နိုက်ထရိုဂျင် ထိုးတာ ရိုးရိုးလေးထိုးတာထက် ဘာတွေကောင်းလဲ?
♻♻♻♻♻

➿တာယာတွေကိုရိုးရိုးလေပဲထိုးတာထက် နိုက်ထရိုဂျင်ဓါတ်ငွေ့ထိုးပေးတာကပိုကောင်းပါတယ်။
📍ပြိုင်ကားတွေ
📍စစ်တပ်သုံးကားတွေ
📍လေယာဉ်ဘီးတွေမှာ နိုက်ထရိုဂျင်ကိုပဲထိုးကြပါတယ်။
🌟အာကာသလွန်းပျံယာဉ်တွေ မှာတောင်တာယာကို နိုက်ထရိုဂျင်ပဲထိုးပါတယ်။
 ရိုးရိုးလေထဲမှာ ရေခိုးရေငွေ့ တွေအပြင် နိုက်ထရိုဂျင်(၇၈)ရာခိုင်နှုန်း အောက်ဆီဂျင်(၂၁)ရာခိုင်နှုန်း အာဂွန်ကာဗွန်ဓါတ်ငွေ့တွေနဲ့အိုဇုံးတို့ကတော့အနည်းအကျဉ်း ရောနှောနေပါတယ်။

💠ရိုးရိုးလေကိုCompressorနဲ့ဖိသိပ်ပြီးထိုးရင် ရေငွေ့တွေပါ၀င်တာကြောင့် တာယာအတွင်းပိုင်းမှာစိုထိုင်းနေတတ်ပါတယ်။
တာယာဆိုတာ စတီးသံကြိုးမျှင်တွေနဲ့ အထပ်ထပ် တည်ဆောက်ထားတာပါ။

✳သံထည်စတီးထည်တွေကိုသံချေးတက်ပျက်စီးစေတာ ရေနဲ့ ရေခိုးရေငွေ့တွေပါပဲ။တာယာစတီးကြိုးတွေအပြင် သံဂွေအတွင်းပိုင်းမျက်နှာပြင်နဲ့ နှုတ်ခမ်းသားတွေကိုလည်း ရေ ကသံချေးတတ်စေပါတယ်။နိုက်ထရိုဂျင် ထိုးရင် ရေငွေ့ မပါနိုင်တော့ပါဘူး။

⚡ဘယ်တာယာပဲဖြစ်ဖြစ် လေထိုးထားရင်ရာဘာသားအတွင်းသားတွေထဲကတစ်ဆင့်တဖြည်းဖြည်းစိမ့်ထွက်သွားပါတယ်။ အောက်ဆီဂျင်က လေယိုစိမ့်တာမြန်ပါတယ်။ နိုက်ထရိုဂျင်ထိုးထားရင် ကြာကြာခံပါတယ်။

♓နိုက်ထရိုဂျင်က အောက်စီဂျင်ထက် (၄၀) ရာခိုင်နှုန်းအထိပိုပြီး ကြာရှည်ခံပါတယ်။FordMotorနဲ့NHTSAအဖွဲ့တို့ရဲ့ လေ့လာတွေရှိချက် တွေအရ နိုက်ထရိုဂျင်ကပိုပြီးကောင်းတယ်ဆိုတာ တွေ့ရှိကြပါတယ်။

🔯ရိုးရိုးလေထိုးထားရင်ခရီးဝေးမောင်းနှင်တဲ့အခါတာယာဘီးတွေ အပူချိန် မြင့်တက်လာပါတယ်။နိုက်ထရိုဂျင်က ဒီလိုမျိုး မဖြစ်ပဲဖိအားတည်ငြိမ်ပါတယ်။တာယာတလုံးရဲ့အန္တာရယ်က အပူချိန်ပါပဲ။ မောင်းနှင်နေရင် အပူချိန် မြင့်တက်လာရင် တာယာဟာပွင့်ထွက်သွားတတ်ပါတယ်။
 နိုက်ထရိုဂျင်ထိုးတာ ငွေပိုကုန်ပေမဲ့ သင့်နဲ့သင့်ကားအတွက်လုံခြုံမှု့ရှိစေပါတယ်။

💯အမြန်လမ်းမှာခရီးဝေးသွားမယ်ဆိုရင်တာယာဘီး တွေအားလုံးကို နိုက်ထရိုဂျင်ပဲထိုးသွားပါ။ လေထိုးဆိုင်တိုင်းတော့ နိုက်ထရိုဂျင်မရနိုင်ပါဘူး။
🚘🚘🚘🚘🚘

 Autoworld