လူတစ်ယောက်အပေါ်မှာ မေတ္တာထားချင်ရင်ကောင်းကွက်လေးတွေကိုရှာကြည့်။
ဆိုးကွက်တွေသွားမကြည့်နဲ့။လူဆိုတာ အကောင်းအဆိုး ရောနေတာပဲ။
ဘယ်သူမှ အကောင်းချည်း မရှိဘူး။ဘယ်သူမှ အဆိုးချည်းလည်း မရှိဘူး။
ကောင်းကွက်ကိုရှာ မေတ္တာကိုပွားဆိုတာ...
"ယောနိသော မနသီကာရ"ကို ပြောတာ။
ကောင်းကွက်ကို ရှာမတွေ့နိုင်ရင်မေတ္တာ မပွားနိုင် ဘူး။
မေတ္တာမပွားနိုင်ရင်ချက်ချင်း ဘယ်သူ ဒုက္ခ ဖြစ်လဲဆိုရင်ကိုယ့်ရဲ့ နှလုံးပူလောင် ခံရတယ်။
ငရဲ ကျမှာတွေ နောက်ထား၊
ရုပ်ဆိုးမှာတွေ နောက်ထား၊
ကိုယ်အရင် ဒုက္ခ ဖြစ်တာပဲ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ