လောကဓံ ဆိုတော့
လူတွေချ ည်း ကြုံရတယ် မထင်လေနဲ့
ဘုရားသော်မှ လောကဓံ ကြုံ သွားရတာပဲ ။
လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို
ခံရတာက အကောင်း လောကဓံ။
အကောင်းဘက်မှာလည်း ဒို့ထက် ပိုခံရတယ်။
အဆိုးဘက်မှာတော့ မပြောနဲ့တော့ ။
ဘုရားက ပိုခံရတယ် မှတ်လိုက်ပါ ။
မြို့လယ်ကောင် ဆင်နဲ့တိုက်သတ်ခံရတာ
ဘယ်သူ ကြုံ ဖူး လို့လဲ ။ ဘုရား ကြုံ ရတယ်။
လူပုံအလယ်မှာ ဘုရားနဲ့ရတဲ့ ဗိုက်ပါဆိုပြီး
စိဉ္စမာနလာပြီး အရှက်ခွဲတာ ကြုံ ရတယ်။
ဒါက အောင်ခြင်းရှစ်ပါးထဲ ပါတာလောက်
ပြောတာ။ တစ်ခြား လောကဓံတွေ ရှိသေးတယ်။
ဘုရား ရဟန္တာ နဲ့ သူတော်ကောင်းကြီးများဟာ
အကောင်း လောကဓံနဲ့ ကြုံ ကြုံ
အဆိုး လောကဓံနဲ့ ကြုံ ကြုံ
မတုန်လှုပ်တတ်ကြဘူး။
သနပ်ခါးလူးပေးလို့လည်း ပြုံးမပြဘူး ။
အိုးမဲသုတ်တော့လည်း မဲ့မပြဘူး ။
အကောင်း အဆိုး လောကဓံ အပေါ်မှာ
စိတ်ကို အညီအမျှထားတယ်။
လောကမှာ လောကစစ်နဲ့ လွတ်သူ မရှိပါဘူး ။
လူ့ဘ၀ သက်တမ်းတိုလေးမှာ
ချမ်းသာအောင် နေတတ်ရမယ်။
မနေတတ်ရင် ပစ္စည်းရှိလေ ဆင်းရဲလေ။
တို့ေမတၱာပို့တဲ့အခါ
"သုခိ အတ်တာနံ ပရိဟရန်တု" ဆိုတာ
ဘာကိုပြောတာလဲ ။
"မိမိကိုယ်ကိုယ်ချမ်းသာအောင်
ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း "
လို့ပြောတာ။
ဒီလိုဘာလို့ မေတ္တာပို့ရသလဲ ဆိုတော့
ဒုက္ခပေးမှာက မိမ်ိကိုယ်တိုင် ဖြစ်နေလို့ပဲ ။
ရန်သူဟာ မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ ။
ဒီတော့ ဒုက္ခ ဆင်းရဲ အစား
သုခ ချမ်းသာ ဖြစ်အောင် ဆောင်ရွက်ကြရမယ် ။
ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်
လုပ်နေတဲ့အထဲမှာ ဒုက္ခ အပေးဆုံးက
'' အတွေး '' ပဲ ။
''အတွေး'' သည် ဒုက္ခ အပေးဆုံး။
လုပ်စရာရှိတာ လုပ်နေ ဘာမှ မဖြစ်ဘူး ။
ရှေ့ကြိုတွေး နောက်ပြန်ပြီး စမြုံ့ပြန်နဲ့
အတွေးက ဒုက္ခပေးနေတာ။
ဒုက္ခတွေ ကိုယ်ဟာကိုယ် ရှာထားကြတာ ။
ကြိုက်တာ တစ်ခုရဖို့
မကြိုက်တာ ဆယ်ခုလောက်နဲ့
ရင်းပြီး ရှာထားကြတာ ။
အတွေးနဲ့ခံစားသူက
မတွေ့ခင်က လှုပ်နေပြီ ။
အရှိအတိုင်း (အတွေးမပါပဲ )
ခံစားသူက မလှုပ်ဘူး။
ဒီတော့ လောကဓံနဲ့ ကြုံ ဆုံရာမှာ
ထမင်းစားသလို ကျင့်လိုက်ပါ။
ဟင်းစားသလို မကျင့်ပါနဲ့ ။
ထမင်းစားတာ ထမင်းမှာ အရသာခံတာ
ရှိသလား။ ("မရှိပါဘုရား")
ဟင်းမှာသာ အရသာခံစားတာ ။
ချို ချဉ် ဖန်ငန်စပ် စသည်ဖြင့် အရသာခံတာ
ဟင်းမှာပဲ အရသာခံစားတာ မဟုတ်လား။
ဒီတော့ ရပ်ရွာထဲမှာ ဘယ်လိုကျင့်နေသလဲ ။
ထမင်းစားသလို ကျင့်နေသလား ။
ဟင်းစားသလို ကျင့်နေသလား။( ဟင်းစားသလိုကျင့်နေပါတယ်ဘုရား )
ဟင်းစားသလို ကျင့်တော့
ကောင်းတယ် ဆိုးတယ် ကြိုက်တယ် မကြိုက်ဘူး
ဆိုတာတွေ ဖြစ်လာတာပေါ့ ။
ကောင်းဆိုးနဲ့ ကြုံလို့ စိတ်တွေတုန်လှုပ်နေကြတာ ။
ဘုရားရဟန္တာ သူတော်ကောင်းကြီးတွေဟာ
ကောင်းဆိုးဘယ်လိုကြုံကြုံ မတုန်လှုပ်တော့ဘူး ။
သုခဖြစ်အောင် မလုပ်လို့
ဒုက္ခလည်းမဖြစ်တော့ဘူး ။
စိတ်ကို ပစ္စု ပ္ပန်တည့်တည့် ထားနိုင်လို့
* သုခိ အတ်တာနံ ပရိဟရန်တု *
ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင်ဆောင်နိုင်ကြပြီ ။
#ကျေးဇူးရှင်
#မဟာဗောဓိမြိုင်ဆရာတော်ကြီး
🙏🙏🙏🙏🙏🙏🙏🙏
crd
