-နေမယ်ဆို...
အမှန်တရားနဲ့ အနီးဆုံးမှာ နေပါ။

 ရှာမယ်ဆို... 
နှလုံးသားထဲက အလှတရားကို ရှာပါ။

 နားမယ်ဆို...
စိတ်နှလုံး အေးချမ့်မယ့် အရိပ်မှာ နားပါ။

 ချည်မယ်ဆို...
သိက္ခာကို ကိုယ့်တန်ဖိုးနဲ့ ချည်နှောင်ပါ။

 သိမ်းမယ်ဆို...
ကျေးဇူး တရားကို သိမ်းပါ။

 စွန့်မယ်ဆို...
မကောင်းတဲ့အကျင့်ကိုစွန့်လွတ်ပါ။

 ပေးမယ်ဆို...
တန်ဖိုးဖြတ်မရတဲ့ မေတ္တာကို ပေးပါ။

 ပျော်မယ်ဆို...
ဘောင်မကျော်ခင်အထိပဲ ပျော်ပါ။

 တွေးမယ်ဆို...
စိတ်ညစ်စရာ မရောက်ခင်အထိပဲ တွေးပါ။

 မှားမယ်ဆို...
နောက်လှည့် ပြန်ခွင့်ရှိတဲ့ အထိပဲ မှားပါ။

 နောင်တရမယ်ဆို...
ဘာမှ မလုပ်ခင် အရင် စဉ်းစားပါ။

 ပြင်မယ်ဆို... 
ကိုယ်ကျင်တရားကို
အကောင်းဆုံး ဖြစ်အောင်ပြင်ဆင်ပါလို့....

လူတိုင်း မှားတတ်ကြပါတယ်
အမှားတစ်ရာဆိုတာ အမှန်တရားကို
ဖြစ်တည်လာဖို့ ကျော်ဖြတ်ရတဲ့သင်ခန်းစာတွေပါ။

ဒါပေမယ့် 
မှားနေတာကို သိရက်နဲ့ ဆက်မှားနေတဲ့ လူတွေကကိုယ်ကလွဲပြီး ကျန်တာအကုန်မှားတယ်ထင်တတ်ကြလို့ 
တစ်ခါတလေ တိတ်ဆိတ်နေလိုက်ရတဲ့အခိုက်အတန့်တွေရှိတယ်။

မာနချင်း ယှဉ်ရင်တောင်
သိက္ခာကို စောင့်ထိန်းသူက 
အမှန်တရားအတွက် 
မာနကို ခဝါချရဲကြပါတယ်။
မပြည့်တဲ့အိုး ဘောင်ဘင် ပိုခက်သလို 
တစ်ခါတလေ ကိုယ်တိုင်က
ဘောင်ဘင် မခက်အောင် ထိန်းပေးတဲ့ 
သစ်ရွက်ကိုင်းလေး ဖြစ်ချင်ဖြစ်နေတတ်တယ်။ 

 Credit