ဆယ်နှစ်ကျော်လောက် ကွဲကွာ နေကြသော အညာဒေသမှ သူငယ် ချင်းနှစ်ယောက် ရန်ကုန်မြို့၊ အနော်ရထာလမ်းပေါ်တွင် ဆုံမိကြသည်။ ထို့နောက် နီးစပ်ရာ လက်ဖက်ရည်ဆိုင် ထဲသို့ ဝင်သွားကြသည်။

“ဟာ . . . မျိုးဇော်ဦးရာ မင်းနဲ့ငါ ရှစ်တန်းပြီးကတည်းက ကွဲသွားလိုက်ကြတာ ... ဆုံမယ့်ဆုံတော့လည်း ရန်ကုန်မှာ လာဆုံရတယ်လို့”

“ဝမ်းသာလိုက်တာ မိုးဝင်းရာ ခုလိုပြန်ဆုံရတာ။  မင်း ရန်ကုန်ရောက်နေတာကြာပြီလား။ ဘာတွေလုပ်နေလဲ ”

“ရန်ကုန်ရောက်နေတာ ငါးနှစ်လောက်ရှိပြီ။ အခု အသုပ်စုံရောင်းနေတာ။ ရန်ကုန်မှာ ငါတို့ အညာသားတွေ အများကြီးပဲကွ”

“ငါလည်း သုံးနှစ်လောက်ရှိပြီ။ ပလပ်စတစ်စက်ရုံမှာ လုပ်နေတာ။ အရင်က လှိုင်သာယာမှာ။ အခုတော့ တောင်ဥက္ကလာမှာ။ ဘေလီတံတား အဆင်းလေ......

"မင်း မိန်းမရပြီလား ... မိုးဝင်း......

''မရသေးပါဘူးကွာ . . . မင်း ရော.....

“အတူတူပါပဲကွာ" ပြောပြီးပြိုင်တူရယ်ဖြစ်ကြသည်။ သို့သော် အသက်မပါလှ။

“ဒါနဲ့ မိုးဝင်း .. မင်းတခြား အလုပ်မလုပ်ဘူးလား”

“ဒီအလုပ်လည်း အဆင်ပြေပါတယ်။ တစ်ခါတလေတော့ ခေါင်းနဲ့ လုပ်တဲ့အလုပ် လုပ်တယ်''

“ဘာ . . . ခေါင်းနဲ့အလုပ်လုပ်တယ် ဟုတ်လား .. မင်း မဟုတ်တာတွေ

"တစ်လွဲမတွေးပါနဲ့ကွာ ... ခေါင်းနဲ့စဉ်းစားရတဲ့ စာရေးတဲ့အလုပ်ကိုပြောတာ”

“မသိပါဘူးကွာ . . . ခေါင်းဆိုတော့ ဟိုဟာလားလို့”

“ကိုယ်ထင်ရာကိုယ် မတွေးနဲ့လေ
မင်း ပြောသလိုဆို ငါလည်း;တစ်ခါတလေ ငါတို့အိမ်ဘေးနားက လင်မယားနှစ်ယောက်ရဲ့ ခေါင်းနဲ့လုပ်တဲ့အလုပ်ကို ဝင်ကူရသေးတယ်”

“ဟေ . . . သူတို့ကလည်း စာရေးတာပဲလားဟ . . .

““မဟုတ်ပါဘူး” ဒါဆို

မျိုးဇော်ဦး ပြန်ဖြေလိုက်သော စကားကြောင့် ပြိုင်တူပြုံးပြီးရယ်လိုက်ကြသည်။

“မိန်းမက အလှပြင်ဆိုင်မှာ ခေါင်းလျှော်တယ်ကွာ။ ယောက်ျားက ဆံပင်ညှပ်ဆိုင် 
ဖွင့်ထားတယ်လေ”

အောင်မိုးသွင်