-----------------------------------
တော်ရုံနဲ့ ပြိုလဲသွားတတ်ဖို့ မင်း မိဘတွေက   
ပျိုးထောင်ပေးခဲ့တာမှ မဟုတ်ပဲ။
မျက်ရည်တွေခဏခဏကျပြပြီး လောကကြီးကို  စိတ်ကုန်နေရတဲ့ အကြောင်း depressionတွေ ခဏခဏ ဝင်ပြနေလို့ ဖြစ်ပါ့မလား။

မပျော့ညံ့ပါနဲ့ ။
မာကျောတတ်အောင် ကြိုးစားပါ။ ။

ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက် ၊
မနာလို စကားဒဏ်တွေ ၊ အကဲ့ရဲ့ ဒဏ်တွေကို ခံနိုင်ရည် 
ရှိအောင် နေစေချင်တယ် ။
မင်း ဘာပဲ လုပ်လုပ် အကောင်းပြောမှာ မဟုတ်တဲ့ 
ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကြားမှာ
မင်း ရည်မှန်းချက်တွေကိုပဲ အာရုံ စိုက်စေချင်တာ။

ဟင့်အင်း . . . မလိုပါဘူး။
လူတိုင်းကို အမြဲပြုံးပြပေးနေဖို့ မလိုဘူး။
တစ်ချို့ လူတွေ အတွက်က ခပ်တည်တည်နေခြင်းနဲ့ပဲ  အဆင်ပြေတယ်။

အချစ်နဲ့ ပတ်သပ်တဲ့ မင်းခံစားချက်ကိုလည်း ထိရှ 
မလွယ်စေချင်ဘူး။
မင်းကို မချစ်တဲ့သူကို အတင်းအကျပ် 
တွယ်ကပ်နေတော့ရော ဘာတွေများ ပြောင်းလဲသွား
နိုင္တာ မို့လို့လဲ ။
ဖြစ်နိုင်ရင် ခံစားချက်ကို ရှေ့တန်းမတင်ပဲ 
ထိန်းချုပ်တတ်စေချင်တယ် ။

ဘယ်သူ့ကိုမှ အယုံမလွယ်ပါနဲ့။
(မင်းရဲ့ ဒူးကတောင် ယုံလို့မရဘူး)
ကိစ္စတိုင်းမှာ ပါးရည်နပ်ရည် ရှိတတ်အောင် မင်းကို 
မပိန်းစေချင်ဘူး။

လူတွေအာရုံစိုက်လာအောင် လုပ်ယူနေဖို့မလိုဘူးကွာ။
ထိပ်ဆုံးကိုသာ ရောက်အောင်တက်ပြလိုက်။
မင်းကို လူတိုင်းမြင်မှာပါ