၁။ ထမင်းလုံးတိုင်း၊ ရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲကကျေးဇူးတင်ပါ။
၂။ ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ ပညာနှင့် အစွမ်းသတ္တိကိုသာတောင်းပါ။
၃။ သူငယ်ချင်းအသစ်သည် ကိုယ့်အတွက်လက်ဆောင်ဖြစ်သလို အဟောင်းသည်လည်း မိမိအတွက် တန်ဖိုးမဖြတ်နိုင်ပါ။
၄။ ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင်ဖတ်ပါ။
၅။ မိမိကိုယ်ကိုကောင်းစေချင်လျှင် သူများကိုကောင်းအောင်အရင်ကူညီပေးပါ။
၆။ ``ကျေးဇူးတင်ပါတယ်´´ဆိုသောစကားကို အမြဲများများပြောပေးပါ။
၇။ သူတပါး၏ ရင်ဖွင့်စကား၊ တိုင်ပင်လျှို့ဝှက်စကားတို့အား မိမိအနေဖြင့် ထိန်းသိမ်းပါ။
၈။ ခွင့်လွတ်စိတ်ရှိပါ။
၉။ နားထောင်သည့်အလုပ်ကို ဦးစားပေးပါ။
၁၀။ အမှားရှိလျှင် ဝန်ခံနိုင်ရမည်။
၁၁။ ပြုတ်ကျပါက၊ လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနဲ့။
၁၂။ ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက် လေးနက်မှုရှိလေလေ။
၁၃။ ဓါတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနဲ့။
၁၄။ စျေးဝယ်ကဒ်ကို အကြွေးတင်အောင် ဝယ်မသုံးမိပါစေနဲ့။
၁၅။ တောင်းပန်ရန် ဝန်မလေးပါနဲ့။
၁၆။ မသိပါက မသိကြောင်းဝန်ခံပါ။
၁၇။ ကီလို(၁၀၀၀)မိုင်ထောင်ချီခရီးတွင် ချောမွေ့သည်ဟူ၍ မရှိနိုင်ပါ။
၁၈။ မွေးကတည်းက မည်သူမျှ မပြေးတတ်သေးပါ။ ဒါကြောင့်ဖြေးဖြေးစလုပ်ပါ။
၁၉။ ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့ အတွက်ပါ။ (ဘဝကိုချစ်တဲ့သူ)။
၂၀။ ငွေကိုမချစ်တဲ့သူဟာ ဘဝကိုမချစ်တဲ့သူ။ ကြီးပွားဖို့မမျှော်လင့်သူ။
၂၁။ ရန်သူနှစ်ယောက်မှာ အရင်ရပ်သွားသူက ပညာရှိပါ။
၂၂။ တစ်သက်လုံး အလုပ်လုပ်ရက်မရှိပါက နားရက်တွေပါပဲ။
၂၃။ ပြင်းထန်တဲ့စိတ်ရှိသလို ပျော့တဲ့စိတ်လည်းရှိမယ်၊ ပျော့ကွက်ကို အနိုင်မယူမိပါစေနဲ့။
၂၄။ နားမလည်သူအား နားလည်အောင် ရှင်းပြတတ်ပါစေ။
၂၅။ ငွေအကြွေစေ့တစ်ခုမှာတောင် မျက်နှာနှစ်ဖက်ရှိတယ်။ ဒီလိုဘဲ ဘဝမှာလဲ အနိုင်နှင့် အရှုံးရှိတယ်။
၂၆။ မိမိစိတ်ကို အလိုမလိုက်ပါနဲ့။
၂၈။ အပင်ငယ်တက်ခါစကို မြန်မြန်ကြီးပါစေဆိုပြီး ဆွဲဆန့်ခြင်းမပြုပါနဲ့။ အမြစ်ပါကျွတ်မည်။
၂၉။ မိမိကိုယ်ကို တစ်နေ့သုံးကြိမ်သေရမည်ကိုစဉ်းစားပါ။ အားလုံးပြင်ဆင်ပြီးသားဖြစ်မယ်။
၃၀။ ကြယ်သီးဟာ ပထမတစ်လုံးမှားသည်နှင့် အားလုံးမှားတော့တာပါပဲ။
၃၁။ အလုပ်တစ်ခုကိုပြီးမြောက်ဖို့ရက်ချိန်းတစ်ခုသတ်မှတ်ပါ။
၃၂။ ရေခွက်ထဲမှာ တစ်ဝက်သာရှိသောရေဖြစ်ပါစေ။
၃၃။ ကြယ်နှင့်လဟာ အရမ်းကို မြင့်လွန်းတယ်။ မှီနိုင်လောက်ကိုလှမ်းပါ။
၃၄။ လူ့ဘဝတစ်သက်တာမှာ အလုပ်တွေအများကြီး၊ အရေးကြီးဆုံးကိုသာ အရင်လုပ်ပါ။
၃၅။ စာအုပ်တွေဟာ ကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနှင့် ဗဟုသုတအရဆုံး ပညာရှိတစ်ဆူဖြစ်တယ်။ တစ်လလျှင်တစ်အုပ်ဖတ်နိုင်အောင်ကြိုးစားပါ။
၃၆။ အရာရာသတ်မှတ်ချက်ရှိပါစေ။ ပစ္စည်းတစ်ခုအား ဤနေရာမှာယူပြီးဤနေရာမှာ ထားပါ။ စည်းကမ်းသည် လူ၏တန်ဖိုး။