ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများ (Punctuation marks) အကြောင်းသိကောင်းစရာများ
*****************************************
1.[ . ] full stop (BrE) period (NAmE)
----------------------------------------
-မေးခွန်းဝါကျ သို့မဟုတ် အာမေဋိတ်ဝါကျ မဟုတ်သောစာကြောင်းတစ်ကြောင်း၏အဆုံးတွင်အသုံးပြုသည်။
~ I knocked at the door. There was no reply.
~ I knocked again.
.
-တစ်ခါတစ်ရံ အတိုကောက်စာလုံးများတွင်လည်းအသုံးပြုသည်။
~ Jan. e.g. a.m. etc.
.
-အင်တာနက်နှင့် အီးမေးလ် လိပ်စာများ တွင် dot ဟုခေါ်သည်။
~ http://www.---.com
_____________________
2.[ , ] comma
--------------
- and ၏ရှေ့တွင်ယေဘုယျအားဖြင့် မြှုပ်ရေးခြင်းခံရသော်လည်း စာရင်းတစ်ခုအနေဖြင့် စာလုံးများကို ခွဲရေးသောအခါတွင် အသုံးပြုသည်။
~ a bouquet of red, pink and white roses
~ tea, coffee, milk or hot chocolate
.
-စကားစုများ သို့မဟုတ် ဝါကျပိုင်းများကို ခွဲရေးရာတွင် အသုံးပြုသည်။
~ If you keep calm, take your time, concentrate and think ahead, then you're likely to pass your test.
~ Worn out after all the excitement of the party, the children soon fell asleep.
.
-၄င်းလိုက်သည့် နာမ်နှင့်ပတ်သက်သောအချက်အလက် (မလိုအပ်သော်ငြားလည်း) အပိုအနေဖြင့်ထည့်ရေးသားသော ဝါကျပိုင်းတစ်ခု သို့မဟုတ် စကားစုတစ်ခု၏ အရှေ့နှင့် အနောက်တွင်အသုံးပြုသည်။
~The Pennine Hills, which are very popular with walkers, are situated between Lancashire and Yorkshire.
၄င်းလိုက်သော နာမ် ကိုအဓိပ္ပါယ်ဖွင့်ဆိုသော ဝါကျပိုင်းတစ်ခု၏ အရှေ့နှင့်အနောက်တွင် comma ( , ) ကိုအသုံးမပြုရ။
~The hills that separate Lancashire from Yorkshire are called the Pennines.
.
- and, as, but, for, or ကဲ့သို့သော သမ္ဗန္ဓတစ်ခုဖြင့် ချိတ်ဆက်ထားသော အဓိကဝါကျပိုင်းအရှည်များကို ခွဲရေးရာတွင်အသုံးပြုသည်။
~We had been looking forward to our holiday all year, but unfortunately it rained every day.
.
-စာကြောင်းတစ်ကြောင်းလုံးနှင့်သက်ဆိုင်သော နိဒါန်းစကားလုံး၊ စကားစု၊ ကြိယာဝိသေသန သို့မဟုတ် ကြိယာဝိသေသနစကားစု ကို ကျန်သည့်စာကြောင်းအစိတ်အပိုင်းများမှ ခွဲရေးရာတွင်အသုံးပြုသည်။
~ Oh, so that's where it was.
~ As it happens, however, I never saw her again.
~ By the way, did you hear about Sue's car?
.
-ကျန်သည့်စာကြောင်းအစိတ်အပိုင်းများမှ နောက်ဆက်တွဲမေးခွန်းကို ခွဲရေးသောအခါတွင် အသုံးပြုသည်။
~ It's quite expensive, isn't it?
~ You live in Bristol, right?
.
-ပြောစကားများကို ပြန်ချရေးသောအခါ 'he said' 'she said' စသောစာလုံးများ၏အရှေ့နှင့်အနောက်တွင် အသုံးပြုသည်။
~"Come back soon," she said.
~She said, "Come back soon."
.
-စာကိုး၊ ကျမ်းကိုး စာသားများ၏ရှေ့တွင်အသုံးပြုသည်။
~ Disraeli said, "Little things affect little minds".
__________________
3.[ : ] colon
--------------
-လက်ရှိအခြေအနေရောက်မှ စတင်ပြောသောအချက်အလက်များကို ရေးရာတွင် အသုံးပြုသည်။
~ These are our options: we go by train and leave before the end of the show; or we take the car and see it all.
.
-စနစ်တကျအရေးအသားကို ရေးသားရာတွင် အဓိကဝါကျပိုင်းနှင့် ပတ်သက်၍ အပိုအနေဖြင့်ရေးသော ဝါကျပိုင်းတစ်ခု သို့မဟုတ် စကားစုတစ်ခု၏ရှေ့၌အသုံးပြုသည်။(ဤတွင် colon အစား comma မှလွဲ၍ semicolon သို့မဟုတ် full stop တစ်ခုကို အသုံးပြုနိုင်ပါသည်။)
~The garden had been neglected for a long time: it was overgrown and full of weeds.
.
-လက်ရှိအခြေအနေရောက်မှ စတင်ပြောသော စာကိုး၊ ကျမ်းကိုးစာသားတစ်ခုကို အတွင်းသွင်း၍ရေးသားသော အရှေ့တွင် အသုံးပြုသည်။
~As Kenneth Morgan writes:
The truth was, perhaps, that Britain in the years from 1914 to 1983 had not changed all that fundamentally.
Others, however, have challenged this view...
________________________________
4.[ ; ] semicolon
--------------------
- comma များ ပါပြီးသောစာကြောင်းတစ်ကြောင်း၏အစိတ်အပိုင်းများကို ခွဲရေးရန် comma တစ်ခု၏အစားသုံးသည်။
~She was determined to succeed whatever the cost; she would achieve her aim, whoever might suffer on the way.
.
-စနစ်တကျအရေးအသားကို ရေးသားရာတွင် သမ္ဗန္ဓ တစ်ခုဖြင့် မဆက်ထားသော ဝါကျပိုင်းနှစ်ခုကို ခွဲခြားရေးရန် အသုံးပြုသည်။
~The sun was already low in the sky; it would soon be dark.
_________________________________
5.[ ? ] question mark
-------------------------
-တိုက်ရိုက်မေးခွန်းဝါကျ ၏အဆုံးတွင် အသုံးပြုသည်။
~Where's the car?
~You're leaving already?
သွယ်ဝိုက်မေးခွန်းဝါကျ ၏အဆုံးတွင် question mark ကို အသုံးမပြုရ။
~He asked if I was leaving.
(တိုက်ရိုက်မေးခွန်းသည် မြန်မာဘာသာစကားတွင်"လား" ဖြင့်အဆုံးသတ်ပြီး သွယ်ဝိုက်မေးခွန်းတွင်ပါ၀င်သော if ၏အဓိပ္ပါယ်သည် "လားလို့" ဟူ၍အဓိပ္ပါယ်ရသည်။)
.
-မတိကျမရေရာသော date တစ်ခုကို ဖော်ပြရာတွင်အသုံးပြုသည်။
~John Marston (?1575—1634)
_________________________________
6.[ ! ] exclamation mark (BrE) exclamation point (NAmE)
--------------------------
-အံ့သြကြောင်း၊ ၀မ်းသာကြောင်း၊ စိတ်ဆိုးကြောင်း၊ အထိတ်တလန့်ဖြစ်သွားကြောင်း သို့မဟုတ် တခြား ပြင်းထန်သည့်စိတ်ခံစားမှုတစ်ခုခုကို ဖော်ပြသော စာကြောင်းတစ်ကြောင်း၏အဆုံးတွင် အသုံးပြုသည်။
~That's marvellous!
~"Never!" she cried.
.
-အရပ်သုံး အင်္ဂလိပ်စာအရေးအသားတွင် exclamation mark တစ်ခု သို့မဟုတ် exclamation mark နှင့် question mark တစ်ခုထက်ပို၍အသုံးပြုနိုင်သည်။
~"Your wife's just given birth to triplets."
"Triplets!?"
_________________________________
7.[ ' ] apostrophe
---------------------
- အရာ၀တ္ထုတစ်ခု သို့မဟုတ် လူတစ်ယောက်က တစ်စုံတစ်ခုကို ပိုင်ဆိုင်သည်ဟုပြရန် s နှင့် တွဲ၍အသုံးပြုသည်။
~my friend's brother
~the waitress's apron
~King James's crown/ King James' crown
~the students' books
~the women's coats
.
-အက္ခရာစာလုံးများ နှင့် ကိန်းဂဏန်းများကို မြှုပ်၍ရေးထားကြောင်းညွှန်ပြသော အတိုကောက်ပုံစံများတွင် အသုံးပြုသည်။
~I'm (I am)
~they'd (they had/ they would)
~the summer of '89 (1989)
.
-တစ်ခါတစ်ရံတွင် အက္ခရာစာလုံးတစ်လုံး၊ ကိန်းဂဏန်းတစ်ခု သို့မဟုတ် အတိုကောက်ဖော်ပြချက်တစ်ခုကို အများကိန်းပုံစံဖြစ်ပေါ်စေရန် s နှင့်တွဲ၍အသုံးပြုသည်။
~roll your r's
~during the 1990's
_________________________________
#ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတများ (Punctuation marks) အကြောင်းသိကောင်းစရာများ အပိုင်း ( ၃ )
******************************************
8.[ - ] hyphen
------------------
-စကားလုံး နှစ်လုံး သို့မဟုတ် နှစ်လုံးအထက်တခြားစကားလုံးများနှင့် ပေါင်းစပ်ပုံစံတစ်ခု ဖွဲ့စည်းရန်အတွက် အသုံးပြုသည်။
~hard-hearted
~fork-lift truck
~mother-to-be
.
-ရှေ့ဆက်ပုဒ်တစ်ခုနှင့် တစ်ဦးဆိုင်နာမ်တစ်ခုမှ ပေါင်းစပ်ပုံစံတစ်ခု ဖွဲ့စည်းရန်အတွက် အသုံးပြုသည်။
~pre-Raphaelite
~pro-European
.
-၂၁ နှင့် ၉၉ အတွင်း ပေါင်းစပ်နံပါတ်များကို စာဖြင့်ဖော်ပြရေးသားရာတွင် အသုံးပြုသည်။
~seventy-three
~thirty-one
.
-တစ်ခါတစ်ရံ British English တွင် ရှေ့ဆက်ပုဒ်၏အဆုံးသတ် သရ ကို အနောက်စာလုံးအစရှိ တူညီသော သရ နှင့်ခွဲရေးရာတွင် အသုံးပြုသည်။
~co-operate
~pre-eminent
.
-စာကြောင်းတစ်ကြောင်းမှ တစ်ကြောင်းအကူး ကြားတွင် စာလုံးတစ်လုံး ကွဲနေသော အနေအထားရှိသည့် အခါမျိုး၌ ထိုစာလုံးပထမအပိုင်း၏ နောက်ကပ်လျက်တွင် အသုံးပြုသည်။
~decide what to do in order to avoid mis-
takes of this kind in the future
_________________________________
9.[ — ] dash
---------------
-အရပ်သုံး အင်္ဂလိပ်စာအရေးအသားတွင် နောက်မှလိုက်သော စာကြောင်းသည် လက်ရှိအကြောင်းအရာ၏အနှစ်ချုပ်တစ်ခု ဖြစ်ကြောင်း သို့မဟုတ် ရှေ့တွင်ဖြစ်ပြီးသောအကြောင်းအရာ၏နိဂုံးတစ်ခု ဖြစ်ကြောင်းပြရန် colon သို့မဟုတ် semicolon တစ်ခု၏အစား အသုံးပြုသည်။
~Men were shouting, women were screaming, children were crying— it was chaos.
~You've admitted that you lied to me— how can I trust you again?
.
-စာကြောင်း၏ကျန်သည့်အပိုင်းမှ ထင်မြင်ချက်တစ်ခု သို့မဟုတ် နောက်မှရသည့်အကြံတစ်ခုကို ခွဲရေးရန် တစ်ခုတည်းသို့မဟုတ် အစုံလိုက် အသုံးပြုသည်။
~He knew nothing at all about it— or so he said.
_________________________________
10.[ ... ] dots / ellipsis
--------------------------
-စာကိုး၊ ကျမ်းကိုးတစ်ခု သို့မဟုတ် ပြောစကားတစ်ခု၏အဆုံးတွင် စာလုံးများကို မြှုပ်ရေးထားကြောင်း ပြရာတွင် အသုံးပြုသည်။
~...challenging the view that Britain... had not changed all that fundamentally.
_________________________________
11.[ / ] slash / oblique
--------------------------
-ရွေးချယ်စရာ စကားလုံးများ သို့မဟုတ် စကားစုများကို ခွဲရေးရန် အသုံးပြုသည်။
~have a pudding and / or cheese
~single / married / widowed / divorced
.
-အင်တာနက်နှင့် အီးမေးလ် လိပ်စာများတွင် မတူညီသော element များကိုခွဲရေးရန် အသုံးပြုသည်။ ( တစ်ခါတစ်ရံတွင် ၄င်းကို ' forward slash ' ဟုလည်းခေါ်သည်။ )
~http://www.---.com/elt/
_________________________________
#Oxford Advanced Learner's Dictionary ( 8th Edition )
#Translated by Moe Thiha



