ကိုကို/မမတွေ ပျော်ရွင်စေဖို့ သံချပ်လေးနှင့် တိုက်ကျွေးပါစို့
သံချပ်
* ထွက်ရှိလာမည့် ဖုန်းကဒ်အကြောင်းလေးပြောပြချင်တယ် ( ဟုတ်ပါမှလည်း ပြောကြပါဦး)
* သောင်းဂဏန်းအောက် လျော့ရောင်းမယ် (ဒီထက် လျော့ရင် ပိုကောင်းတာပေါ့)
* 1000 ဖုန်းကဒ်တွေလာတော့မယ် (မင့်ဟာကလဲဟုတ်ရဲ့လားကွယ်)
* 5000 ဖုန်းကဒ်တွေလာတော့မယ် (ဘယ်သူတွေက ပြောကြလို့လဲ)
* ဟိုလူကြီးက ပြောတယ်လေကွယ် (ဟုတ်လို့လားကွယ် မင့်ကလဲ မင့်ကလဲ၊ လူကြီးပြော
. တာသိပ်ယုံတာပဲ)
* ဟုတ်လို့သာပဲ ထုတ်ပြောတာပေါ့၊ ဟုတ်လို့သာပဲ ကတိပေးတာပေါ့။
. ဧပြီ(1)ရက်မှာ ရောင်းချမယ်ဆို
* ရတော့ရမယ် ခဏတော့စောင့်ဦး
. ဧပြီ(5)မှာ ရောင်းချမယ်ဆို
* ရတော့ရမယ် ဆက်စောင့်လိုက်ဦး
စကားပြော ( ဟာ မင့်ဟာကလဲ)
[ CHO: ဧပြီလမှာ လာမှာလား၊ မေလမှာလာမှာလား၊ သေသေချာချာပြောလိုက်စမ်းပါ။
ဒီနှစ်အတွင်းမှာလာမှာလား၊ နောက်နှစ်မှပဲ လာမှာလား။
စောင့်နေရသူ ရင်မောလှတယ်ကွယ်------------]

