“မိန်းမဖြစ်သူက မှန်ထဲမှာ သူ့ကိုသူ
 ကြည့်ပြီး ခင်ပွန်းဖြစ်သူကို မေးတယ်။

နင်....ငါ့ကိုချစ်သေးလား? လို့
ခင်ပွန်းဖြစ်သူကို လှမ်းမေးတော့

ခင်ပွန်းဖြစ်သူက ပြန်ဖြေတယ် 
"ချစ်တာပေါ့ မိန်းမရာ" လို့

ဒါပေမယ့် ငါ့ကိုယ်ခန္ဓာက တို့တွေစတွေ့တုန်းကနဲ့တော့ မတူတော့ဘူး မဟုတ်လား? လို့ ထပ်မေးတော့

"အဲ့လိုလဲ မဟုတ်ဘူး၊ ငါသတိမထားမိဘူး၊ မိန်းမရာ" ယောက်ျားကပြန်ဖြေတယ်။

မိန်းမက သူ့လက်ကို သူ့ဗိုက်ပေါ်တင်ပြီး ခုလို သူ့ခင်ပွန်းကို ပြန်ပြောတယ်၊
"ကြည့်ရတာ ငါ့ဗိုက်က တစ်နေ့တစ်နေ့
 ပိုကြီးပြီး ပိုလေးလာလို့ ဗိုက်ပူမကြီး ဖြစ်နေပြီ နော်
ငါ့ခြေတံတွေလဲ အရင်လို မချောမွေ့၊ မလှ
တော့ဘူး။

မိန်းမသည် ပြောရင်းဆိုရင်း မျက်ရည်များဝဲကာ ခင်ပွန်းဖြစ်သူ အနီးနားသို့ လှမ်းလာပြီး
 “ဘာအတွက်ကြောင့်များ ခုထိ ငါ့ကို ချစ်နေတာလဲ?"လို့ မေးလိုက်တော့

ခင်ပွန်းဖြစ်သူက ဒီလို ပြန်ဖြေတယ်.... 
"မင်းရဲ့ခန္ဓာကိုယ်ကို ထိလိုက်တာနဲ့ ငါခံစားရတယ်။
မင်းရဲ့အချစ်၊
မင်းရဲ့ကြင်နာတတ်တဲ့နှလုံးသားကို ငါမြင်ရတယ်
မင်းရဲ့ လှပတဲ့ရုပ်ရည်ကို ငါမြင်နိုင်သေးတယ်
ပြီးပြည့်စုံတဲ့ ပုံသဏ္ဍာန်ဆိုတာ ငါ ကောင်းကောင်း သိတယ်၊

မင်းကိုချစ်တယ်ကွာ...
မင်းရဲ့ ခုပုံစံအပေါ် အာရုံမထားပါနဲ့ နော်

ကျေးဇူးပြုပြီး
ငါမင်းကို မြင်တဲ့ပုံစံအပေါ် စိတ်ချစွာ
ကျေနပ်၊ လက်ခံ ပေးပါကွာ...

ပြီးတော့ မင်းကို ချစ်လို့မဝ ရူ့မဝ ဖြစ်နေတုန်း၊
ငါ့ရင်ဘတ်ကြီးနဲ့ ငါ နင့်ကို ခံစားလို့ ရနေတုန်းပဲ။

မင့်ကို ချစ်နေတဲ့ ငါ့မေတ္တာက
 'ငါ့ဘဝတစ်ခုလုံး ပုံအပ်ပြီး၊ သစ္စာနဲ့ထပ်ကာ ရိုးမြေကျ အိုမင်းထိတိုင် ရှင်သန် နုပျို လှပနေမယ့် အချစ်စစ် မို့လို့ပါ။'

ငါ့မျက်စိ(အမြင်)နှင့်မချစ် ရပါ။
နှလုံးသားနဲ့ ဘဝနဲ့ထပ်တူ တန်ဖိုးထား မေတ္တာမျှနေရခြင်းမျိုးပါ" တဲ့ဗျာ.....