ဆယ်သိန်းလောက် လက်ထဲရှိရင် 
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ် ။

အဲဒီနေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ။
မပြေခဲ့ပါဘူး။

သိန်းတစ်ရာလောက် လက်ထဲရှိရင် 
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ်။

အဲ့နေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ။
သုံးပစ်ချင်စိတ်တွေတအားဖြစ်ခဲ့ပြီး 
တော်တော်လေးစိတ်ထိန်းခဲ့ရပါတယ်။

သိန်းတစ်ထောင်လောက် လက်ထဲရှိရင် 
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ်။

အဲဒီနေရာ ကျွန်တော် ရောက်အောင်ကြိုးစားတယ်။

ညအိပ်မပျော်တော့ပါဘူး။ ဒီဟာကို ဘယ်လိုနေရာမှာ ဘယ်လိုလုပ်ရင် ငွေသေမနေဘဲ အကျိုးအမြတ်ရမလဲ ? ခြံဝယ်လိုက်ရမလား တိုက်ခန်းဝယ်ပြီးငှားရမလား ကားတွေဝယ် ရမလားနဲ့ပေါ့ ။

ဆယ်တန်းပြီးရင် စာမလုပ်ရတော့ဘူးဆိုတာ ညာနေတာပါ ဘဝတလျောက်လုံး စာလုပ်နေရပါတယ်။

သိန်းတစ်သောင်းရှိရင် အဆင်ပြေမယ်လို့ ထင်နေပါတယ်။

အဲ့နေရာရောက်နေသူရှိရင် အဆင်ပြေလား ပြောသွားပေးပါအုန်း 

.
.
.

စာဖတ်ပြီးသိပ်အထင်ကြီးမနေကြနဲ့အုံး။
ကျွန်တော်လည်းသူများတင်ထားတာတွေ့လို့ Copy ယူလာတာပါ။ 
တစ်နေ့ထမင်း ၂ နှပ်အချိန်မှန်စားနိုင် အောင်ကြိုးစားနေရတုန်း ....😂😂

Credit. Original Writer