တချို့က မျက်ရည်ကျတာ မြင်ရင် ပျော်တယ်။ ဆင်းရဲတာကြားရင် ဝမ်းသာတယ်
အားရတယ်။ ပါးစပ်ဖျားမှာက မေတ္တာတရားနဲ့ပြောပြီး နှလုံးသားမှာက မစ္ဆရိယပွားတယ်။

ပင်လယ်ရေကို တစ်ယောက်တည်း အပိုင်စီးချင်တယ် ကိုယ့်ထက်သာရင် မနာလိုစိတ်များတယ်။

ကူမလိုနဲ့ ယူတယ်။ ထူမလိုနဲ့ ခြူစားတယ်။
ခြေထိုးပြီး လှဲကျသွားအောင်လုပ်တယ်။
သူများကို နင်းပြီး အပေါ်တက်ချင်တယ်။

ငါက ပိုသာ ပိုတော် ပိုတတ် ပိုသိ ပိုနားလည်တယ် ပိုချမ်းသာတယ်ဆိုပြီး ပြိုင်တယ်။

လူသားအချင်းချင်း မဟုတ်မဟတ် ပြောကြတယ်။ ထွင်ပြောတယ်။ စကားနဲ့ အနိုင်ပိုင်းတယ်။ လူသားအချင်းချင်း တိုက်ခိုက်တယ်။ တွန်းချတယ်။

အဲ့လိုလူမျိုးက အငုံစိတ်ရှိတဲ့ လူမျိုး။
ကြောက်စရာအကောင်းဆုံးပဲ။
အဲ့လိုလူမျိုး မဖြစ်ရ‌အောင် ဆင်‌ခြင်ရမှာကလည်း လူပါပဲ။

Crd: