✳️ V-ing ( အသုံးပြုပုံ )
✳️ V-ing (or) Present Participle 
🔻 V-ing ကို.....
1️⃣ ( .....ခြင်း )
2️⃣ ( .....သော )
3️⃣ ( .....သောကြောင့် )
4️⃣ ( .....လျက် ) ဟူ၍ အဓိပ္ပါယ်(၄)မျိုးနဲ့ ကောက်ပါ။
 ******************************

1️⃣ V-ing ကို (noun)အနေနဲ့ အသုံးပြုသည်။
🔹၎င်း V-ing ကို ( ခြင်း ) နဲ့ ကောက်ပါ။
🔹၎င်း V-ing သည် (S)+(O)+(C) သုံးနေရာတွင် ရှိသည်။
🔹( S + O + C ) သုံးနေရာသည် (Noun) နေရာများဖြစ်သည်။
 ~~~~~~~~~~~~~~~~~~~~~
🔻Subject - (Noun )နေရာတွင်ရှိသော V-ing 
🔻( ...ခြင်း ) နဲ့ကောက်
👉🏿 * Reading * is a good habit.
(စာဖတ်ခြင်း)သည် ကောင်းသောအလေ့အကျင့်ဖြစ်တယ်။
👉🏿 * Writing * is my hobby.
(စာရေးခြင်း)သည် ကျွန်တော်ရဲ့ ဝါသနာဖြစ်ပါတယ်။
👉🏿 * Walking * is a good exercise for health.
(လမ်းလျှောက်ခြင်း)သည် ကျန်းမာရေးအတွက် 
ကောင်းသောလေ့ကျင့်ခန်းဖြစ်တယ်။
~~~~~~~~~~~~~~~~~~~~~
🔻Object - (Noun)နေရာရှိသော V-ing 
🔻( ...ခြင်း ) နဲ့ကောက်
👉🏿 I like * reading. *
(စာဖတ်ခြင်း)ကို ကျွန်တော် နှစ်သက်တယ်။
👉🏿 I like * writing. *
(စာရေးခြင်း)ကို ကျွန်တော် ကြိုက်နှစ်သက်တယ်။
👉🏿 I like * walking. *
(လမ်းလျှောက်ခြင်း)ကို ကျွန်တော် နှစ်သက်တယ်။
~~~~~~~~~~~~~~~~~~~~~
🔻Complement - (Noun)နေရာရှိသော V-ing 
🔻( ...ခြင်း ) နဲ့ကောက်
👉🏿 My hobby is * reading. *
ကျွန်တော်ရဲ့ ဝါသနာသည် (စာဖတ်ခြင်း)ဖြစ်ပါတယ်။
👉🏿 My hobby is * writing. *
ကျွန်တော်ရဲ့ ဝါသနာသည် (စာရေးခြင်း)ဖြစ်ပါတယ်။
👉🏿 My hobby is * playing football. *
ကျွန်တော်ရဲ့ ဝါသနာသည် (ဘောလုံးကစားခြင်း)ဖြစ်ပါတယ်။

      ****************************

2️⃣V-ing ကို (Adjective)အနေနဲ့ သုံးပါသည်။
🔹၎င်း V-ing ကို ( ...သော ) နဲ့ ကောက်ပါ။
🔹၎င်း V-ing သည် (Noun)ရဲ့နောက်မှာ ရှိမည်။
🔹ရှေ့က (Noun)ကို အထူးပြုမည်။
 ~~~~~~~~~~~~~~~~~~~~~
👉🏿 I saw a boy < * reading. *
(စာဖတ်နေသော) ကောင်လေးကို တွေ့ခဲ့တယ်။
👉🏿 I saw a boy < * writing. *
(စာရေးနေသော) ကောင်လေးကို တွေ့ခဲ့တယ်။
👉🏿 I saw a boy < * playing. *
(ကစားနေသော) ကောင်လေးကို တွေ့ခဲ့တယ်။
👉🏿 I saw a boy < * crying. *
(ငိုနေသော) ကောင်လေးကို တွေခဲ့တယ်။
👉🏿 I saw a boy < * sleeping. *
(အိပ်နေသော) ကောင်လေးကို တွေ့ခဲ့တယ်။

🛑မှတ်ချက်// 
Adjective အလုပ် လုပ်သော V-ing ကို
(....သော) (....သည့်) (....တဲ့) တို့နဲ့ ကောက်နိုင်ပါသည်။
🔹A boy < * reading *
👉🏿 စာဖတ်နေ(သော)....ကောင်လေး
👉🏿 စာဖတ်နေ(သည့်)....ကောင်လေး
👉🏿 စာဖတ်နေ(တဲ့)....ကောင်လေး
       ***************************

✳️V-ing ကို (Adverb)အနေနဲ့ သုံးပါသည်။
🔹 ၎င်း V-ing ကို ( ...သောကြောင့် ) - ( ...လျက် ) နဲ့ကောက်။
🔹 Reason-အကြောင်းပြက > ( ...သောကြောင့် ) နဲ့ ကောက်။
🔹 Manner-အမူအရာပြက> ( ...လျက်) နဲ့ကောက်။
~~~~~~~~~~~~~~~~~~~~~
3️⃣ V-ing ကို ( .....သောကြောင့် ) နဲ့ကောက်ပုံ
👉🏿 * Reading a lot, * he is rich in knowledge.
(စာများများဖတ်သောကြောင့်) သူက ဗဟုသုတကြွယ်တယ်။
👉🏿 * Trying hard, * he succeeds.
(ကြိုးစားသောကြောင့်) သူအောင်မြင်တယ်။
👉🏿 * Being lazy, * he failed in the exam.
(ပျင်းရိသောကြောင့်) သူ စာမေးပွဲကျတယ်။
👉🏿 * Being honest, * everybody loves him.
(ရိုးသားသောကြောင့်) လူတိုင်းက သူကို ချစ်ကြတယ်။

🛑မှတ်ချက်// 
Reason-အကြောင်းပြ V-ing ကို
(....သောကြောင့်) (....တဲ့အတွက်) (....လို့) တို့နဲ့ ကောက်နိုင်ပါသည်။
🔹* Reading a lot, * 
👉🏿 စာများများဖတ် (သောကြောင့်)
👉🏿 စာများများဖတ် (တဲ့အတွက်)
👉🏿 စာများများဖတ် (လို့)
**************************************

4️⃣ V-ing ကို ( .....လျက် ) နဲ့ကောက်ပုံ
👉🏿 He reads * walking. *
သူသည် (လမ်းလျှောက်လျက်) စာကျက်တယ်။
👉🏿 He walks * singing. *
သူသည် (သီချင်းဆိုလျက်) လမ်းလျှောက်တယ်။
👉🏿 He sings * standing. *
သူသည် (မက်တပ်ရပ်လျက်) သီချင်းဆိုတယ်။

🛑မှတ်ချက်// 
 Manner-အမူအရာပြ V-ing ကို
(....လျက်) (....ရင်း) (....ပြီး) တို့နဲ့ ကောက်နိုင်ပါသည်။
🔹He reads * walking. *
👉🏿 လမ်းလျှောက် (လျက်)
👉🏿 လမ်းလျှောက် (ရင်း)
👉🏿 လမ်းလျှောက် (ပြီး)

               🍃🍃🍃🍃🍃🍃🍃🍃🍃

🅰️ On + V-ing ကို > ( When...သောအခါ ) နဲ့ကောက်
🅱️ In + V-ing ကို > ( While....စဉ်တွင်/ ရာတွင်) ကောက်
 ~~~~~~~~~~~~~~~~~~~~~
🔻On + V-ing ကို (....သောအခါ ) နဲ့ကောက်ပုံ
👉🏿 * On hearing this news, * I was happy.
(ဒီသတင်းကြားရတဲ့အခါ) ငါ ပျော်တယ်။
👉🏿 * On hearing his word, * I feel sad.
(သူ့စကားကြားရတော့) ငါ ဝမ်းနည်းမိတယ်။
👉🏿 * On Arriving in my hometown, * I was happy.
(မွေးရပ်မြေရောက်တဲ့အခါ) ကျွန်တော် ပျော်တယ်။

🔻In + V-ing ကို (....စဉ်တွင်/ ရာတွင် ) နဲ့ကောက်ပုံ
👉🏿 * In talking about her, * she came.
(သူမအကြောင်းပြောနေစဉ်တွင်) သူမ ရောက်လာတယ်။
👉🏿 * In learning English, * we need to be patient.
(အင်္ဂလိပ်စာလေ့လာရာတွင်) ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုတယ်။
👉🏿 * In speaking English, * we need to use body language.
(အင်္ဂလိပ်စကားပြောရာမှာ) ကိုယ်ဟန်အမူရာကို သုံးဖို့လိုတယ်။

           ☘️☘️☘️☘️☘️☘️☘️☘️☘️

🛑 Being ( အသုံးပြုပုံ )
~~~~~~~~~~~~~~~~~~
1️⃣ Being + Noun 
2️⃣ Being + Adjective
3️⃣ Being + Phrase
4️⃣ Being + V-3
~~~~~~~~~~~~~~~~~~
1️⃣ Being + Noun 
🔺 (......ဖြစ်သောကြောင့်၊ ...ဖြစ်တဲ့အတွက်၊ ...ဖြစ်လို့)
👉🏿 * Being a student, * you must follow school discipline.
(ကျောင်းသားဖြစ်တဲ့အတွက်) ကျောင်းစည်းကမ်း လိုက်နာရမယ်။
👉🏿 * Being a girl, * she wants to be beautiful.
(မိန်းကလေးဖြစ်တဲ့အတွက်) သူမက လှချင်ပချင်တယ်။
👉🏿 * Being a father, * you have responsibility.
(ဖခင်ဖြစ်လို့) ခင်များမှာ တာဝန်ရှိတယ်။

2️⃣ Being + Adjective
🔺 (.......သောကြောင့်၊....တဲ့အတွက်၊....လို့)
👉🏿 * Being beautiful, * you are not loved.
(လှတဲ့အတွက်ကြောင့်) မင်းကို ချစ်တာမဟုတ်ဘူး။
👉🏿 * Being honest, * you are loved.
(ရိုးသားလို့) မင်းကို ချစ်တာပါ။
👉🏿 * Being patient, * we achieved success.
(စိတ်ရှည်တဲ့အတွက်ကြောင့်) ငါတို့ အောင်မြင်မှုရတာ။

3️⃣ Being + Phrase
🔺 (........ရှိသောကြောင့်၊...ရှိတဲ့အတွက်၊...ရှိလို့)
👉🏿 * Being near you, * I am happy.
(မင်းနားမှာ ရှိတဲ့အတွက်) ငါပျော်ပါတယ်။
👉🏿 * Being with you, * I am happy.
(မင်းနဲ့အတူ ရှိနေလို့) ငါပျော်တယ်။
👉🏿 * Being in your heart, * I am happy.
(မင်းနှလုံးသားထဲမှာ ငါရှိနေလို့) ငါပျော်တယ်။

4️⃣ Being + V-3
🔺 (......ခံရသောကြောင့်၊...ခံရတဲ့အတွက်၊...ခံရလို့)
👉🏿 * Being beaten, * he is crying.
(အရိုက်ခံရလို့) သူ ငိုနေတယ်။
👉🏿 * Being praised, * he is happy.
(ချီးကျူးခံရလို့) သူ ပျော်နေတယ်။
👉🏿 * Being criticized, * he feel depressed.
(ဝေဖန်ခံရတဲ့အတွက်) သူ စိတ်ဓာတ်ကျနေတယ်။
👉🏿 * Being punished, * he is frightened.
(အပြစ်ပေးခံရသောကြောင့်) သူ ကြောက်နေတယ်။
           🔹🔹🔹🔹🔹🔹🔹🔹🔹🔹

🌹ကျမ်းကိုး ///:> (COC)- ဆရာဦးမြကြိုင်
🌺credit