အရိုးသားဆုံး ထမင်းတစ်လုပ်နှင့်
အရိုးသားဆုံး ဟင်းတစ်ခွက်ဟာ
ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ တန်ဖိုးတစ်ခုပဲ
သူတစ်ပါး၏ မျက်ရည်ကြီးငယ်မကျဘဲ
ဝမ်းစာရှာရတာဟာ အပူအပင်ကင်းမဲ့တယ်
စားရသောက်ရတာလည်း မြိုကျတယ်လေ
ပြီးတော့ အဲ့လိုထမင်းဝိုင်းမျိုးဟာ ဘယ်လောက်ပဲ
ပေတီးပေစုတ်ဖြစ်နေပါစေ သန့်ရှင်းတာထက် ပိုတယ်
ထို့ကြောင့် ဘာပဲလုပ်လုပ် လောဘစိတ်မထားနဲ့
လောဘစိတ်ဆိုတာ အတ္တသမားတွေမှာဘဲ ရှိတယ်
အဲ့ဒီထဲမှာ ကိုယ်မပါရအောင် အလုပ်တစ်ခုကို
လိပ်ပြာသန့်သန့်နဲ့ လုပ်ဖို့အတွက် သတိပြုပါ
သူတစ်ပါး ချမ်းသာတာကို ကြည့်ပြီးတော့
အထင်ကြီး အားကျမမိပါစေနဲ့
တချို့ချမ်းသာမှုတွေရဲ့ နောက်ကွယ်မှာ
အမဲစက်ပေါင်းများစွာ ပါနေတယ်ဆိုတာလည်း
နားလည်သဘောပေါက်ထားဖို့တော့ လိုတယ်
ဖြစ်နိုင်မယ်ဆိုရင် လက်ရှိဘဝလေးကို ခင်တွယ်ပါ
ဖြစ်နိုင်မယ်ဆိုရင် လက်ရှိဘဝလေးကို ကြင်နာပါ
ဖြစ်နိုင်မယ်ဆိုရင် လက်ရှိဘဝလေးကို မြတ်နိုးပါ
ဖြစ်နိုင်မယ်ဆိုရင် လက်ရှိဘဝလေးကို တန်ဖိုးထားပါ
လက်ရှိ ကိုယ်စားနေတဲ့ ထမင်းတစ်လုပ်ကိုသာ
မိန်ရေရှက်ရေစားသောက်ပြီး ကျေနပ်လိုက်စမ်းပါ
ကိုယ်ချွေးနှင့်သွေးနဲ့ ရင်းပြီးမှ ရလာသည့်
တစ်ပဲခြောက်ပြားမှာ ခွဲတမ်းထုတ်ကာ
လှူတမ်းရတဲ့ ပီတိထက် မွန်မြတ်တဲ့အရာ
ဒီလောကတွင် မရှိဘူးဆိုတာ သိစေချင်တယ်..........
နွေမိုးသား(((✍)))