Solar ဟာ ကနဦးတပ်ဆင်ခ ကုန်ကျစရိတ် ကြီးမားသော်လည်း တပ်ဆင်မှု ပြီးစီးက လှည့်ကြည့်စရာ သိပ်မလိုအပ်တော့ပေ။
မီးစက်ကတော့ ကနဦး ဝယ်ယူခ ကုန်ကျစရိတ် သက်သာသော်လည်း နောက်ပိုင်း ပါးပါးလှီး၍ သမ ပါတယ်။ အလုပ်ရှုပ်တယ်၊ မိသားစုထဲမှာ လုပ်တတ် ကိုင်တတ်သူ နားလည်သူရှိမှ အလုပ်ဖြစ်မယ့် ပုံစံမျိုးပါ။
ဆိုလာဟာ နေရာ‌ဒေသ ရွေးချယ်ရပါတယ်… (ဥပမာ- နေရောင်ခြည် ကျရောက်မှု အားနည်းသောဒေသများမှာ မတပ်ဆင်သင့်ပေ)။ မီးစက်ကတော့ ဒါကို ထည့်တွက်ရန် မလိုပေ။
Solar ဟာ အကုန်အကျခံပြီး ကျွမ်းကျင်သူများဖြင့် သေချာ ကျကျနန တပ်ဆင်ပြီးရင်တော့ ကိစ္စပြီးပြီ ဖြစ်ပါတယ်။ နောက်နောင် အချိန်ကြာမြင့်အောင် လှည့်ကြည့်စရာ မလိုအပ်ပေ။
မီးစက်ကတော့ ဝယ်ယူ တပ်ဆင်ပြီးသော်လည်း မပြီးပြတ်သေးပေ။ စက်ဆီ ဝယ်ရခြင်း၊ ဆီ လှောင်ထားရခြင်း၊ ဆီ ထည့်ပေးရခြင်း၊ ရေထည့်ရခြင်း အင်ဂျင်ဝိုင်များ
မကြာခဏ စစ်ဆေးရခြင်း၊ စက်အကြောင်း အနည်းငယ် နားလည်ထားသူမှသာ နိုးခြင်း ရပ်ခြင် းပြုလုပ်နိုင်ခြင်း အစရှိတာတွေ ကျန်ပါဦးမယ်။
ဆိုလာဟာ လှည့်ကြည့်စရာ မလိုခြင်း၊ ပတ်ဝန်းကျင်ကိုလည်း ဆူညံမှု မပေးခြင်း၊ စနစ်ရဲ့လုပ်ဆောင်ချက်အားလုံး Auto System စနစ် ဖြစ်သောကြောင့် ဘာဆိုဘာမှ လုပ်ပေးနေစရာ မလိုပေ။
မီးစက် သည် နားငြီးစေခြင်း၊ ပတ်ဝန်းကျင်ကို ဆူညံစေခြင်း၊ ဂရုစိုက် ထိန်းသိမ်းပေးရခြင်းများ ရှိပါတယ်။ Solar ဟာ EPC မီးမှန်သည် ဖြစ်စေ၊ မမှန်သည် ဖြစ်စေ သူ့ဘာသာ Auto အလုပ် လုပ်ပေးနေ၍
သက်တမ်းကြာလာသမျှ မီတာခ သက်သာရာရပြီး ကုန်ကျစရိတ် ကာမိစေပါတယ်။ မီးစက်ကတော့ EPC မီးမှန်သွားရင်တော့ နှိုးစရာ မလိုအပ်တော့ပေ။ ဒါပေမဲ့ မနှိုးတာကြာရင်တော့ အဆင်မပြေ ဖြစ်တတ်တဲ့အတွက် ထိန်းသိမ် းဂရုစိုက်ထားပေးရခြင်း၊
EPC မီး မရရင်လည်း စက်မောင်းဆီ ကုန်ကျစရိတ် အင်ဂျင်ဝိုင် ကုန်ကျစရိတ် စသည်ဖြင့် ထပ်မံ ကုန်ကျရခြင်းတို့ ရှိပါတယ်။
မည်သို့ပင်ဆိုစေကာမူ Solar ဟာ ကနဦး တပ်ဆင်စရိတ် ကြီးမားသည်မှ လွဲရင် နောက်ပိုင်းကိစ္စ အားလုံးသည် လှည့်ကြည့်စရာ မလိုဘဲ အတော်လေး အဆင်ပြေချောမွေ့နေသည်ကို တွေ့ရှိရပါတယ်။
အရေးကြီးတာကတော့ Solar တပ်ဆင်မယ် ဆိုပါက ပေါချောင်ကောင်း မဆင်ကြဖို့ပါပဲ။