ပိတောက်တွေဖူးတဲ့ လတန်ခူး
ဂိမာန်နှစ်သစ် အခါတော်ဦး။
စိတ္တကြယ်လေး ထွန်းလင်းစွာ
ကောင်းကင်ယံထက်မှာ
မြူကြွကခုန် ဆင်ယဉ်နွဲ
မြန်မာတို့ရဲ့ လထူးပဲ။
တူပို့တေးသံ သာသာယာ
မြိုင်ဆိုင်စွာနှင့် ကကြတာ
ကကွက်ဆန်းတွေ စုံလင်လှ
မြန်မာ့တို့ရဲ့ သင်္ကြန်အကအလှ။
သင်္ကြန်နွေဦးဗျ။

