ပေးချင် ကမ်းချင်သော စိတ်ကြောင့်ပင်
ပေးနိုင်ကျွေးနိုင်သော ဘဝကို ရောက်လိမ့်မည်။

မနာလိုဝန်တိုသော စိတ်ကြောင့်ပင်
ခက်ခဲဆင်းရဲသော ဘဝသို့ ရောက်လိမ့်မည်။

မှန်မှန်ကန်ကန်ပြောတတ်သော စိတ်ကြောင့်ပင် ဆိုတိုင်းဖြစ်တဲ့သစ္စာရှင် ဘဝသို့ ရောက်လိမ့်မည်။

လိမ်ပြောတတ်သော စိတ်ကြောင့်ပင်
နှုတ်စက် လျှာစက် သိမ်ဖျင်းလျက် လူတွေ 
အယုံအကြည်မဲ့သွားသော ဘဝသို့ ရောက်လိမ့်မယ်။

သူတစ်ပါးကို ကူညီချင်သော စိတ်ကြောင့်ပင်
အကူအညီပေးနိုင်သော ဘဝသို့ ရောက်လိမ့်မည်။

သူများအကျိုးစီးပွားကို ဖျက်ဆီးလိုသော စိတ်ကြောင့်ပင်
ပျက်စီးသော ဘဝကို ရောက်လိမ့်မည်။

လောကကြီးမှာ ဘာမဆို 
ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ 
အကြောင်းမဲ့သက်သက် ဖြစ်နေတာ မဟုတ်ဘူး။

စိတ်စေခိုင်းတဲ့ အပြုအမူတွေကြောင့် 
အကောင်းအဆိုးတွေ ကွဲနေကြတာပါ။

ဒါကြောင့် စိတ်ကောင်းစိတ်မြတ်တွေမွေးပြီး စိတ်လှလို့ ဘဝလှတဲ့ ဘဝမျိုးဖြစ်အောင်
ကြိုးစားကြရမယ်။

 မိမိစိတ်နှင့်တန်သော ဘဝကိုသာ ရကြပါလိ့မ်မည် ။

crd to original