မြေးလုပ်သူက အဖိုးကိုမေးတယ် -

အဖိုးတို့လက်ထက်တုန်းက…..
- ကွန်ပျူတာလည်း မရှိ
- ဒရုဏ်းလည်း မရှိ
- Bitcoin လည်း မရှိ
- အင်တာနက်/ဝိုင်ဖိုင်လည်း မရှိ
- တီဗီလည်း မရှိ
- အဲကွန်းလည်း မရှိ
- ဟန်းဖုန်းလည် မရှ်ိ
ဘယ်လိုများ အချိန်တွေကုန်အောင်နေခဲ့ကြလဲ။
ပျင်းစရာကြီး။

အဖိုးလုပ်သူကလည်း ပြန်ပြောတယ် -

မြေးတို့ ခုခေတ်အသက်ရှင်နေကြတာ……
- ဂရုဏာ မရှိ
- ကိုင်းရှိုင်းမှု မရှ်ိ
- လေးစားမှု မရှိ
- အကျင့်စရိုက်ကောင်း မရှိ
- ပညာရေး အလေးမထား
- လူ့ကျင့်ဝတ် မရှိ
- ကြင်နာညှာတာမှု မရှိ
- အရှက်တရား မရှိ
- ကျိုးနွံမှု မရှိ
- ရိုးသားမှု မရှိ
- သစ္စာတရား မရှိ
ဘယ်လိုများ နေထိုင်နေကြသလဲ။

တကယ်တော့ 
၁၉၃၀ ကနေ ၁၉၈၀ ကြား မွေးဖွါးသူတွေကမှ
အကောင်းဆုံးဘဝကို ပိုင်ဆိုင်ထားကြတာပါ။

*စက်ဘီးစီးဆော့ကစားကြတာ
        ဘယ်သူမှ helmetဦးထုပ်မဆောင်းဘူး
*ကျောင်းဆင်းလို့ အိမ်စာလုပ်ပြီးရင်
        လမ်းပေါ်မှာကစားကြတာ နေဝင်တဲ့အထိပဲ။
*တကယ့်သူငယ်ချင်းတွေနဲ့ပဲ ကစားတာ
        အွန်လိုင်းက မမြင်ရတဲ့သူငယ်ချင်းတွေ မဟုတ်ဘူး။
*ရေငတ်တဲ့အခါ ဘုံဘိုင်ရေ စမ်းရေ
        အကုန်သောက်တယ်၊ ရေသန့်ဘူး မလိုဘူး။
*ဇွန်းအတူတူ ပန်းကန်အတူတူ ရေခွက်အတူတူ
        သူငယ်ချင်းတွေ မျှသုံးခဲ့ကြတာ၊
        ဘယ်သူမှ ဖျားတယ် နာတယ် ရောဂါကူးတယ် မရှိဘူး။
*နေ့တိုင်း ထမင်းအဝစားတယ် ပေါင်မုန့်အဝစားတယ်၊
        အဝလွန်တယ် ဆိုတာ မရှိခဲ့ပါဘူး။
*ဖိနပ်မပါ ခြေဗလာနဲ့ ပြေးလွှားကြတာပဲ၊
        ဘာဖြစ်တယ် ညာဖြစ်တယ် မကြားဖူးပေါင်။
*ကျန်းမာဖို့ ဖြည့်စွက်စာ မစားခဲ့ဖူးဘူး။
*ကိုယ့်အရုပ် ကိုယ်လုပ် ကစားခဲ့ကြတယ်။
*မိဖတွေက ငွေကြေး မချမ်းသာကြဘူး၊ 
         ဒါပေမဲ့ မေတ္တာချမ်းသာကြတယ်။
*ဆဲလ်ဖုန်း ဒီဗီဒီ Play station, Xbox, Video game,
        အင်တာနက် ကွန်ပျူတာတွေ မရှိဘူး၊
        သူငယ်ချင်းအစစ်တွေပဲ ရှိတယ်။
*မဖိတ်လည်း သူငယ်ချင်းအိမ် သွားလည်လို့ ရတယ်၊
        သူငယ်ချင်းအိမ်မှာ ဆော့လို့ရတယ်၊ စားလို့ရတယ်၊
        ညအိပ်လို့ရတယ်။
*အဖြူအမည်းဓါတ်ပုံပဲ ရှိခဲ့ပေမဲ့
        ဓါတ်ပုံထဲက အတိတ်တွေက အရောင်စုံလှတယ်။
*သူငယ်ချင်းတွေက တယောက်နဲ့တယောက်
        စည်းလုံးကြတယ်၊ နားလည်မှုရှိကြတယ်။
        ဘာလို့လဲ ဆိုတော့ မိဖဆိုဆုံးမမှုကို နားထောင်ခဲ့တဲ့
        နောက်ဆုံးမျိုးဆက်တွေမို့ပါ။

ထပ်ပြောရမယ်ဆိုရင် အဲဒီမျိုးဆက်တွေက
သားသမီးတွေရဲ့တုန့်ပြန်စကား/ရင်ဖွင့်သံကို 
ပထမဆုံးနားထောင်ခဲ့တဲ့ မိဖတွေပဲ။

တကယ်တော့ ငါတို့ဟာ limited edition တွေပါ။

Take advantage of us. Learn from us. 
We are a treasure destined to disappear soon.

MHA12052024