တစ်ခါတုန်းက ခဏခဏ စကားများတတ်ကြတဲ့ လင်မယားနှစ်ယောက် ရှိတယ်။
ဒါပေမယ့် စကားများတဲ့ အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ် တယ်။
.
တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့ မေးလာမိတယ်။
.
"ယောင်္ကျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှေ ာ့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ"
.
သူ့ယောင်္ကျားဒီလို ပြန်ဖြေတယ်။ "မင်းက ကိုယ့်မိန်းမ လေကွာ။
ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြုံလို့ ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ။ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ 
စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ။ ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။ တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။ တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။

တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့။
တစ်ယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယာက်လုံး ပျော်ရွှင်နိုင်မှာလေ။ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်
ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး" .. တဲ့။
.