဘယ်လောက်ချောပြီး ချစ်ဖို့ကောင်းကြောင်း
မောင် မပြောပါနဲ့ ...
ကျမရဲ့နုပျိုမှုတွေ မောင့်အတွက်စတေးခဲ့ရတာလေ.. ။
.
ကျမအိုသွားသောအခါ.......
ကျမထက် ပြင်ပြင်ဆင်ဆင်နေတတ်တဲ့မိန်းကလေးတွေ
ဘယ်လောက်စမတ်ကျကြောင်း
မောင် မနှိုင်းယှဉ်ပါနဲ့
ကျမရဲ့အလှပြင်ချိန်တွေလျော့ကုန်တာ မောင့်နဲ့မိသားစုအတွက် ။
.
ကျမအိုသွားသောအခါ....
ကျမကို စိတ်ကုန်လာပြီ ငြိုငြင်လာပြီဆိုတာ
စကားလေးနဲ့တောင်
မောင် မစနောက်ပါနဲ့
မောင်လဲ အဘိုးကြီးဖြစ်နေတာ ကိုယ့်ကိုယ်ကို သိတတ်ပါ ။
.
ကျမ အိုသွားသောအခါ..
ကျမအိုလာသောအခါ...
ကျမအပေါ် ထားတဲ့မောင့်စိတ်တွေ
ပြောင်းလဲခြင်းကို မလိုချင်ဘူး ။
.
အရေပြားအပ်တစ်ထောက်စာ အတွက်
မောင်မက်မောမှာမလိုချင်ဘူးး ။
.
ကျမရဲ့စိတ်ကို ယူပါ။
ကျမရဲ့ နုပျိုမှုတွေကို စီမံ
ကျမရဲ့ အချိန်တွေကို ခန့် ခွဲပါ ။
.
ကျမ အိုသွားသောအခါ.....
ကျမ အိုလာတဲ့အခါ........
မဖောက်မလွဲတဲ့စိတ်ဖြစ်စေမယ့်
တည်မြဲသော ယောကျာ်းကတိ
အခုကတည်းကပေးပါ ။
မောင်အိုမင်းသောအခါ.......
မောင်ဘယ်လောက်ရင့်ရော်နေပြီဆိုတာထက်
မောင်ဘယ်လောက်ရင့်ကျက်လာပြီဆိုတာကို ပြောပြမယ် ။
ကျမအတွက် .. မောင်ဟာ
အမြဲတမ်းလတ်ဆတ်နုပျိုတဲ့ အချစ်တွေရဲ့ သခင်ပဲ မဟုတ်လားး..
ဒါပေမဲ့..
ကျမ ပြောခွင့်သာအောင်
မောင်တကယ်ရင့်ကျက်နေဖို့တော့လိုတယ် ။
.
မောင်အိုမင်းသောခါ..
Smart ကျတဲ့ကောင်လေးတွေထက်
မောင့်ပုံစံက ခန့်ညားနေလိမ့်မယ် ။
ကျမရဲ့အိမ်ထောင့်ဦးဆောင်
အားကိုးထိုက်တဲ့မောင်ပဲလေ.... ။
တကယ်အားကိုးထိုက်အောင်တော့
အခုကတည်းက ရိုးသားကြိုးစားဖို့တော့လိုတယ် ။
.
မောင်အိုမင်းသောခါ...
အဘိုးကြီးမောင့်ကို
အဘွားကြီးကျမက
အရင်လိုပဲချစ်ပေးလို့ ဂရုစိုက်မှာပါ ။
မောင်သာ ကျမအပေါ် သစ္စာရှိ ။
ဆင်းရဲမသွေ ချမ်းသာမလွဲ ဖျားနာမဟူ
အမြဲချစ်နေကြဖို့ သစ္စာတည်ခဲ့ကြတာပဲ မဟုတ်လားး
.
မောင်အိုမင်းသောခါ..
မောင်အိုနာသောခါ..
ကျမရဲ့အချစ် မောင့်အပေါ်မေတ္တာကို
မောင် လုံးဝစိုးရိမ်စရာမလိုဘူး ။
အပေါ်ယံအရေပြားဆိုတာ..
တကယ်တော့ ပကာသန ။
.
မောင်သာ သစ္စာရှိပါ ။
မောင်သာ ဦးဆောင်
ကျမက ပံ့ပိုး
မောင့်ပါရမီဖြည့်ဘက်ဘဝ
မောင်ပဲ့ကိုင်ရာ ကပေးမယ် ။
.
မောင်အိုမင်းသောခါ
မောင် အိုနာသောခါ..
အဘိုးကြီးမောင့်ကို
အဘွားကြီးကျမက
ဗိုက်ပူလဲ ချစ်မယ် ။
တုန်ချိနေရင်လဲ ဂရုစိုက်မယ် ။
ငယ်ရွယ်စဉ်ကထက်ပိုချစ်ပြီးး ဂရုစိုက်မှာ
သေချာယုံကြည်ထားလိုက်ပါ ။
![]() |
| CREDIT: |

