သမိုင်းဝင် ဂုတ်ထိပ်တံတား ဖြစ်ပေါ်လာပုံ
***************°***************************

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ - နောင်ချိုမြို့ ကြားရှိ ဂုတ်ထိပ်တံတား(Goteik Viaduct) သည် ရှေးအကျဆုံး သက်တမ်းနှစ်(၁၂၀) ကျော်ရှိသော တောင်ကြားဖြတ် မီးရထားလမ်း တံတားဖြစ်သည်။ 

မန္တလေး-လားရှိုး သွားလမ်း ကျောက်မဲခရိုင် နောင်ချိုဘူတာအလွန် ခုနစ်မိုင်အကွာတွင် တည်ရှိပြီး ပြင်ဦးလွင်နှင့် လားရှိုးမြို့နှစ်မြို့ကြားမှ တံတားဖြစ်သည်။

 The World Largest Trestle မြင်းခုံးတံတားဖြစ်ပြီး Trestle စတီး သံမဏိသံချောင်းများဖြင့် ထောက်ခံတည်ဆောက်ထားသော တံတားဖြစ်သည်။ အင်္ဂလိပ်အင်ဂျင်နီယာ ဆာအာသာရန်ဒယ် (Sir Arthur Rendel)က စတာလင်ပေါင် ၁၁ဝဝဝဝ အကုန်အကျခံ၍ သံမဏိတိုင် ၁၆ တိုင်၊ ပေအရှည် ၂၂၆ဝ ဖြင့် (၁၈၉၉ ခုနှစ် ၊ ဧပြီလ ၂၈ရက်)တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉ဝဝ ခုနှစ် ၊ ဇွန်နဝါရီလ ၁ရက်) တွင် အပြီးသတ်နိုင်ခဲ့၍ ၉လအတွင်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (၁၉ဝ၃ ခုနှစ်)မှ စတင်အသုံးပြုနိုင်ခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ဗြိတိသျှအင်ပါယာရဲ့ ထုတ်ကုန်တွေကို ဖြန့်ဖြူးရန်အတွက်ဖြစ်သည်။

 ကမ္ဘာပေါ်တွင် အမြင့်မားဆုံးရထား(ထိုအချိန်က) လမ်းဖြစ်လာမည့် ဂုတ်ထိပ်တံတားကို တာဝန်ယူတည်ဆောက်ရန် ဗြိတိသျှ အစိုးရက အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယားနှင့် မေရီလန်းစတီးကုမ္ပဏီ (Pennsylvania and Maryland Company)တို့ကိုငှားရမ်းခဲ့သည်။ သို့ရာတွင် တံတားကြီးကို ဦးစီးတည်ဆောက်သူမှာ Burma Railroad company (မြန်မာ့မီးရထားဌာန)မှ အင်ဂျင်နီယာ Sir Arthur Rendel နှင့် ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများသာဖြစ်သည်။ တံတားအတွက် အသုံးပြုသောပစ္စည်းကို အမေရိကန်နိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်းခဲ့သည်။ ဂုတ်ထိပ်တံတားကြီး၏ ပုံစံဒီဇိုင်းကို ဗြိတိန်နိုင်ငံမှ ဆာအေအမ်ရင်းဒဲလ်အင် ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသော သံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၈၂ဝ မြင့်၍ အနိမ့်ဆုံးသံတိုင်မှာ ၄၅ ပေ မြင့်သည်။ ဂုတ်ထိပ်တံတားကြီး၏ ထူးခြားမှုဝိသေသမှာ အခြားသောတံတား ကြီးများကဲ့သို့ မြစ်၊ ချောင်းများကိုဖြတ်ကျော်တည်ဆောက်ထားခြင်းမဟုတ်ဘဲ လျှိုကြီးနှစ်ခုကို ဖြတ်သန်း တည်ဆောက် ထားခြင်းသာဖြစ်သည်။ တံတားတစ်ခုလုံး သံနှင့်သံမဏိ (၄၃၁၁)တန်၊ သံမှိုပေါင်း တစ်သန်း၊ ပေါင်ချိန် တန် ၁၁၃၂ဝဝ အသုံးပြုထားသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ဖြစ်ရာ တံတားကြီး၏ အလယ်တိုင်များအနက် တံတားတိုင်အမှတ် (၈)နှင့် (၉)တို့က အမြင့်ဆုံး ဖြစ်သည်။

အဆိုပါဂုတ်ထိပ်တံတားကြီးသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တို့၏ မြေလှန်စနစ်ကြောင့် ဖျက်ဆီးခြင်းခံခဲ့ရပြီး တိုင်အမှတ် (၂)နှင့် (၅)တို့ ပျက်စီးသွားခဲ့သည်။ မြန်မာနိုင်ငံမှ ဖက်ဆစ်ဂျပန်တို့က ပြန်လည်ဆုတ်ခွာချိန်တွင် ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သော တံတားအလယ်တိုင်လေးတိုင် ကို ဗုံးခွဲဖျက်ဆီးခဲ့သည်။ တိုင်အမှတ် (၁၁) က အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ် (၁ဝ) နှင့် (၁၂)တို့မှာ ပြိုလဲပျက်စီးခဲ့ရသည်။ ထိုတိုင်များပေါ်တွင် တပ်ဆင်ထား သော ပေ ၁၂ဝ စီရှည်သည့် ပေါင်းကူးတံတား သံပေါင်လေးခုလည်း မြေခခဲ့ရသည်။ (၁၉၄၈) ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို မြန်မာ့မီးရထားဌာနက ပြန်လည်ပြင်ဆင်ခဲ့သည်။ (၁၉၄၈)ခုနှစ် မေလမှစတင်၍ ဂုတ်ထိပ်တံတား ပြန်လည်ပြင်ဆင်မှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပစ္စည်းရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် (၁၉၅၃)ခုနှစ် သြဂုတ်လတွင် ပြန်လည်ပြင်ဆင်မှုလုပ်ငန်းများ ပြီးစီးနိုင်ခဲ့သည်။ ဂုတ်ထိပ်တံတား ပြန်လည်ပြင်ဆင်မှုအတွက် နိုင်ငံတော်မှ ငွေကျပ် ၃၂ သိန်း ကုန်ကျခဲ့သည်။

တံတားကို ရှမ်းဘာသာဖြင့် 'ငုပ်ထိပ်'မှ 'ဂုတ်ထိပ်'တံတားဟူ၍ အမည်တွင်လာသည်။ သီပေါမြို့နယ်တွင် ဟိုကွက်အမည်ဖြင့် ရွာတစ်ရွာရှိရာ ဟိုကွက် ဟူသောအမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုးကွယ်ပျောက်သွား သည်ကိုအစွဲပြု၍ ခေါ်ဆိုသည်။ 

ထိုဟိုကွက်ကျေးရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြားတစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ်ငုပ်သွားသည့် ထိပ်နေရာဟူ၍ရည်ရွယ်သော ထိုနေရာကို ငုပ်ထိပ်ကျေးရွာဟုခေါ်ဆိုခဲ့သည်။ ကာလရွေ့လျားလာသောအခါ 'ငုပ်ထိပ်'မှ 'ဂုတ်ထိပ်'ဖြစ်လာသည်ဟူ၍ မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) တွင် ရည်ညွှန်းထားသည်။

 တံတားတည်ဆောက်မှုနည်းပညာအဆင့်မြင့်မှု၊ သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားသောတံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းတွင် ပါဝင်လာသည်။ အမိမြန်မာပြည်အတွက် အမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံံး မီးရထားသံလမ်းတံတားဖြစ်ပြီး သံလမ်းတံတား၊ မြင်းခုံတံတားဟူ၍ မှတ်ကျောက်တင်ခေါ်ဆိုနေကြဆဲဖြစ်သည်။ ခေတ်အဆက်ဆက်က ပျက်စီးယိုယွင်းမှုများကို ထိန်းသိမ်းလာခြင်းကြောင့် ယနေ့တိုင် တည်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသောနေရာတစ်ခုအဖြစ် တည်ရှိနေသည်။

သမိုင်းဝင် ဂုတ်ထိပ် တံတား 

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။ ။ အက်ရှင်ကား ၊ စတန့်ကားများထဲမှဇာတ်ဝင်ခန်းများလို ၊ နောက်ဆုံးထွက် ဇာတ်ကား Murder On The Orient Express ထဲမှလို ဇာတ်ဝင်ခန်းထဲမှ တံတားအလား မြန်မာနိုင်ငံအတွင်း တည်ရှိသည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ဂုတ်ထိပ်တံတားဖြစ်သည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း တည်ရှိပြီး တောင်ကြား နှစ်ခုကို ဖြတ်၍ ဖောက်လုပ်တည်ဆောက်ထားသည့် ကမ ္ဘာ့အမြင့်ဆုံး ရထားလမ်းတစ်ခုအဖြစ်လည်း ထင်ရှားခဲ့သည်။

ဂုတ်ထိပ်တံတားသည် မန္တလေး-လားရှိုး မီးရထားလမ်းပေါ် ရှိ နောင်ချိုဘူတာ နှင့် နောင်ပိန် ဘူတာအကြားတွင် တည်ရှိပြီး မော်တော်ယာဉ်ဖြင့်လည်း နော်ချိုမြို့မှာ တဆင့် သွားရောက်နိုင်ကြသည်။ အဆိုပါ ဂုတ်ထိပ်တံတား ကိုတော့ ယခင်က ခရီးသွားများကို လမ်းလျှောက်ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ယခုအခါမှာတော့ တံတားကြီး ရေရှည်ကြံ့ခိုင်မှုရှိစေရန် နှင့် ခရီးသွားများအသက်အန္တရာယ် မဖြစ်စေရန် ဖြတ်သန်းခွင့်ကို တားမြစ်ထားသည်။

ထို့ကြောင့် ဂုတ်ထိပ်တံတားကို လာရောက်လေ့လာသည့် ခရီးသွားများ အဆင်ပြေစေရန်အတွက် အပျော်စီး ရထားဖြင့် တံတားပေါ်သို့ ဖြတ်သန်းနိုင်သည်။ အပျော်စီးရထားသည် ဂုတ်ထိပ်ဘူတာ မှ စတင်ထွက်ခွာပြီး တံတားတစ်ဖက်ကနေ ဂုတ်ထိပ်ဘူတာသို့ ပြန်လည်ဆိုက်ရောက်ခြင်း ဖြစ်သည်။ အဆိုပါ အပျော်စီးရထား တစ်ပတ်ကိုတော့ တယောက်လျှင် ကျပ် ၅၀၀၀ ပေးရပြီး တစ်ခေါက်လျှင် အယောက် ၂၀ ခန့် စီးနိုင်သည်။

ဂုတ်ထိပ်တံတားကို ၁၉၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ကာ ၁၉၀၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ ၂၂၆၀ ပေ မှာ တည်ရှိပြီး တံတားကြီးကို ထောက်ပင့်ထားသည့် သံတိုင်များအနက် အမြင့်ဆုံး တိုင်သည် ပေ ၃၂၀ မြင့်၍ တံတားအကျယ် ၁၂၀ ရှိကာ အနိမ့်ဆုံး သံတိုင်သည် ၄၅ ပေခန့် ရှိသည်။ ပေ ၃၀၀ ကျော်မတ်စောက်သည့် တောင်ကြား ၂ ခုကို ဖြတ်သန်း ဖောက်လုပ်ထားပြီး တံတားသံတိုင်ပေါင်း ၁၆ ခု ရှိပြီး တံတားပေ အရှည် ကတော့ ပေ ၂၂၆၀ ပေ ရှိသည်။

တံတားအောက်ရှိ လိုဏ်ဂူအောက်တွင် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ရေပြင် မှ အထက် ပေ ၈၂၅ ဖြစ်ပြီး အမြင့်ဆုံးထောက်တိုင် အပေါ်ရှိ သံလမ်းသည် မြေပြင်မှာ ပေ ၃၃၅ ပေမြင့်ကာ အဆိုပါတံတား တည်ဆောက် ခဲ့စဉ်က ကုန်ကျစရိတ်ကတော့ ခေတ်ကာလအလိုက် ကုန်ကျစရိတ် စတာလင်ပေါင် ၁၁၃၂၀၀ ကုန်ကျခဲ့သည်။ ။

Credit