☑️ မှားမှာကို မကြောက်ပါနဲ့ ။ မှားခဲ့ရင်တောင် တွေးတောပူပန်မနေပါနဲ့ ။လူ့ဘဝဆိုတာ အမှားအမှန်ဒွန်တွဲနေတာပါ။ သင်ခန်းစာယူပြီး အကောင်းဆုံးရှေ့ဆက်သွားနိုင်ရင် ရပါပြီ။
☑️ တစ်ယောက်ယောက်က သင့်ကို အဆက်သွယ်လုပ်ခြင်း၊ မလုပ်ခြင်း ၊ စကားပြောခြင်း၊မပြောခြင်း သာမာန်ကိစ္စတစ်ခုလို့ပဲ သိထားပါ။ ဘဝဆိုတဲ့ ဧည့်ခန်းထဲကို ဒီလိုပဲ လူတွေဝင်လာလိုက် ထွက်သွားလိုက်နဲ့ ဖြစ်ပျက်နေကြပဲ။ သင့်ဧည့်ခန်းထဲ အမြဲထိုင်ပြီး အဖော်လုပ်ပေးနေတဲ့ လူတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။
☑️ ကတိတစ်ခုကိုတန်ဖိုးထားပါ။ ကတိလွယ်လွယ်ပေးပြီး မတည်ရင် လူတွေက သင့်ကိုယုံကြည်တော့မှာ မဟုတ်ပါဘူး။ အဲဒီအခါ စီးပွားရေးဖြစ်ဖြစ်၊ လူမှုရေးဖြစ်ဖြစ် ၊ Relation ဖြစ်ဖြစ် ဆောက်တည်တဲ့ အခါမှာ ခက်ခဲသွားတတ်လို့ပါ။
☑️ စကားပြောတဲ့ အခါ ဘယ်လောက်ပဲ ယုံရတဲ့လူဖြစ်စေ မိမိအကြောင်းအကုန်မပြောပါနဲ့။ မိမိစကားတစ်ခွန်းပြောခါနီး တွေးရမှာက ပြောလိုက်ရင် ဘာကောင်းကျိုးရှိလဲ ၊ ဘာဆိုးကျိုးရှိလဲ နှစ်မျိုးပဲ စဉ်းစားပါ။
☑️ ဒုက္ခနဲ့ ကြုံတွေ့တဲ့ အခါ ငါ့ကျမှ ဖြစ်ရလေခြင်းလို့ ညည်းတွားမဲ့ အစား ငါ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ စိတ်မျိုးအမြဲမွေးပါ။ သင်သိထားတဲ့ စိတ်ဓာတ်ကြံ့ခိုင်သူတွေက စိတ်ဓာတ်ကြံခိုင်တာမဟုတ်ပါဘူး။ သူတို့က လက်လျှော့အရှုံးပေးတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နားမလည်တာပါ။ အဲ့လိုလုပ်တတ်တဲ့ အကျင့်မရှိတာပဲ။ အရာအားလုံးက စိတ်ရဲ့ အလေ့အကျင့်ပါ။
☑️ လဲကျတိုင်း ပြန်ထ၊ လဲကျတိုင်း ပြန်ထ၊ ဘယ်နှစ်ကြိမ်လဲ နိုင်မလဲဆိုတာ လောကကြီးကို စိန်ခေါ်လိုက်ပါ။ လူ့စိတ်ဝိဉာဉ်ဟာ ကျွန်တော်တို့ထင်ထားတာထက် အခက်ခဲအတားအဆီးတွေကို ကျော်လွှားဖြေရှင်နိုင်ပါတယ်။ နောက်ဆုံးရလဒ်ကသာလျှင် အဓိကကျပါတယ်။
Credit - ပြေခိုင်
