ဝိပဿနာအကျိုးတရား(၇)ပါးက ဘာတွေလဲလို့ဆိုတော့......
(၁)။ သတ္တာနံဝိသုဒ္ဓိယာ = ကိလေသာစင်စေခြင်း။
(၂)။သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့ သောကတွေမှ လွန်မြောက်စေခြင်း။
(၃)။ ပရိဒေဝါနံသမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှ လွန်မြောက်စေခြင်း။
(၄)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ= ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၅)။ ဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ = စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၆)။ဥာယဿ အဓိဂမာယ = မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုရရှိစေခြင်း။
(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ = နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။
ဆိုတဲ့ အကျိုးတရား(၇)မျိုးဖြစ် ပါတယ်။
(၁)။ သတ်တာနံ ဝိသုဒ်ဓိယာ
သတ္တဝါတို့အား ကိလေသာမှစင်ကြယ်စေခြင်းဆိုတဲ့ အချက်မှာ ဝိပဿနာ တရားအားထုတ်နေတဲ့အချိန်ကို ပြန်ပြီးကြည့်လိုက်ပါ။ တရားရှုမှတ်နေခိုက်မှာ လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာတွေစင်ကြယ်နေတာကိုတွေ့နိုင်ပါတယ်။ တရားရှုမှတ်နေခိုက်မှာ ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရ အလိုမလိုက် အနှစ်သာရမရှိတဲ့ သဘောတွေကို မြင်တွေ့ နေရတော့ လိုချင်မှုလောဘကိလေသာတွေ၊ မကျေနပ်တဲ့ဒေါသ ကိလေသာတွေ၊ မိုက်မဲတွေဝေမှုဆိုတဲ့ မောဟ ကိလေသာတွေကင်းစင်နေတာကို ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဒါက တရားရှုမှတ်ခိုက် မှာ ခဏတာ ကိလေသာတွေစင်ကြယ်နေခြင်းဖြစ်ပါတယ်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ အပြီးအပိုင် ရသွားပြီဆိုရင်တော့ ဆိုင်ရာကိလေသာများလည်း အပြီးအပိုင်ကင်းစင်းသွားမှာပါ။ ဒါကြောင့် ဝိပဿနာ (တနည်း) သတိပဋ္ဌာန်တရားရှုမှတ်ခြင်းဖြင့် ကိလေသာများစင်ကြယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၂)။သောကာနံ သမတိက္ကမာယ
စိုးရိမ်ပူဆွေးရတဲ့သောကတရားတို့မှလွန်မြောက်ခြင်း ဆိုတဲ့ အချက်ဟာ အားလုံးသောပုဂ္ဂိုလ်များအနေနဲ့ သားရေး သမီးရေး စီးပွားရေး အိမ်ထောင်ရေး စတဲ့ အရေးကိစ္စတွေကြောင့် စိုးရိမ်ပူဆွေးမှုဆိုတဲ့ သောကတရားတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ကြပါတယ်။ အဲဒီသောက တရားတွေဖြစ်လာတဲ့အခါ မဖြစ်အောင် ငြိမ်းပျောက်အောင် ပယ်ဖျောက်ပေးနိုင်တာ ဒီဝိပဿနာအလုပ်ပဲရှိ ပါတယ်။ ဝိပဿနာအလုပ်တရားကို ပွားများအားထုတ်ထားရင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့ သောက တရားတွေကို ပယ်ဖျောက်နိုင်ပါတယ်။ သောကတရားရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၃)။ ပရိဒေဝါနံ သမတိက္ကမာယ
ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှလွတ်မြောက်စေနိုင်ခြင်း။
သားဆိုးသမီးဆိုးများကြောင့် ငိုကြွေးပင်ပန်းရခြင်း၊ ဥာတိဗျသနဘေးဆိုတဲ့ ဆွေမျိုးတွေ သေကြေပျက်စီးလို့ ငိုကြွေးမြည်တမ်းပင်ပန်းရခြင်း၊
ဘောဂဗျသနဘေးဆိုတဲ့ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းကြောင့် ငိုကြွေးမြည်တမ်းပင်ပန်းရခြင်းဆိုတဲ့ အဆိုးတရားများ လူတိုင်းကိုယ်စီရှိနေကြပါလိမ့်မယ်။ အဲဒီတရားတွေ ဖြစ်လာတဲ့အခါ ထိုတရားတွေမှ လွန်မြောက်စေနိုင်တာ ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်ကို လုပ်ထားတဲ့သူများဟာ ထိုတရားများကြုံတွေ့လာခဲ့ရင်လည်း ထိုတရားတို့အပေါ်မှာ မှန်ကန်စွာနှလုံးသွင်း တတ်တာကြောင့် ထိုတရားတွေမှ လွန်မြောက်နိုင်စေပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၄)။ဒုက္ခဒေါမနဿာနံ သမတိက္ကမာယ
ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
ဘေးအန္တရာယ်အမျိုးမျိုးကြောင့်လည်းကောင်း၊ အနာရောဂါများကြောင့်လည်းကောင်း ကိုယ်ဆင်းရဲမှုများကို လည်း လူတိုင်းလူတိုင်းကြုံတွေ့နေကြရပါတယ်။ ထိုထိုသော ကိုယ်ဆင်းရဲမှုများကိုလည်း ဝိပဿနာတရား က လွန်မြောက်နိုင်ပါတယ်။ တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ကင်ဆာရောဂါ သွေးတိုးရောဂါခံစားနေရသူများ တရားအားထုတ်လိုက်တာ ရောဂါများပျောက်ကင်းသွားတယ်လို့ ဖတ်ဖူး မှတ်ဖူးကြမယ်လို့ထင်ပါတယ်။ ကုသလို့မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာရှင်များ နောက်ဆုံးအဆင့်အနေနဲ့ တရားအားထုတ်လိုက်လို့ ရောဂါများသက်သာပျောက်ကင်းပြီး ကျန်းမာချမ်းစွာနဲ့ အသက်ရှင်နေလျက်ရှိပါတယ်ဆိုတဲ့ သတင်းများကို လည်းကြားဖူးပါလိမ့်မယ်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာတရား သတိပဋ္ဌာန်တရားဟာ ထိုထိုသော ကိုယ်ဆင်းရဲမှုဆိုတဲ့ ကာယိကဒုက္ခမှလည်းလွန်မြောက်စေနိုင်ပါတယ်။
(၅)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ
ဒီအချက်က စိတ်ဆင်းရဲမှုမှလွန်မြောက်ခြင်း။ ဆိုပြီး စိတ်ဆင်းရဲမှု စေတသိကဒုက္ခကိုယူရပါတယ်။ဆိုလိုတာက တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်မသက်သာမှု စိတ်ဆင်းရဲမှုများ လူတိုင်းလိုလိုကြုံတွေ့နေရတာရှိပါတယ်။ ထိုသို့သော စိတ်ဆင်းရဲမှုများမှလည်း ဝိပဿနာ တရားကလွန်မြောက်နိုင်တယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။
(၆)။ ဥာယႆ အဓိဂမာယ
မဂ်ဥာဏ် ဖိုလ်ဥာဏ်များကိုရနိုင်ခြင်း။
ဝိပဿနာ သတိပဋ္ဌာန်တရားပွားများမှုရဲ့ အမြတ်ဆုံး အထွက်အထိပ်အကျိုးပါပဲ။ သတိပဋ္ဌာန်အလုပ် ဝိပဿာနာအလုပ်ဟာ ဘာဖြစ်အောင် အားထုတ်တာလဲဆိုတော့ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေရရှိအောင် အားထုတ်ကြတာပါ။ထိုမဂ်ချမ်းသာ ဖိုလ်ချမ်းသာများရရှိအောင် ဝိပဿနာအလုပ်ကိုလုပ်ပါမှရနိုင်ခြင်းဖြစ်ပါ တယ်။ ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာများကိုရရှိနိုင်တယ်လို့ဆိုလိုခြင်းဖြစ် ပါတယ်။
➿(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်း။
ဒါကနောက်ဆုံးအကျိုးတရားဖြစ်ပါတယ်။ နိဗ္ဗာန်ချမ်းသာဆိုတာ ဗုဒ္ဓဘာသာတိုင်းလိုလားတောင့်တနေတဲ့ အရာတခုပါ
ကျင့်ကြံပွားများနိုင်ကြပါစေ
(Pyae Sone-Taungoo)
#Photo By Pyae Sone-Taungoo ✍️
#ဓမ္မ_သုတ_ရသစာပေများအားဖတ်ရှုလိုပါက
အကောင့်အားAdd & followလုပ်ထား
နိုင်ပါတယ်ခင်ဗျ🙏🙏🙏
အောက်ကAdmin ရဲ့အကောင့်Linkလေးပါဗျ👇
https://www.facebook.com/phyo.pyaesone.188
အောက်ကAdmin ရဲ့page Linkလေးပါဗျ👇
https://www.facebook.com/profile.php?id=100064167216258
༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻