မင်းသမီးတို့ တတ်အပ်တဲ့ ပညာ ၁၂ ရပ်
***************************
" ပိုး၊ မွေး၊ ခေါ်၊ မျှော်၊ အောင်၊ ဇော်၊ လု၊ ဘ၊ ရူး၊ အ၊ သေ၊ ပစ် " ဆိုတာ ဘာလဲတဲ့။
၁ ။ ပိုး = မင်းသမီးဆိုပေမယ့် အချို့အခန်းတွေမှာ ယောကျာင်္းလေးတွေကို နောက်ပိုးပိုးတတ်ရပါမယ်။
၂ ။ မွေး = အပျို ုဖြစ်ဖြစ် အအိုဖြစ်ဖြစ် ကလေးမွေးခန်းပါလျှင် သရုပ်တူစွာ မွေးတတ်ရပါမယ်။
၃ ။ ခေါ် = သူ့နေရာနဲ့သူ ဇာတ်လမ်းအရ လင်အပေါ်၊ သားအပေါ်၊ မိဘမောင်ဘွားအပေါ် သုံးနှုံးခေါ်ဝေါ်တတ်ရပါမယ်။
၄ ။ မျှော် = ရည်းစားမျှော်၊ လင်မျှော်၊ သားမျှော်ခန်းများမှာ သဘာ၀ကျကျ မျှော်တတ်ရပါမယ်။
၅ ။ အောင် = မင်းသမီးအသားပေးဇာတ်လမ်းဖြစ်တဲ့ ဆားတောင်သူ မအောင်ဖြူ ဇာတ်ထဲကလို အလွမ်းပိုင်နိုင်ရပါမယ်။
၆ ။ ဇော် = ဇော်က ကတတ်ရပါမယ်။
၇ ။ လု = လင်လု၊ သားလုခန်းများကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်ရပါမယ်။
၈ ။ ဘ = ဘီလူးကြိမ်း ဘီလူးက ကတတ်ရပါမယ်။
၉ ။ ရူး = အရူးလို သရုပ်ဆောင်တတ်ရပါမယ်။
၁၀ ။ အ = အ, အ လို သရုပ်ဆောင်တတ်ရပါမယ်။
၁၁ ။ သေ = သေဆုံးခန်းမှာ မောသံ၊ ချွဲဖောက်သံ တို့ဖြင့် သဘာ၀ကျကျ သေတတ်ရပါမယ်။
၁၂ ။ ပစ် = သားပစ်၊ သမီးပစ်သွားရတဲ့အခန်းတွေမှာ အသေပစ်၊ အရှင်ပစ် ၂မျိုးစလုံးဖြင့် ပစ်တတ်ရပါမယ်။