သင် ရင့်ကျက်လာခဲ့ရင်
------------------------------
ဒေါသဖြစ်ပေမယ့်
မပေါက်ကွဲအောင် ထိန်းတတ်လာတယ်....

ဝမ်းနည်းပေမယ့်
မျက်ရည်မကျအောင် ထိန်းတတ်လာတယ်...

မယုံပေမယ့် တဖက်သားစကားကို
နားထောင်ပေးတတ်လာတယ်....

စိတ်မပါတဲ့အခါလဲ ဝတ္တရားရှိတာကို
ကျေပွန်အောင် ဆောင်ရွက်တတ်လာတယ်...

ပြောချင်ပေမယ့် အချိန်အခါကြည့်ပြီးမှ
ပြောတတ်လာတယ်.....

မဟုတ်ပဲနဲ့အစွပ်စွဲခံရတဲ့အခါ
အပြုံးမပျက်ဖြေရှင်းတတ်လာတယ်.....

အသားလွတ်လာရန်စလာရင်
ခပ်ဟဟလေးရယ်နေတတ်လာတယ်....

အကြောင်းမရှိပဲ လာပြီးချိုးနှိမ်ရင်
ပြုံးပြုံလေး သူမျက်လုံးကိုပြန်ကြည့်တတ်လာတယ်....

အထီးကျန်နေတဲ့အခါ....အတွေးတွေကို
အစွန်းမရောက်ဖို့ သတိထားတတ်လာတယ်...

ပျော်စရာကြုံရင် ချစ်သူခင်သူတွေကို
ဝေမျှပေးဖို့သတိရတတ်လာတယ်.....

တကယ်တော့....
ရင့်ကျက်လာတယ် ဆိုတာ
ဟန်ဆောင်တတ်လာတာ မဟုတ်ပါဘူး....
သည်းခံတတ်လာခြင်းနဲ့
သဘောထားကြီးလာတတ်ခြင်းပါ...။

                                  A One
📕📒📗လေးစားစွာဖြင့် 🖍🖍🖍📗📒📕

Credit to original.