*ရေခဲမုန့် ဘယ်လောက်လဲ။

*၅၀၀
*ဒီထက် စျေးပေါတာမရှိဘူးလား
*ရှိတယ်။  ၃၀၀တန် ရှိတယ်။
ရေခဲမုန့်ရောင်းနေတဲ့ကောင်လေးက စိတ်မရှည်သလိုပြောလိုက်တယ်။
ရေခဲမုန့်ဝယ်တဲ့ကောင်လေးကိုကြည့်
လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေးတယောက်။
ငွေကြေးတတ်နိုင်တဲ့
အသိုင်းအဝိုင်းကမှန်းသိသာပါတယ်။
ဒါပေမယ့် ကပ်စီးအိုးထင် ပါရဲ့။ စျေးပေါတာကို မေးနေတယ်ဆိုတော့။
မဆီမဆိုင် ဘေးကနေ
ကျွန််မ အကဲဖြတ်နေမိတယ် ။
ရေခဲမုန့်ရောင်းတဲ့
ကောင်လေးကတော့ ခပ်နွမ်းနွမ်းရယ်ပါ။
နောက်အရောင်းအဝယ်ကတည့်သွားပါတယ်။
ကောင် လေးက ၃၀၀ တန်ရေခဲမုန့်ကိုယူလိုက်တယ်။
ပြီးတော့ ဘောင်းဘီအိတ်ထဲက ၅၀၀ တန်တရွက် ထုတ်ပေးတယ်။
ပြီးတော့ ကောင် လေးကစကားတခွန်းပြောတယ်။
ရော့ ၅၀၀ ။၂၀၀ကိုပြန်မအမ်းနဲ့ မင်းယူလိုက်တော့ ငါတို့ကစားနေချိန်မှာ
မင်းက စျေးရောင်းနေရတော့ ငါ ကိုယ်ချင်းစာပါတယ်။
ငါရတဲ့ မုန့်ဖိုးကို
တခုခုမဝယ်စားရင် လည်း အမေက ငါ့ကိုဆူလိမ့်မယ်။
ဒါ့ကြောင့် ငါက စျေးပေါတာကိုမေးပြီးဝယ်စားတာပါ။
မင်းလည်း ၂၀၀ ဖိုးလောက်
ရေခဲမုန့်စားခြင် စားပေါ့။
ဒါမှမဟုတ်တခုခု ဝယ်စားပေါ့
ကျွန်မ နဲနဲလေးရှက်သွားတယ်။
မျှဝေပေးတယ်ဆိုတာကိုလည်း
ကျွန်မ ခုမှသဘောပေါက်လိုက်မိတယ်………
ပြီးတော့ ကိုယ်ချင်းစာတယ်ဆိုတာကိုရောပေါ့…………………………
………credit:Nyine Lae…………
………………………………………
မူရင်း
waiter: what do you want.?
boy : how much a cone ice cream costs.
waiter :Rs.15/
Then the boy check his pocket &asked cost of small cone .
lrrited waiter angrily said :Rs .12/
boy ordered a small cone had it paid bill&left.
the waiter picked the bill he see the boy left Rs.3/ as tip for him.