၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပဲ 
လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ။

၂။ လူတိုင်းလူတိုင်းမှာ ကိုယ်စီကိုယ်စီ
ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာဆိုတာတွေ 
ရှိပါတယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ
အဓိကကျပါတယ်။

၃။ တစ်ခါတစ်လေ မဖြစ်ချင်တာတွေ 
ဖြစ်လာတဲ့အခါ အကောင်းဆုံး ရင်ဆိုင်
ကျော်ဖြတ်လိုက်ပါ။

၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ ကို 
ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။

၅။ အမှားတစ်ခုလုပ်မိတဲ့ အခါ 
ဝန်ခံတတ်ပါစေ။

၆။ ဘဝသီအိုရီ တွက်ချက်တဲ့အခါ 
မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ 
အတွေ့အကြုံရဲ့ ဘဝတစ်ဆူပါပဲ။

၇။ ဘယ်အလုပ်ကိုပဲ လုပ်ရင်ဖြစ်စေ
   တန်ဖိုးထားတတ်အောင် ကြိုးစားပါ။

၈။ ပညာရှာတဲ့ အရွယ်မှာပညာရှာ 
ကြင်ယာရှာတဲ့အရွယ်မှာ ကြင်ယာရှာပါ။ 
ပညာရှာတုန်း ကြင်ယာ မရှာမိပါစေနဲ့။
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခု
တည်ဆောက်ဖို့ ဆိုတာမလုံလောက်သေးဘူး။

၉။ အသိပညာအတွက် မရှက်ပါနဲ့ 
ပညာရှာ ပမာသူဖုန်းစားတဲ့။

၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချိူ့က 
သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ 
မေ့နေကြပီး သင်ကျရှုံးနေတဲ့ အချိန်
လက်ညိုးထိုးဖို့ စောင့်ကြည့်နေလိမ့်မယ်။

၁၁။ လူတိုင်းကို မယုံမိပါစေနဲ့ 
သင်နဲ့ပတ်သူသက်တိုင်း လက်ထဲမှာ 
မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်။

၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့ အခါ 
ခွင့်လွှတ်နိုင်ဖို့ကြိုးစားပါ။

၁၃။ ငွေကြေးနဲ့ ပတ်သတ်ရင် 
လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။

၁၄။ အားနာရင် ခါးပါတတ်တယ် မဖြစ်နိုင်ရင်
လိမ္မာပါးနပ်စွာ ရဲရဲငြင်းဆိုပါ။

၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့ 
မျှော်လင့်ချက်က တနေ့ဒုက္ခပေးတတ်တယ်။

၁၆။ ချစ်တော့ချစ်ပါ နှလုံးသားနဲ့ 
အရင်ခံစားပြီးမှ ဦးနှောက်က 
ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။

၁၇။ ပေကမ်းပါ စွန့်ကြဲပါ 
တစ်စုံတစ်ခုပြန်ရဖို့ မမျှော်လင့်ပါနဲ့ ။

၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် 
မမုန်းမိအောင်ကြိုးစားပါ။

၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့
ပေးဆပ်လိုက်ပါ။ စိတ်အေးချမ်းသာပါတယ်။

၂၀။ မဖြစ်နိုင်တော့ဘူး ဆိုတာတွေ 
လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ 
ကွယ်ပျောက်သွားတက်တယ်။

၂၁။ မပြောမကောင်းရင်တောင် 
နားထောင်ကောင်းသူ ဖြစ်အောင် ကြိုးစားပါ၊

၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။

၂၃။ မပေးကမ်းနိုင်ရင်တောင် 
တက်နိုင်သလောက် ကူညီပေးလိုက်ပါ။
လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို
ပေးကမ်းတက်ဖို့လိုတယ်။

၂၄။ ချွေတာသင့်တာ ချွေတာပြီး 
စုဆောင်းသင့်တာ စုဆောင်းပါ။
ရေတစ်စက်တန်ဖိုး ရေငတ်မှ သိသလို
ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလိမ့်မယ်။

၂၅။ မသိရင် မသိသလိုမနေပါနဲ့ 
မသိရင်မေးပါ။ အမေးရှိရင် အဖြေတစ်ခုတော့
ရလာမှာပဲ။

၂၆။ တစ်နေ့ စာဖတ်ချိန်သီးသန့်ထားပါ။
 စာဖတ်ခြင်းဖြင့် ဦးနောက်ကို
 လေ့ကျင်ပျိူ းထောင်ပါ။

၂၇။ သူဘယ်သူလဲ ဆိုတာထက် 
ငါဘယ်သူလဲဆိုတာ သုံးသပ် ပါ။

၂၈။ သူတစ်ပါးက လက်ညိုးမထိုးခင် ကိုယ်က
 လက်မထောင်နိုင်အောင် ကြိုးစားပါ။

၂၉။ ကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို
 တောင်းပန်စကားပြောဖို့လည်း 
ဝန်မလေးမိပါစေနဲ့။

၃၀။ လူအချိူ့က ဝေဖန်လာရင် လက်ခံနိုင်ဖို့
ကြိုးစားပါ။ အောင်မြင်တဲ့ လူတစ်ယောက်က 
ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်
ရှိကြရမယ်။ ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ်ရမယ်။
💪💪💪💪💪💪💪💪💪💪💪💪💪💪💪

Credit Original Uploader