သဘာ၀

ပင်မြင့်ယံထက်မှာ
စံမြန်းတဲ့ ပန်းတော်ဝင်
လှပယဉ်ဆင့်
တုနှိုင်းမမှီပင်။
သို့ပါသော်လည်း----

ငုံရာမှ ဖူး
ဖူးရာမှ ပွင့်
ပွင့်ရာမှ ကြွေ
မြေခမဲ့ တစ်နေ့
မင့်မေ့နေလျှော့သလား။