အညွှန်းစကားလုံး ( Article ) များအသုံးပြုပုံ 

******************************************
1-- a သို့မဟုတ် an သည် ယေဘုယျအညွှန်းစကားလုံး (ဝါ) မတိကျသော အညွှန်းစကားလုံးဖြစ်သည်။ 
၄င်းကို အများကိန်းဖြစ်သော နာမ်တစ်ခု၏ရှေ့တွင် အသုံးပြု၍မရပါ။ သို့သော် ၄င်းကို an army, a hundred, a fleet 
စသဖြင့်ဖြစ်သော အစုပြ နာမ်တစ်ခု၏ရှေ့တွင် အသုံးပြု၍ရသည်။ ထို့ပြင် many a man, many a gem, many a flower
စသော အများကိန်းသဘောဆောင်သည့် စကားစုများတွင်လည်း အသုံးပြု၍ရသည်။
...
2-- a ကို a man, a woman, a youth, a European, a unit, such a one, a harpoon, a harangue, a hypocritical
ကဲ့သို့သော ဗျည်း သို့မဟုတ် ဗျည်းအသံနှင့်စသော စာလုံးများအားလုံး၏ရှေ့တွင် အသုံးပြုသည်။ an ကို an angel, 
an Indian, an hour, an honest ကဲ့သို့သော သရဖြင့်စသော သို့မဟုတ် h သံဖျောက်ဆိုရသော စာလုံးများအားလုံး၏
ရှေ့တွင် အသုံးပြုသည်။ unit, European စသောစကားလုံးများသည် Y အသံဖြင့်သာစတင်သည်။ ထို့ပြင် one သည် W 
သံဖြင့်သာ စတင်သည်။ ၄င်းတို့ကို ရေးရာတွင် a ကိုသာအသုံးပြုရမည်။ an ကိုအသုံးပြု၍မရပေ။ an ကို ၄င်းစာလုံးများ
နှင့် အခြား၄င်းနှင့်အလားသဏ္ဍာန်တူသောအက္ခရာတွဲများ ၏ရှေ့တွင် မကြာခဏမှားယွင်းစွာ အသုံးပြုတတ်ကြသည်။
ဤနေရာတွင် an historian, an historiographer, an hypothesis တို့ကဲ့သို့သော an ကို အသုံးပြုရသည့် ဒုတိယ 
ဝဏ္ဏ ( Syllable ) အပေါ်တွင် မူလ သို့မဟုတ် ဆင့်ပွားဖိရွတ်သံ တစ်သံ ဖြင့်ရွတ်ဆိုရသော ဝဏ္ဏ ( Syllable ) 
နှစ်လုံးထက်ပိုသော h ဖြင့်အစပြုသည့် စာလုံးများနှင့်စပ်လျဉ်း၍ ဗျည်းတစ်လုံး၏ရှေ့တွင် a ကို အသုံးမပြုသင့်သည့်စည်းမျဉ်း
တစ်ခုက ခြွင်းချက်တစ်ခုအနေဖြင့်တည်ရှိသည်။
...
3-- တိကျအညွှန်းစကားလုံး the ကို မတိကျသောယေဘုယျသဘောဆောင်သည့်ဝေါဟာရများ သို့မဟုတ် ကောင်းမှုသုစရိုက်
နှင့်ဆိုင်သော ဂုဏ်ရည်အမည်နာမများ မကောင်းမှု ဒုစရိုက်နှင့်ဆိုင်သော ဂုဏ်ရည်အမည်နာမများ နှင့် သိပ္ပံအမည်များ 
လူအမည်များ၏ရှေ့မှလွဲ၍ ဧကဝုစ်ကိန်း ( Singular ) ဖြစ်စေ၊ ဗဟုဝုစ်ကိန်း ( Plural ) ဖြစ်စေ မည့်သည့်နာမ်တို့၏ရှေ့တွင်မဆို 
အသုံးပြုနိုင်သည်။
...
4.အသုံးပြုသင့်သည့်နေရာတွင် အညွှန်းစာလုံးများကို အသုံးမပြုဘဲ မြှုပ်၍ရေးခြင်းများသည်လည်း အလွန်အတွေ့များပါသည်။
ဥပမာ- 
-The metaphorical and ( the ) literal meaning of words should be distinguished.
-But the French pilfered from both the Greek and ( the ) Latin.
-A red and ( a ) blue star may produce photographic images of equal intensity.
-The president and ( the ) secretary were elected.
-The indebtedness of the English to the French, ( the ) Latin, and ( the ) Greek is disclosed in almost every
sentence.
-These terms are uttered by the artist, the mechanic, and ( the ) husbandman.
-Nouns in the English Language have three cases ; the nominative, ( the ) possessive, and ( the ) objective.
...
-" The treasurer and secretary " သည် ရုံးဌာနနှစ်ခုတွင် တာ၀န်တစ်ပြိုင်နက် ထမ်းဆောင်သောသူ တစ်ယောက်တည်းကို
ဆိုလိုသည်။( The ကို ဘုံထုတ်ထားသည့်သဘောဖြင့် ရေးသားထားခြင်းဖြစ်သည်။ ထို The သည် and နောက်မှ Noun ၏
ရှေ့တွင် မပါပါက လူတစ်ယောက်တည်းကို ဆိုလိုခြင်းဖြစ်သည်။ )
" The treasurer and the secretary " မှာမူ အရာရှိ နှစ်ဦးကို ဆိုလိုခြင်းဖြစ်သည်။
ထို့အတူ...
-" A black and white dog " သည် အဖြူအမဲ အရောင်နှစ်မျိုးလုံး ကွက်ကြားပါ၀င်သော ခွေးတစ်ကောင်တည်းကိုဆိုလိုသည်။
" A black and a white dog " မှာမူ ခွေးအဖြူတစ်ကောင် အမဲတစ်ကောင်ကို ဆိုလိုခြင်းဖြစ်သည်။
-" The honest and intelligent " သည် ရိုးသားဖြောင့်မတ်ပြီး အသိဥာဏ်ပညာထက်မြက်သောသူများကို ဆိုလိုသည်။
" The honest and the intelligent " သည် အတန်းအစားနှစ်ခု ကွဲပြားပြီးတစ်စုမှာ ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြ၍ 
အခြားတစ်စုမှာ အသိဥာဏ်ပညာထက်မြက်ကြသူများ ဟူ၍ သီးသန့်ကွဲပြားနေသော လူတန်းစား နှစ်ရပ် ပေါင်းစည်းထားခြင်း
ကိုဆိုလိုသည်။
ထို့ကြောင့် အောက်ပါဝါကျသည် အဓိပ္ပါယ်မပြည့်စုံသောဝါကျဖြစ်သည်။
-The council and ( the ) synod maintained that the unity of the person implied not any unity in the consciousness.
ထိုဝါကျတွင် council ( ကောင်စီ )သည် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး synod ( သာသနာအဖွဲ့အစည်း ) သည် အခြားအဖွဲ့အစည်း
တစ်ခုဖြစ်သည်။ The ကို မြှုပ်၍ရေးသားသောကြောင့် အဓိပ္ပါယ်မပြည့်မစုံဖြစ်သွားသည်။

5-- ...ing ၏နောက်ကပ်လျက်တွင် of လိုက်သည့်အခါတိုင်း ထိုအရှေ့တွင် တိကျအညွှန်းစကားလုံးဖြစ်သော the ရှိသင့်သည်။
ဥပမာ-
-It is ( the ) drawing of a conclusion which was before unknown or dark.
-Prompted by extreme vanity, he persisted in ( the ) writing of bad verses.
-In ( the ) framing of his sentences he was very exact.
-From ( the ) calling of names he proceeded to blows.
သို့သော် အညွှန်းစကားလုံး the နှင့် of ( နှစ်ခုစလုံး )ကို ဖျောက်ရေးလိုက်လျှင်လည်း မှန်ကန်ပါသည်။ တစ်ခုတည်း
ဖျောက်ရေးလျှင်မမှန်ကန်နိုင်ပါ။
...
6-- အညွှန်းစကားလုံးများကို အောက်တွင်ဖော်ပြထားသော ဥပမာများထဲကအတိုင်း မကြာခဏ မှားယွင်းစွာ ထည့်သွင်းရေးသားတတ်ကြသည်။
-That is the kind of ( a ) man of whom we are speaking.
-What sort of ( a ) charm do they possess?
-What species of ( a ) reptile is this?
-Men to whom this kind of ( an ) organization has been given generally have active minds.
-He is entitled to the appellation of ( a ) gentleman.
-The one styled ( the ) Mufti is the head of the ministers of law and religion.
-He was a better mathematician than ( a ) linguist.
အညွှန်းစကားလုံးကို ပိုင်ဆိုင်ခြင်းပြပုဒ် နှင့် နာမ် တို့၏ကြားတွင် အသုံးမပြုသင့်ပေ။
ဥပမာ-
-Prescott's "( The ) Conquest of Mexico," and his "( The ) Conquest of Peru."
-Howells's "( A ) Chance Acquaintance."
-Cushing's "( A ) Year in Spain."
ထိုသို့ပြောဆိုခြင်းသည် " his the book." ဟုပြောဆိုခြင်းနှင့်အတူတူပင်ဖြစ်သည်။ အထက်တွင်ဖော်ပြထားသော
ဥပမာများသည် အားလုံးမှားယွင်းပါသည်။ ထို့ပြင် လက်သည်းကွင်း ( ) ခတ်ထားသော အညွှန်းစကားလုံးများကို 
ဤအပိုင်းတွင်ပါရှိသော ဥပမာအားလုံး၌ ဖျောက်ရေးသင့်ပါသည်။
...
7-- တိကျအညွှန်းစကားလုံး နှင့် မတိကျ အညွှန်းစကားလုံးများကို တစ်ခါတစ်ရံ မှားယွင်းစွာ အတူတကွအသုံးပြုတတ်ကြသည်။
ဥပမာ-
-An ( the ) eagle is the emblem of the United States.
-A diphthong is the ( a ) combination of two vowels in one syllable.
...
8-- နာမ် ( Noun ) တစ်ခုတည်းကို နာမဝိသေသန ( Adjective ) နှစ်ခုနှင့်အထက် အထူးပြုကြရာတွင်
ဧကဝုစ်ကိန်း ( Singular ) ဖြစ်ပါက အညွှန်းစကားလုံး ( Article ) ကို နာမဝိသေသန ( Adjective ) တစ်ခုချင်းစီ၏ရှေ့တွင်ထည့်ရမည်ဖြစ်ပြီး 
ဗဟုဝုစ်ကိန်း ( Plural ) ဖြစ်ပါက ရှေ့ဆုံးနာမဝိသေသနတစ်ခုတည်း၏ ရှေ့တွင်သာထည့်ရမည်ဖြစ်သည်။ 
ဥပမာ-
-The nominative and the objective ( case ). ( Singular Noun )
-The nominative and objective ( cases ). ( Plural Noun )
သို့သော် ကြိယာ ( Verb ) အနေဖြင့် အထက်ပါအခြေအနေနှစ်ရပ်စလုံးတွင် အများကိန်း ( Plural ) တစ်ခုတည်း
ကိုသာ အသုံးပြုရမည်။
ဥပမာ-
-In a sonnet, the first, the fourth, the fifth, and the eighth line usually ( rhyme ) ;
so ( do ) the second, third, sixth, and seventh lines, the ninth, eleventh, and thirteenth lines, 
and the tenth, twelfth, and fourteenth lines."
-The Old and the New Testament are both believed by Christians generally to be inspired.
___________________________________________
#From "Mistakes Writing English, How To Avoid Them"
#Written by Marshall T. Bigelow
#Translated by Moe Thiha
...