တခါက 
 အမေရိကန်ပြည်နယ်တစ်ခုမှာ  
 ကပ္ပလီမကြီးတစ်ဦးရှိသည်။ 

 သူ့မှာ 
 ဘယ်သူနဲ့ရထားမှန်းမသိတဲ့ 
 သား ၂ ယောက်လည်းရှိသည်။ 

 အကြီးလေးမှာ ဂျိမ်း ဖြစ်ပြီး 
 အငယ်လေးက. ဒေးဗစ် ဖြစ်သည်။ 

 သူတို့မိသားစုမှာ အဖေမရှိ 
 အလွန်ဆင်းရဲကြသည်။ 

 ကပ္ပလီမကြီးက. အိမ်ဖော်အလုပ် 
 လုပ်ရသည်။ 

 စားဝတ်နေရေး အဆင်မပြေ၍ 
 သား ၂ ယောက်လုံးကို ပစ်ထား
 ရသည်။  

 အဲဒီလိုပစ်ထားလိုက်တော့ 
 သား ၂ ယောက်လုံး လမ်းဘေးရောက်၊ 
 မြောင်းထဲကျသွားပြီး လမ်းသရဲဘဝ 
 ရောက်သွားကြသည်။ 

 ဂလေကချေ 
 ခြေသလုံးအိမ်တိုင်ဘဝပေါ့။

 အိမ်ဖော်လုပ်ကိုင်သော ကပ္ပလီမကြီးမှာ  
 သူသွားလုပ်နေကြ အလုပ်ရှင်အိမ်တိုင်းကို  
 အိမ်သန့်ရှင်းရေး၊ အဝတ်ဖွတ်၊ မီးပူတိုက်၊  
 တံမြက်လှည်း၊ ကြမ်းတိုက်၊ ပန်းကန်ဆေး
 အကုန်လုပ်ရသည်။ 

 တစ်နေ့ သူအလုပ် လုပ်နေစဉ် 
 သတိထားမိသည်မှာ ဒီတိုက်ကြီး
 ကလည်း ခမ်းနားလိုက်တာနော်။ 

 ခမ်းနားသလို တိုက်ပိုင်ရှင်သူဌေးတွေ
 ကလည်း ချမ်းသာကြတယ်။ 

 ငါသူတို့လို ချမ်းသာချင်လိုက်တာနော်။ 
 စဉ်းစားရင်း ကြည့်ရှုနေရာ စာအုပ်စဉ်ကြီးကို 
 သတိထားမိသည်။ 

 နောက်နေ့တွင် နောက်တစ်အိမ်ပြောင်း
 သန့်ရှင်းရေးပြုလုပ်ရာတွင်လည်း ပထမ
 တွေ့ခဲ့သော စာအုပ်စဉ်ထက် ပိုကြီးသော  
 စာအုပ်စဉ်ကို တွေ့ရပြန်သည်။  

 နောက်ထပ်အိမ်တစ်အိမ်ပြောင်း
 လုပ်ပေးရသည်။ 

 နောက်အိမ်က ပို၍ကြီးသော စာကြည့်
 တိုက်ကြီးရှိနေသည်ကို သိခဲ့ရပြန်သည်။ 

 ဒီလိုနဲ့ သူမှာ  
 အကြံဉာဏ်ပေးမယ့်သူလည်းမရှိပါပဲ  
 ခေါင်းထဲတွင် အကြံတစ်ခု လင်းကနဲ....
.ပေါ်လာပေတော့သည်။ 

 သား ၂ ယောက်စလုံးကို ခေါ်ပြီး သားတို့
 အတွက် လုပ်ငန်းတစ်ခုရှာထားတယ်။ 

 အဲဒါမင်းတို့ စိတ်ဝင်စားမယ်လို့  
 အမေယူဆတယ်။ 

 ပြောပါအမေ...
 ဂျိမ်းက. လှမ်းမေးလိုက်သည်။

 ဒီလိုကွ.... တို့လမ်းထိပ်မှာ  
 စာကြည့်တိုက်ရှိတယ်။ 

 အဲဒီစာကြည့်တိုက်ထဲမှာ သားတို့ ဖတ်ရမယ့်
 အကြောင်းအရာတွေ၊ ဗဟုသုတတွေ
 အများကြီးရှိတယ်  

 ဒီတော့ အမေနဲ့လိုက်ခဲ့လာဟု....
 သား၂ ယောက်လမ်းထိပ်
 စာကြည့်တိုက်ခေါ်ပြီးသွားသည်။

 ဟိုရောက်တော့ စာကြည်တိုက်မှူးကို 
 သေချာအပ်သည်။့ 

အကျိုးအကြောင်းပြောပြသည်။ 

 ဂျိမ်းက. 
 လူ့ခန္ဓာဗေဒနဲ့ သက်ဆိုင်တာတွေ 
 စိတ်ဝင်စား၍ သူကို အခြေခံခန္ဓာဗေဒ 
 စာအုပ်များထုတ်ပေးသည်။ 

 အငယ်ကောင်ကတော့ အီလက်ထောနစ်နည်း
 ပညာစိတ်ဝင်စား၍ အီလက်ထောနစ်အခြေခံ
 စာအုပ်များထုတ်ပေးသည်။ 

 သူတို့ကို စာကြည့်တိုက်မှာ ခဏအပ်ထားပြီး  
 ညနေသူအလုပ်သိမ်းမှ ဝင်ခေါ်ရသည်။

 ဒီလိုနဲ့ အမေဖြစ်သူ ကပ္ပလီမကြီးမှာ  
 သား ၂ ယောက်ကို စာကြည့်တိုက်မှ 
 ပြန်လာတိုင်း သူတို့ဒီနေ့ ဘယ်စာအုပ်
 ဖတ်ခဲ့ရသည်။ 

 စာအုပ်ထဲမှ အကြောင်းအရာများကို 
 မှတ်ချက်ရေးပေးရသည်။ 

 နေ့တိုင်း အမေလုပ်သူက သူတို့
 ရေးပေးသော မှတ်ချက်စာရွက်များကို
 နေ့စဉ် သိမ်းထားသည်။

 နေ့တိုင်းနေ့တိုင်းဖတ်ဖြစ်တော့ သူတို့ 
 စာကြည့်တိုက်မှာ စာအုပ်တွေကုန်
 သလောက် ဖြစ်သွားသည်။ 

 သူတို့ စာပေအတွေ့အကြုံနှင့် သူတို့ရဲ့ 
 ကျောင်းအတန်းပညာနှိုင်းယှဉ်လျင် 
 ကျောင်းစာက နည်းနည်းလေးဖြစ်သွားသည်။ 

  သူတို့မှာလည်း တစ်နေ့ကို စာအုပ်
  ၄-၅ အုပ် မဖတ်ရင် မနေနိုင်လည်း
  ဖြစ်လာသည်။ 

  ကျောင်းစာများလည်း လိုက်နိုင်လာပြီး  
  တက္ကသိုလ်ဝင်စာမေးပွဲတွင် ညီအစ်ကို
 ၂ ယောက်လုံး အသီးသီး စကောလားရှစ်
 ဖြင့် ထူးချွန်စွာအောင်မြင်ကြသည်။

 နောက်တော့ မိမိတို့ စိတ်ဝင်စားသော  
 အကြီးက ဆရာဝန်ဘွဲ့ရပြီး။ 

 အငယ်က. အင်ဂျင်နီယာဘွဲ့
 ရယူပေးနိုင်ခဲ့လေပြီ။ 

 သူတို့ ၂ ယောက်အသီးသီး
 အလုပ်ဝင်ကြပြီ။  

 တစ်နေ့သော ခရစ္စမတ်နေ့ မှာ သူ့အမေဆီ
 ပြန်လာကြပြီး အမေကို ဝိုင်းနမ်းကြ။ 

 ကောင်းချီးပေးကြရင်း အမေကိုကျေးဇူး
 တင်လိုက်တာ အမေရယ်။ အမေသာ  
 စာကြည့်တိုက်ကို ခေါ်မသွားခဲ့ရင်သားတို့ 
၂ယောက်လုံး အခုနေဆိုရင် သုံးစားလို့ 
 မရတဲ့ ဘဝရောက်နေလောက်ပြီနော်။ 

 နောက်ပြီးရှိသေးတယ်။ အမေကို 
 မေးမယ် မေးမယ်နဲ့ မမေးဖြစ်ခဲ့ဘူး 
  အမေပင်ပန်းလို့ မေးတာနော် ။ 

 သားတို့ ၂ယောက်ကတော့  
 ကြီးပွားပါတယ်၊ တိုးတက်ပါတယ်။ 

 အမေလည်း သားတို့ စာကြည့်တိုက်က 
 စာအုပ်တွေဖတ်လာခဲ့ရင် အမေ့ကို မှတ်ချက်
 ရေးပေးရတာ တွေလည်းအများကြီးပါ။ 

အမေ အဲဒီမှတ်ချက်ကလေးတွေ  
မဖတ်ဘူးလား။ 

 အမေ့ဘဝက. ဒီအိမ်ဖော်အလုပ်ကနေ 
 မတိုးတက်လို့ သားတို့ကပြောတာပါလို့ 
 မေးလိုက်တော့......

 အမေလုပ်သူဟာ ကဗျာဂယာနဲ့ အခန်း
 ထဲပြေးဝင်သွားပြီး ပြန်ထွက်လာခဲ့တယ်။

 သူဆီမှာလည်း အထုပ်တစ်ထုပ်နဲ့ 
 အမေဘာမြန်းပြမှာပါလိမ့်ပေါ့....

 အဲဒီအထုပ်ကိုဖွင့်လိုက်တော့မှ
 သားကြီး ဂျိမ်းရေးထားတဲ့မှတ်ချက်၊
 သားငယ် ဒေးဗစ်ရေးထားတဲ့မှတ်ချက်တွေ
 အားလုံးကိုဖွင့်ပြပြီး

 အမေရင်ထဲက. စကားလေး  
 တစ်ခွန်းပြောလိုက်ပါတယ်။ 

 အမေမှ စာမတတ်ပဲ တဲ့။

 ကမ္ဘာကြီးအမြင်ကျယ်စေဖို့ စာဖတ်ကြပါစို့

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Credit
#whk

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°