မနေတတ်ရင်
ပစ္စည်းရှိလေ ဆင်းရဲလေပဲ။
ရာထူးကြီးလေ ဆင်းရဲလေပဲ။
ပစ္စည်းရှိရှိ မရှိရှိ ၊ ရာထူးရှိရှိ မရှိရှိ
နေတတ်မှချမ်းသာတာ။
ပြောစရာ အများကြီးထဲက
တစ်ခုပဲပြောရရင် "မတွေးနဲ့" လို့
သည်တစ်ခုပဲ ပြောချင်ပါတယ်။
ဆင်းရဲတာ အဲဒီ့အတွေးကနှောင့်ယှက်
နေလို့ ဆင်းရဲတာ။
ဒုက္ခ တစ်ကျပ်သားမှာ ပက်ပင်းကြုံဒုက္ခက
တစ်မတ်သားထက်မပိုပါ။
အတွေးကြောင့်ဖြစ်တဲ့ ဒုက္ခက
သုံးမတ်သားလောက်ရှိပါတယ်။
ဟိုပက်ပင်းကြုံ ဒုက္ခတစ် မတ်သားကတော့
ဘုရားရဟန္တာတွေလည်း မလွတ်ပါဘူး ။
အဲဒီ့တစ်မတ်သားက လောကဓံ ကိုး။
တရားအားထုတ်တယ်ဆိုတာ
မတွေးဖြစ်အောင် တရစပ်မှတ်ခိုင်းတာပါ။
အတွေးကို အမှတ်နဲ့လဲ ယူရတာပါပဲ။
တရားက ခန္ဓာထဲ ရှိပြီးသားပါ ။
ကိုယ့်အိပ်ထဲက ပိုက်ဆံ
ထုတ်ရေကြည့်သလိုပါပဲ ။
တရားရှာတယ်ဆိုတာ ကျွှဲပျောက်
နွားပျောက် ရှာ တာမျိုး မဟုတ်ပါဘူး ။
တွေးတယ်ဆိုတာ သူများကြောင့်တွေးတာ။
တွေးတော့ဘာဖြစ်သတုန်း ။
ကိုယ့်စိတ်ကို သူများက ပိုင်သွားတာပေါ့ ။
ကိုယ့် စိတ်က ကိုယ့်ထဲမှာ မရှိတော့ဘူး ။
ဥပမာ ကြက်တွေးမိရင်
ကြက်ဆီစိတ်ပို့ထားရတာ ။
ကိုယ်တိုင်ကြက်ဖြစ်သွားရပြီလေ။
၀က်တွေး၀က်စိတ်ပေါက်
ကိုယ်တိုင် ၀က်ဖြစ်သွားပြီလေ
တရားမှတ်တယ်ဆိုတာ သူများဆီထားတဲ့
စိတ်ကလေး ကိုယ့်ဆီ ပြန်ခေါ်တာ ။
မတွေးရင် ချမ်းသာပေါ့ဗျာ ။
မရှိလည်း ချမ်းသာ။ ရှိလည်းချမ်းသာ။
(မဟာဗောဓိမြိုင်ဆရာတော် ကြီး)
သဗဗှဒါနံ ဓမမှဒါနံ ဇိနာတိ
မေတ္တာများစွာဖြင့်
Credit
