ဂူဂျာရတ်ပြည်နယ်က လူ ဆိုးခေါင်းဆောင် အက်ဘ်ဒူလ် လာတစ်ဖ်ရဲ့အကြောင်းကို အခြေ ခံပြီး ဇာတ်အိမ်တည်ထားတယ်လို့ ဆိုကြပေမယ့်လည်း

ရုပ်ရှင်ထုတ် လုပ်သူတွေကတော့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုကိုသာ ပုံဖော် ထားတာလို့ ငြင်းဆိုထားပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ ကြား ကာလ အိန္ဒိယနိုင်ငံ ဂူဂျာရတ် ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ရဲ့ ပုံရိပ်ကို ရှုစားရမှာပါ။ ရာအီးစ်ဟာ

ဒုစရိုက်သမားဖြစ်လာတာမပြောနဲ့ ငယ် ငယ်ကတည်းက မကောင်းမှုအ တော်များများနဲ့ ယဉ်ပါးနေပြီး သားမို့လည်း ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက မှောင် ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာ လည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ

တစ်ယောက်ဖြစ်ပြီး သူဘယ် လောက်ပဲဆိုးသွမ်းပါစေ သူ့ဒေသခံတွေကတော့ သူ့ကို သဘောကျ ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူမွေးရပ်မြေကို

ထောက်ပံ့ ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး

သူကတော့ အမှုမှန်ပေါ် ပေါက်ရေးအတွက် လူဆိုးဂိုဏ်း သားတွေကို အမှန်အကန်ဖော် ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည် နယ်အုပ်ချုပ်မှုပိုင်းမှာပါ

ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင် ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ဖို့ ဖြစ်လာပါတော့တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့် ရဲအရာရှိရဲ့လက် က

ရာအီးစ်လွတ်မြောက်နိုင်ပါ့ မလား၊ ဒေသခံတွေ ချစ်ကြတဲ့ ရာအီးစ်ရဲ့ အနာဂတ်က ဘယ်လို ဇာတ်သိမ်းရမှာလဲ၊ မှောင်ခိုလော ကထဲက ရာအီးစ်ရဲ့ ငယ်စဉ်က နေ

အရွယ်ရောက်သည်အထိ ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေကို ကိုယ်တိုင်ကြည့်ရှုဖို့ ညွှန်းပေးလိုက်တယ်နော်။

#Credit - CM