🌹 မိဘ အဝတ်အစား လျှော်ပါ။
🌹 မိဘကို ပြုစုပါ ကျွေးမွေးပါ ။
🌹 မိဘကို နေ့စဉ် ကန်တော့ပါ ရိုသေပါ ။
🌹 မိမိအိမ် သန့်ရှင်းပါ စည်းကမ်းရှိပါ ။
🌹 မိမိအိမ် မျက်နှာစာ သန့်ရှင်းပါ။
🌹 ဘုရားကျောင်ဆောင် သန့်ရှင်းပါ။
🌹 ဘုရားကို သက်ရှိဘုရားကဲ့သို့ ရိုသေပါ ။
🌹 ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ ဆီမီး
နေ့စဉ်ကပ်ပါ။
🌹 ဘုရား၊ တရား ၊ သံဃာ ဂုဏ်တော်ပွား
ပါ။
🌹 လမ်းပေါ်ရှိ အမှိုက်သရိုက် ၊
ဆူးများ မရှိအောင် လှည်းကျင်းပါ။
🌹 စေတီပရိဝုဏ် တံမြက်လှည်း
ကုသိုလ် ယူပါ။
🌹 ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေး
လုပ်ပါ။
🌹 အများသုံး အိမ်သာ သန့်ရှင်းရေး
လုပ်ပါ။
🌹 မြောင်းဆယ် ၊ မြောင်းဖော်၊
မြောင်းတူးပါ။
🌹 နံနက်ခင်းတိုင်း သံဃာအား ဆွမ်းလှူပါ ။
🌹 ရေတွင်း၊ ရေကန်၊ ရေ အလှူပြုပါ။
🌹 လမ်းမှာ အမှတ်တမဲ့ တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကို
ဒါနပြုပါ။
🌹 ပံ့သကူ ပစ်ပါ။
🌹 ကုသိုလ်ပြု စာရင်း မှတ်ပြီး၊
ပြန်လည် ပီတိပွားပါ။
🌹 သစ်ပင် စိုက်ပါ။
🌹 အများချမ်းသာစေရန် လမ်း လှူပါ။
🌹 ဆေး လှူပါ ယာဥ်အလှူ ဖိနပ် ကား လှူပါ ။
🌹 လေလွင့် တိရိစ္ဆာန်များကို ဒါနပြုပါ။
🌹 အရူး သူတောင်းစား ကျွေးပါ။
🌹 တံတားထိုးပါ၊ လှူပါ။
🌹 မတ်ေတာတရားနဲ့ ဆကျဆံပါ ။
🌹 ရဟန်းဒကာ ဒကာမအဖြစ် ခံယူပါ။
🌹 ရေနစ် တိရိစ္ဆာန်လေးများအား ဆယ်ပါ။
🌹 ငါးပါးသီလ လုံပါ ဥပုသ် စောင့်ပါ တရားထိုင်ပါ ။
🌹 စိတ်ကောင်း မွေးပါ။
🌹 ဒုစရိုက် ၁၀-ပါး ရှောင်ပါ။
🌹 ကျေးဇူးအောက်မေ့ပါ။
🌹 သူတော်ကောင်းတရား (၇) ပါး
ကျင့်သုံးပါ။
မှတ်ချက် ။ ။ အထက်ပါ အလုပ်များကို ဘာပဲ လုပ်လုပ် ပြီး ပြီးရော မလုပ်ပါနဲ့နော် ။
သဒ္ဓါ၊ ပီတိလေး ပွားပြီး ပုဗ္ဗ၊ မုဉ္စ၊ အပရ
စေတနာ (၃) တန်ရအောင် လုပ်ပေးပါ
မုချ ကံတွေ မြင့်လာမှာပါ။