အင်္ဂလိပ်စာ ကိုယ်တိုင်လေ့လာနည်း

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

တနေ့သ၌ ကျွန်ုပ်သည် စိတ်လိုလက်ရ အိမ်၌မွေးထားသည့် ဆိုးပေ နှင့်မောင်မဲ ဟု အမည်ရသော လွန်စွာမှပင် ချစ်စရာကောင်းလှသည့် ကြောင်ထီးလေးများကို သန်းရှာနေချိန်၌ ကျွန်ုပ်၏ အိမ်သို့တချိန်က့ တပည့်ဖြစ်ဖူးသူ မောင်တာတေ တယောက် အမောတကော ရောက်ချလာလေတော့သည်။

"ဆရာ ဆရာ ဆရာ" 

ဆပ်ပြာသည် လင်ပျောက်သကဲ့သို့ တဆာဆာခေါ်နေသော အနှီ သတ္တဝါကောင်အား မျက်မှောင်ကြုတ်၍ ကြညိ့ကာ ထိုင်ရန် မေးဆတ်ပြသောကြောင့် ကျွန်ုပ်နှင့်မလှမ်းမကမ်း ရှိ ခုံပုလေးပေါ်တွင် မောင်တာတေ တယောက် အမောဖြေ ကာ နား၍ ကျွ်န်ုပ်စကားစမည့် အချိန်အား စိတ်ရှည်စွာ ပင် စောင့်ဆိုင်းနေရှာပေတော့သည်။
အတန်ကြာပြီးနောက်

"ကဲ ဆို ဘာကိစ္စတုန်း"

ဟု ကျွ်န်ုပ်မှ မေးလိုက်ရာ အနှီသတ္တဝါ မောင်တာတေက 

"ကျွန်တော် အင်္ဂလိပ်စာလေ့လာမှ ဖြစ်တော့မယ် ဆရာ"

ဟု အထူးအဆန်း ပြောချလိုက်သောကြောင့် ကျွန်ုပ်မှာ လွန်စွာမှပင် အံ့အားသင့်ရပေတော့သည်။ အနှီ မောင်တာတေ ဆိုသည်ကား မည်သည့်အလုပ်မျှ လက်ကြောတင်းအောင် မလုပ်ပဲ ဖုန်းတလုံးအား တနေကုန် ထိုင်ပွတ်နေတက်သည်ကို အမြဲတွေ့ရတက်သောကြောင့် ယခုလို ကျွ်န်ုပ် အံ့အားသင့်မည်ဆိုခြင်းက လွန်မည်မထင်။

" ဟေ ကျားသားမိုးကြိုး မောင်တာတေရာ ဘောက်မယ့်ကြောင့် အင်္ဂလိပ်စာ ကို ခုမှ အသည်းအသန် စိတ်ဝင်စားရသတုန်း ကွ " 

ဟု ခပ်ထေ့ထေ့ မေးလိုက်ရာ မောင်တာတေက ကွမ်းချိုးအထပ်ထပ် ကပ်လျက်ရှိသော ၎င်း၏ မသတီစရာ သွားများကို ဖြဲလျက် တွင်တွင်သာ ပြုံး၍ နေချေတော့သည်။

" ဒီလိုပါ ဆရာ ဆရာ့ကျေးဇူးကြောင့် ကျွန်တော် ဆယ်တန်းကို လေးထိပ်စီး နောက်တန်းဆွဲ နဲ့ အောင်ခဲ့တာ ဆရာလည်း သိတယ်နော် " 

မောင်တာတေ စကားကြောင့် ကျွန်ုပ်သည် အင်္ဂလိပ်စာသင်ဆရာ ဖြစ်ခဲ့ဖူးသော နုံချာလှသည့် လွန်စွာမှပင် ဝမ်းနည်းဖွယ်ကောင်းသည့် အတိတ်အား တရိပ်ရိပ်မြင်ယောင်လာမိပြီး မျက်ရည်များပင်ဝဲ လျက်ရှိရ၏။

!!!! ေဩာ် ဆရာမလေးရယ် ခုလောက်ဆို ကလေးတောင် ရရောပေါ့ ဟု မဆီမဆိုင် ကျွန်ုပ်၏ ငယ်ကျွမ်းဆွေ Crush ဆရာမလေးအား သတိတွေပင် ရလိုက်ချေသေးသည်။(တိန် !!)

" အေး သိပါတယ်ကွ မင်းကလည်း ကိုယ်ချင်း ကိုယ်ချင်းတွေ ကို ဂုဏ်ဖော်နေပြန်ပါပြီ " 

ဟု မောင်တာတေ အား ဘုတောလျက် မေးခွန်းတချို့ကို မေးလိုက်ပေတော့သည်။

"တာတေ မင်း အင်္ဂလိပ်စာလေ့လာဖို့ဆို ပြောလေ အကျိုးအကြောင်း"

ဟု ကျွ်န်ုပ်မှ လမ်းဖွင့်ပေးလိုက်ရာ မောင်တာတေက 

" ဟုတ်တယ် ဆရာ ကျွန်တော် အင်္ဂလိပ်စာတက်မှ ဖြစ်တော့မယ် ဆရာရယ် ကျွန်တော်ေ့ကာင်မလေးက အင်္ဂလန်မှာ နေတာ ဆိုတော့"

ဟိုက်ရှားဘား. !!!!

မောင်တာတေ ဆိုသည့် အနှီငနဲက အင်္ဂလန်က ရည်းစားတောင် ရနေပြီ ဆိုပါလား 

"ဟေ" 

ဟုရေရွတ်ရင် Tour Guide ဖြစ်လာသည့် ၇ နှစ်တာ ကာလအတွင်း မည်သည့် နိုင်ငံခြားသူနှင့်မှ အဟွာမဖြစ်ခဲ့မိခြင်းကို တွေးမိကာ ကြီးစွာသောနောင်တများ ရလျက် မိမိကိုယ်ကိုယ် စိတ်တွင်းမှ ကျိန်ဆဲနေမိလေတော့သည်။ 😬😬😬

"အာ့တော့ကာာ ????"

" ဟုတ်တယ်ဆရာ သူက အင်္ဂလိပ်စာ သေချာတက်အောင်သင်တော့ ဆိုလို့ ကျွန်တော် ဆရာ့ဆီပြေးလာတာ ပါ ဆရာ ဆရာ့အနေနဲ့ သင်ပေးလို့ရရင် သင်ပေးပါလားဆရာရယ် " 

ဟု ကြောင်သေမ ရေနစ်ထားသည့် လွန်စွာမှပင် သနားစရာ ကောင်းသည့် အခွက်ဖြင့် အသနားခံနေသည်မှာ တရားကျစရာပင် ကောင်းနေပေတော့သည်။ 

"ဟေ ငါစာသင်တုန်းက သေချာ သင်ပေးတော့ အောင်မှတ်ဖိုးပဲ သင်ပါ ကျွန်တော်တို့ အိုင်ကျူက ဉာဏ်ရည်မမှီတာတွေကော စုံနေအောင် စောဒက တွေ တက်ခဲ့တာ မှတ်မိတယ် ဟုတ်စ ???" 😏

"ငါ ပါးထရိုက်လို့ ဘယ်ဘက်ပါးနဲ့ ညာဖက်ပါး ဂျူတီတွေ ချိန်းသွားမယ် ဘောက်ချာစုတ်ပစ်မယ် မင်းလိုကောင်ကို" 😡

ဟု ကြိမ်းဝါးရာ မောင်တာတေ တယောက် ကြောင်သေမ မျက်နှာပေးဖြင့် တွေတွေလေး ငေးနေရှာ လေတော့သည်။

"ကျွန်တော်မှားတာပါဆရာရယ် ဟော့ဒီက ဆရာ့တပည့် အမိုက်အမဲလေးကို အပြစ်ပေးပါတော့ဆရာရယ် "ဟု ဆိုကာ
ဦးချ တောင်းပန်ရင်း ပုဆိုးကို ဆွဲချွတ်နေသဖြင့် ကျွ်န်ုုပ်၏ ဒေါသများသည် ဘယ်ဆီဘယ်ဝယ် ရောက်ကုန်သည်မသိ

 လောလောဆယ် ဥမကွဲ သိုက်မပျက်ဖို့အရေး သာ တွေးလျက် အနှီမောင်တာတေ အား Vipအဆင့်သတ်မှတ်လျက် မနှေးအမြန် ခွင့်လွှတ်ကြောင်း ပြောရပေတော့၏ ။ ထိုသို့မဟုတ်ပါက ကျွ်န်ုပ်၏ အိမ်နားပတ်ဝန်းကျင်၌ နေသော အပျိုကြီး မရွှေ က ကျွ်န်ုပ်အား လက်နက်ဖြင့် ခြိမ်းခြောက်သည်ဟု ဆိုကာ ရုံးရောက် ဂတ်ရောက်ကုန်မှ အခက်မဟုတ်ပါလား။

"အေးဘာကွာာာ အေးဘာကွာာ ခွင့်လွှတ်ပါတယ် တာတေရာ ခွင့်လွှတ်ပါတယ် မင်းမလဲ ငါက သားသမီး လို သဘောထားတာပါကွာ "😂😂😂

 ဟု ဖျောင်းဖျရင်း လူချင်းမနည်းခွာထုတ်နေရလေ၏ ။ ဒါတောင် ဒင်းက မကျေနပ်နိုင်သေးပဲ ဂိုးသမားတယောက်၏ ဝီရိယမွေးကာ ကျွန်ုပ်၏ ဟာကွက်အား တောက်ပသော မျက်လုံးအစုံဖြင့် ကျားချောင်းချောင်းနေပေသေး၏။

အမှန်တကယ်က မောင်တာတေသည် အင်္ဂလိပ်စာဘာသာရပ်အား လွန်စွာမှပင် စိတ်ဝင်စားခဲ့သူတယောက်ဖြစ်ကာ ဘဝပေးအခြေနေကြောင့်ဆက်မလေ့လာဖြစ်ခဲ့သည် မဟုတ်ပါလား

"ကဲ မောင်တာတေရေ ဆရာကတော့ Tour တွေက ဆက်နေတော့ အားတယ်ရယ်တော့ မရှိဘူးပေါ့ကွာ အာ့တော့ကာ မင်းကိုယ်တိုင်လေ့လာရမယ် တပည့်ရေ"

 ဟုဆိုလိုက်ရာ မောင်တာတေတယောက် လွန်စွာသဘောခွေ့သည့်အသွင်ဖြင့် သဘောအကျကြီး ကျနေပေတော့သည်။

"အဲ့တော့ မင်း ဆရာ့ကိုမေး ဆရာဖြေမယ် " 
ဟုဆိုလိုက်ရာ မောင်တာတေမှာ မည်သည့်အချိန်က စုဆောင်းထားသည် မသိသော အောကိပါမေးခွန်းများအား အားမနာ လျှာမကျိုးမေးလေတော့၏။

မောင်တာတေ- " Grammar စာအုပ်ဆို ဘယ်စာအုပ်တွေ ဖတ်ရမလဲ ဆရာ

ကျွ်န်ုပ်- " ဒီမှာ တာတေ ဒေါက်တာ မင်းတင်မွန်ရေးတဲ့(Good English ) ဆိုတဲ့ Grammar စာအုပ် ဟာ အကောင်းဆံုံးပဲကွ 
အဲ့စာအုပ်ကို သေချာလေ့လာ အဲ့စာအုပ်ထဲက လေ့ကျင့်ခန်းတွေ အကုန်လိုက်ဖြေ ၆ လကြာရင် မင်း အင်္ဂလိပ်စာ သဒ္ဒါနဲ့ပက်သတ်ရင် ဆရာတဆူဖြစ်သွားစေရမယ်လို့ ငါ ရဲရဲကြီး အာမခံတယ်ကွာ 

ဒါပေမယ့် မောင်သာနိုး ရေးတဲ့ ( English The Easy Way ) ဆိုတဲ့ စာအုပ်လေးနဲ့ တွဲပြီးလေ့လာရင် ပိုတောင်အတက်မြန်ဦးမယ် မောင်တာတေရ 

တာတေ- "ဟာာ ကျေးဇူးပါဆရာ ကျွန်တော် ဝယ်လိုက်ပါ့မယ် 
သေချာလည်း လေ့လာပါ့မယ် ဆရာ တကယ်ကတိပေးပါတယ်

ကျွ်န်ုပ်-- " ဟိုးထားတာတေ မပြီးသေးဘူး လေ့လာပုံပြောပြမယ်ကွ တကယ်တော့ အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာတယ် ဆိုတာ ထင်သလောက်မခက်ဘူးကွ လူတွေက ကြောက်နေတာ 

အဲ့ဒါ ဘာဖြစ်လို့လဲ သိလား?  

အခြေခံမကောင်းလို့တာတေရ အင်္ဂလိပ်စာဘာသာရပ်ကြီး တခုလုံးကို သေချာ ခွဲကြည့်လိုက်ရင် အုပ်စု ၈ ခု ထွက်လာမယ်ကွ အဲ့ဒါကို Eight Parts of Speech (ဝါစင်္ဂ ရှစ်မျိုး) လို့ခေါ်တယ်ကွ အဲ့ရှစ်မျိုးကို အသေးစိတ်လေ့လာတာ ကို အင်္ဂလိပ်စာလေ့လာတယ်လို့ ခေါ်တာကွ 

အဲ့စာအုပ်ဖတ်ရင် မသိတဲ့ စကားလုံးတလုံးမြင်တာနဲ့ ချရေး အဘိဓာန်ထဲမှာ ရှာ အလွတ်ကျက် တခါတည်းရအောင်လုပ်ရတယ်ကွ စာရေးဆရာက လေ့လာသူကို စကားလုံးတွေ အများကြီးလေ့လာဖြစ်အောင် သိအောင် ဝါကျတွေမှာ နမူနာ ထည့်ပေးထားတာ ဒါကိုလူတွေက မသိကြဘူး Pattern တွေပဲ စိတ်ဝင်စားကြတယ် ။ ဘာတွေ့ရင် ဘာဖြုတ် ဘာထည့် ဘာပြောင်းဆိုတာ Grammar မဟုတ်ဘူး တာတေရ 
စကားကို လှအောင်ပြောတာကွ ( Stylistic Transformation ) လို့ခေါ်တယ် မှတ်ထား ။ မင်းအနေနဲ့ သဒ္ဒါဆိုတာ ဒီ ရှစ်မျိုးကို လေ့လာတာ ဆိုတာ သိနေရမယ်။

တာတေ- ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့က ဆရာမတွေ သင်တာက Pronoun ဘာပြောင်း ညာပြောင်း ဘာထည့် ညာထည့် တွေချည်း သင်ခဲ့ရတာ ဆရာရဲ့အဲ့ဒါကို Grammar လို့မှတ်ခဲ့တာဆရာရေ

ကျွန်ုပ်- " အေး ခုသိပြီ ဆိုတော့ မှတ်ထားပေါ့ကွာ အကျိုးမယုတ်ပါဘူး တကယ်တက်ချင်သူတွေအတွက် တက်အောင်လုပ်ပေးမယ့် စာအုပ်တွေ ဆိုင်တွေမှာ ရှိပါလျက် ဘာလို့ မလေ့လာကြတာလဲ ဆိုတာတော့ ငါလည်း မပြောတက်ပါဘူးကွာ။ မင်းအနေနဲ့ Grammar ဆိုတာ သေချာတက်ချင်ရင် ခုနက ပြောတဲ့ Good English ကိုဝယ် သေချာလေ့ကျင့် English The Easy Way နဲ့ တွဲကြည့် ။ မင်းလာမယ့် ဘဝတလျှောက်လုံးဖြေရမယ့် English စာနဲ့ ပက်သတ်တဲ့ စာမေးပွဲ မှန်သမျှ အောင်စေရမယ် လို့ ဆရာအာမခံတယ် တာတေ

တာတေ- " ဟုတ်ကဲ့ ဆရာ ဒါနဲ့ တခုမေးရဦးမယ် ဆရာရေ 

ကျွန်တော် Grammar လေ့လာရင်း စကားပြော ပါ လေ့လာချင်တယ်ဆရာ အဲ့ဒါ ဘယ်လိုလုပ်ရမလဲ ဆရာရယ် ပြောပါဦး" 

တာတေ- " ဟ တာတေရ စကားပြောနဲ့ Grammar ဘာသိပ်ကွာလို့တုန်း ။ ဒီမယ်တာတေ တခါတည်းမှတ် ဝါကျတကြောင်းကို S V O ပါမှ ရေးလို့ရပေမယ့် စကားပြောတဲ့ အခါ ကိုယ်ပြောချင်တာကို တိုတိုတုတ်တုတ် ပြောနိုင်မယ် အရှင်းဆုံး ပြောနိုင်မယ် ဆို အဲ့ဒါ speaking. ပဲ ။ ခုနေ ငါမင်းကို မေးမယ် ကွာာ 

Hi Boy! Where are you ? ဆို မင်းအနေနဲ့ I am in the room လို့ဖြေရင် အင်္ဂလိပ်စကား မဟုတ်တော့ဘူး ကွ 
အဲ့ဒါကို Bookish English လို့ ခေါ်တယ်။ တကယ်အင်္ဂလိပ်စကားပြောတဲ့ သူက Where are you ? ဆိုတာနဲ့ in the room လောက်ပဲ ဖြေမှာ 

What are you doing ? ဆိုရင် Reading.ဒီလောက်ပဲ လုံလောက်ပြီ ။ အဲ့ဒါကို မင်းက လျှာရှည်ပြီး S V O တို့ ဘာတို့ နဲ့ ညီအောင် အတိအကျတွေ လိုက်လုပ်နေရင် မင်း အင်္ဂလိပ်စကားပြော တသက်လုံးတက်မယ် မစဉ်းစားတော့နဲ့ဟေ့ 

ပြောချင်တာက အမြဲတစေ ဝါကျ ပြည့်ပြည့်ပြည့် ဝဝ ကြီးပြောစရာမလိုတာ မငိးသိထားရမှာက စာမေးပွဲ ဖြေသလို မေးခွန်းပြန်ကောက်စရာ မလိုဘူး တာတေရ အဲ့ဒါဆို မင်း စကားပါ ပြောတက်သွားပြီ လေ။

တာတေ- " ဟုတ်လိုက်လေ ဆရာရယ် ခုမှ သဘောပေါက်သွားတော့တယ် ပထမ တုန်းက ဆရာ နိုင်ငံခြားသားတွေနဲ့ စကားပြောရင် အဲ့လို တွေပြောတော့ ကျွန်တော်က ဆရာတို့ Broken တွေပဲ ပြောကြတယ်မှတ်နေတာ ဆရာ ဟီး"

ကျွန်ုပ်- " တယ် ငါ နားရင်းထတီးလိုက်ရ နားအုံ ဖုံထတော့မယ် ။ ဆက်ပြောမယ်တာတေ အင်္ဂလိပ်စကား ပြောတက်ဖို့ ငါ မင်းကို နည်းလမ်းကောင်းတခု ပေးလိုက်ဦးမယ်။ တချို့တွေက အင်္ဂလိပ်လိုသာပြောချင်တာ တကယ်ပြောကြည့်တော့ ဆွံ့အ ကုန်ပါရောလား စိတ်ကသာ ပြောချင်တာ ပါးစပ်က စကားက မထွက်ဘူး ပြောလိုက်ရင် မှားမှာလဲ ကြောက်တယ် ။ အဲ့ဒါ thinking ကို မလေ့ကျင့်ခဲ့လို့ကွ ဥပမာကွာ Tense တွေ လေ့လာပြီ ဆိုကတည်းက အားနေ မျက်စိရှေ့မှာ မြင်တာ ကို ကိုယ်ရထားတဲ့ Tense နဲ့လိုက်ပြီး ပြောနေ တွေးနေရမယ် အချိန် ရှိတိုင်း။ ဆိုကြပါစို့ကွာ 

မငိးက Present Continuous Tense သင်ထားတယ်ဆိုပါစို့ 

အဲ့အချိန်ကစပြီး မင်းမျက်စိရှေ့ မြင်သမျှကို အဲ့ Tense နဲ့ လိုက်တွေးနေရမယ် 

ကောင်းလေးတယောက် ငိုနေတာ တွေ့တာနဲ့ The boy is crying . 
ကားမောင်းတာ တွေ့တာနဲ့ He is driving . 
ကလေးတွေ ကစားတာ တွေ့လည်း Children are playing . အဲ့လို စိတ်ထဲမှာ တွေးနေရမယ် မြင်တာကို အင်္ဂလိပ်လို လိုက်ပြောနေရမယ် ။ နောက်ဆုံး စိတ်ကူးယဉ်ရင်တောင် ကိုယ် ရထားတဲ့ Tense တွေနဲ့ အင်္ဂလိပ်လိုတွေးပြီး စိတ်ကူးယဉ်နေရတယ်ကွ အဲ့ဒါမှ နောင် တကယ်စကားပြောရမယ့် အလုပ်ခွင်ရောက်တဲ့အခါ စိတ်ထဲက တွေးတာနဲ့ ပါးစပ်က ထွက်ပြီးသား ဖြစိနေရမယ်။

အဲ့လိုမှ မဟုတ်ရင် မင်း Speaking စာအုပ် ဘယ်နှအုပ်အလွတ်ကျက်ကျက် ခွေးအကြီး လှည်းနင်းနေသလို ဖြစ်နေဦးမှာပဲ 

တာတေ- " အကျိုးရှိလိုက်တဲ့ စကား တန်ဖိုးရှိလိုက်တဲ့ စကားတွေပါလားဆရာရယ် အဖိုးမဖြတ်နိုင်အောင်ပါပဲ " 
မေးကြည့်မယ် ဆရာ ကိုယ်ပြောချင်တာတွေ ပြောဖို့ ကိုယ်ပြောလိုတဲ့ စကားလုံးကျ မြန်မာ အင်္ဂလိပ် အဘိဓာန် ကြညိ့မှ ရမယ်ထင်တယ် ဆရာ အဲ့ဒါအဲ့အတွက မြန်မာ -အင်္ဂလိပ် အဘိဓာန် ကောင်းကောင်းတအုပ်လောက် ပြောပြပေးပါဆရာရယ် ။ 

ကျွ်န်ုပ်- " သိပ်ကောင်းတဲ့ မေးခွန်းပဲ တာတေရေ ဒီတခါ မင်းတော်သွားပြီ။ ဟုတ်တယ်ကွ တချို့ စကားလုံးတွေကျ မြန်မာ အင်္ဂလိပ် အဘိဓာန်ထဲမှာ ရှာမှရတယ်ကွ ။ ဥပမာကွာ 
ဒီလူ တော်တော် နှိုက်နှိုက်ချွတ်ချွတ် မေးတက်တယ် ဆိုပါစို့ ။ မငိး" နှိုက်နှိုက်ချွတ်ချွတ် " ဆိုတဲ့ စကားလုံးကို ရှာဖို့ မြန်မာ - အင်္ဂလိပ် အဘိဓာန်လိုလာပြီ ။

ဟုတ်တယ် မငိးမေးတာ ။ အဲ့လို အဘိဓာန်တွေ အများကြီး ထွက်ပေမယ့် ငါ့အကြိုက်ဆုံးက " တက္ကသိုလ်ဝင်းတင်ဝင်းရဲ့ 

မြန်မာ - အင်္ဂလိပ် အဘိဓာန် တော်တော်ကို ကောင်းတယ်ကွ သူက ဝါကျတွေပါ ရေးပြထားတာ အီဒီယမ် အသုံးပါ တခါတည်း တွဲပြပေးထားတာ အရမ်းကောင်းတယ် မောင်ရင်ရေ

တာတေ- "ဆရာ စကားပြော မှာ ပွားပြောရမယ့် စာအုပ်မျိုးရှိရင် ပြောပြပေးပါဦး။ ဥပမာဆရာရယ် 

ဝါကျ တကြောင်းကို မူတည်ပြီး စကားလုံးတွေ အစားထိုး ပြောသွားတာမျိုးကို လေ့လာလို့ကောင်းမယ့် စာအုပ်မျိုးပေါ့ 

ကျွန်ုပ်-- " ရှိတာပေါ့ တာတေရာ အဲ့လိုစာအုပ် တအုပ်တည်း ထွက်တယ် ကောင်းချက်က တော့ လနိထွက်နေတယ် မောင် 

"ဦးအဂ္ဂ ရဲ့ (လူတိုင်းအတွက် အင်္ဂလိပ်စကားပြောစာအုပ်သာ ဝယ်ဖတ် တာတေရေ Pattern သမားတွေ အကြိုက်ပေါ့ ဟာါး ဟာါး

တာတေ- " ဆရာ အဲ့ဒါကျတော့ မြန်မာမဆန်ဘူးလားဆရာရဲ့English to Englishစာအုပိထဲမှာရော ရှိလား ဆရာ ?????

ကျွ်န်ုပ်- " သိပ်ရှိတာပေါ့ တာတေရာ English 900တို့ 5 minutes Expert တို့ အဲ့စာအုပ်တွေဆို မိုက်မှမိုက်ပဲ 

တာတေ- " ဆရာ Idiomလေ့လာချင်ရင်ရော???"

ကျွ်နိုပ်- " ဒီမှာ တာတေ အီဒီယမ် ဆိုတာ မသုံးတက်ရင် အဆိပ်အတောက်ပဲကွ ဒါပေမယ့် လက်တွေ့ ဘဝထဲမှာ အများဆုံး သုံးတဲ့ အသုံးအများဆုံး အီဒီယမ် စိတ်အချရဆုံး အီဒီယမ် တအုပ်တော့ရှိတယ်ကွ 

ဦးခင်မောင်လတ် (M A ) ရဲ့ 
" Everyday Expressions in English " ဆိုတဲ့ စာအုပ်ပဲကွ 
တာတေ မင်းကို ဒီနေရာမှာ ဆရာဦးခင်မောင်လတ် ဘယ်သူ ဆိုတာ နည်းနည်းပြောပြမယ်ကွ ။ ဦးခင်မောင်လတ်ဆိုတာ ဟိုတချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးအင်္ဂလိပ်စာ ဆရာကြီးကွ ။ ဆရာကြီးနဲ့ စကားပြောခဲ့ဘူးတဲ့ Oxford တက္ကသိုလ်က ပါမောက္ခ တယောက်ဆို ဆရာကြီးဟာ သူ့ထက် အင်္ဂလိပ်စာ တော်ကြောင်း တက်ကြောင်း ချီးမွန်းခဲ့တယ် တဲ့ ဆရာမကြီး ဒေါ် ခင်မျိုးချစ်ရဲ့ အမျိုးသားပေါ့ကွာ ။ ဒေါက်တာခင်မောင်ဝင်း တို့အဖေပေါ့

တာတေ- " ဆရာနဲ့တွေ့မှ ပဲ ဘာစာအုပ်တွေ ဖတ်ရမယ် ဆိုတာ သေသေချာချာကို သိတော့တယ် ဆရာရေ"

ကျွ်န်ုပ်- ဘာသာစကားတခုကို လေ့လာတာ ကောက်ရိုးမီးလို မဖြစ်ရဘူးတာတေရ ဖွဲမီးလို လိုချင်စိတ်က တမြေ့မြေ့ရင်ထဲမှာ လောင်ကျွမ်းနေရတယ်။ ခုနေ ဝုန်းဆို လေ့လာ တပါတ်လောက်ကြာတော့ မေ့သွား အဲ့လို လူမျိုးတွေ တသက်လုံး မတတ်ဘူး ဆိုတာ မငိးသိထားရမယ် တာတေရေ

တာတေ- " ဟုတ်ကဲ့ပါဆရာ မှတ်ထားပါ့မယ် ။ ဒါနဲ့ တခုလောက် ထပ်မေးပရစေ ဆရာ ရယ် 
ခု Grammar လေ့လာနည်းလဲ သိသွားပြီ ။ဘယ်အဘိဓာန်ကောင်းလဲ ဆိုတာလည်း ပြောပြပြီးပြီ ။ နောက်ဆုံး အဆိပ်အတောက်မဖြစ်မယ့် အီဒီယမ် စာအုပ်က အစဆရာပြောပြပေးတယ် စကားပြောစာအုပ်ရော E to E စကားပြောရော 

အခု ဆရာ့ကိုမေးချင်တာက 
ကျွန်တော် အဲ့ဒါတွေ တက်ပြီဆိုပါစို့ Listening အပိုင်းကျ ဘယ်လို လေ့ကျင့်ရမလဲ ဆရာ အင်္ဂလိပ်တယောက် ပြောတဲ့ အသံကို မကြားဖူးပဲ တယောက်ထဲ ပြောနေ လေ့ကျင့် နေရုံနဲ့ တက်မယ် နားလည်လိမ့်မယ် မထင်ဘူးဆရာရယ်

ကျွ်န်ုပ်- " သိပ်မှန်တာပေါ့ တာတေရာ 
အေး ဆရာနည်းပေးမယ် 

မငိး thinking လည်း ပိုင်ပြီ Tense တွေလည်းနိုင်ပြီဆို ဒီလိုလုပ်ကွာ 

Youtube မှာ " English Subtitle for Spoken English Lesson " ဆိုပြီးရိုက်ရှာ အများကြီးတွေ့လိမ့်မယ် Video Fileတွေ စာတမ်းထိုးတွေ 

အဲ့လိုမှ မရရင် " Spoken English Lessons with lyrics by A J Hoge " လို့ ရိုက်ရှာ Tubemate ရှိရင် အဲ့ကရှာပြီး Download ဆွဲ ။ နားထောင်စမ်း တမုန်း

အတော်အတန် နားလည်လာပြီ ဆိုရင် 

ဆူးလေ ကိုသွား နိုင်ငံခြားသားတွေ တွေ့ရင် မိတ်ဆက် ကျွန်တော် ဘယ်သူပါ ဘယ်ဝါပါပြောပြ အင်္ဂလိပ်စကားပြော လေ့ကျင့်ချင်လို့ပါလို့ပြော နိုင်ငံခြားသားတွေ အဲ့လောက်မရိုင်းပါဘူးကွာ လက်ခံမှာပါ။

တာတေ- " ကျေးဇူးပါ ဆရာ ကျွန်တော် ကြိုးစားပါတော့မယ် " 

ဟုဆိုလျက်. မောင်တာတေ တယောက် ကျွ်န်ုပ်အား ရှိခိုးကန်တော့လျက် ပြုံရွှင်တကိကြွသော ခြေလှမ်းအစုံဖြင့် ပြန်သွားလေတော့သည် ။ 

ဆက်လက်ကြိုးစားပါဦးမည်။

စိုးမိုးအောင်(ဧညိ့လမ်းညွှန် )