”စာမဖတ်သောနေ့ကို အဓိပ္ပာယ်မဲ့သောနေ့”လို့ 
ရှိတ်စပီးယားက ပြောခဲ့တယ်။ 

 ”စာဖတ်ချိန် မရှိလောက်အောင် အောင်မြင်ဖို့ ကြိုးစားနေပါတယ် ဆိုတဲ့ သူတွေဟာ ဘယ်တော့မှ အောင်မြင်တဲ့သူတွေ ဖြစ်လာ
မှာမဟုတ်ဘူး” လို့ ကွန်ဖြူးရှပ်က ပြောခဲ့
တယ်။

 ဆရာကြီးဦးအောင်သင်းကလည်း ”မင်းကိုမင်း ချစ်ရင် စာဖတ်ပါ၊ပညာသင်ပါ။

မိဘကိုချစ်ရင် စာဖတ်ပါ၊ပညာသင်ပါ။တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင် စာဖတ်ပါ၊ပညာသင်ပါ” ပါလို့ ပြောကြားခဲ့ဖူးပါတယ် ........... ။

~ ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိူင်တာ
    စာဖတ်လို့ပါ။
~ အာရုံစူးစိုက်မှု အားကောင်းစေတာ
    စာဖတ်လို့ပါ။
~ ဗဟုသုတများစွာကြွယ်ဝစေတာ
    စာဖတ်လို့ပါ။
~ အတွေးအခေါ် မြင့်တက်လာနိူင်စေတာ
    စာဖတ်လို့ပါ။
~ စိတ်ဖိစီးမှု လျော့ကျစေနိူင်တာ
    စာဖတ်လို့ပါ။
~ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိူင်တာ
    စာဖတ်လို့ပါ။
~ လူတွေကိုပိုပြီး နားလည်ပေးနိူင်တာ
    စာဖတ်လို့ပါ။
~ အတွေးအကြံ အတွေ့အကြုံကို
    လက်ဆင့်ကမ်းပေးနိူင်တာ
    စာဖတ်လို့ပါ။
~ စာအုပ်ကောင်းတစ်အုပ်ဟာ
    အခြားကမ္ဘာဆီ ဆွဲခေါ်သွားနိူင်တာ
    စာဖတ်လို့ပါ။
~ ဘယ်သူတွေ ဘာပြောနေနေ မင်းကိုမင်း
    ချစ်ရင်
    ပညာသင်ပါ၊စာဖတ်ပါ။
~ မိဘကို ချစ်ရင်
    ပညာသင်ပါ၊စာဖတ်ပါ။
~ တိုင်းပြည်နဲ့လူမျိုးကို ချစ်ရင်
    ပညာသင်ပါ၊စာဖတ်ပါ။

                မောင်သိမ်မွေ့ (မန်းတက္ကသိုလ်)