စိတ်ဓာတ်ကောင်းတဲ့ သူနဲ့
ပေါင်းသင်းတဲ့အခါ…
စိတ်ကောင်းလေးတွေ
ထားတတ်လာမယ်။

ကိုယ်ချင်းစာတတ်တဲ့ သူနဲ့
ပေါင်းသင်းတဲ့အခါ…
ကိုယ်ချင်းစာတတ်တဲ့ စိတ်တွေ
ထားတတ်လာမယ်။

စိတ်အေးချမ်း တည်ငြိမ်တဲ့ သူနဲ့
ပေါင်းသင်းတဲ့အခါ…
စိတ်ငြိမ်သက်ခြင်းရဲ့ အနှစ်သာရကို
သိမြင်လာမယ်။

ဘဝဆိုတာ…
မျှတခြင်းတွေပဲ ပေးထားတာပါ။

ကိုယ်ရတဲ့ဘဝကို
အသုံးချတဲ့အပေါ် မူတည်ပြီး
အသုံးကျတာချင်းပဲ
ကွာသွားတာပေါ့။

သူ့လို စိတ်ထားမျိုးကို
ပိုင်ဆိုင်ချင်ရင်
သူ့လိုအကျင့်ကောင်းမျိုး ကျင့်သုံးမှ
ရမှာပါ။

လိုချင်တာနဲ့ လုပ်နေတာက
တလွဲစီဖြစ်နေပြီး
ရနေတဲ့အရာအပေါ်
မကျေမနပ် ဖြစ်နေလို့ ဘယ်ရမလဲ။

အဖြူထည်တွေကို မြတ်နိုးရင်
ကိုယ်တိုင်က 
ဖြူစင်နေဖို့တော့ လိုတာပေါ့…

အကျင့်ကောင်းဆိုတာ…
အလေ့အကျင့်တွေ ကောင်းနေမှ
ရရှိလာမယ့် အရာတွေပါ။

အလေ့အကျင့်တွေ မရှိပဲ
ဘယ်အရာမှ
သူ့အလိုလို ဖြစ်မလာပါဘူး။

သူ့ကိုကောင်းစေချင်ရင်
ကိုယ်တိုင်က 
ကောင်းအောင်နေတတ်မှ ရတာပါ။

ကိုယ်တိုင်ကျ ဘာအသုံးမှမကျပဲ
တစ်ဖက်သားကို
အပြစ်တင်နေလို့ မရပါဘူး။

ကိုယ်တိုင်က
နည်းလမ်းမှန် နေမယ်ဆိုရင်
ပြုပြင်ပြောင်းလဲဖို့
လူတိုင်း လက်ခံကြမှာပဲ မဟုတ်လား-?

စိတ်ဓာတ်ကောင်းရင်
ကံကောင်းတယ်ဆိုတဲ့ အစွဲက
ပုံပြင် မဟုတ်ဘူး။

လက်တွေ့ကျကျ ကျင့်သုံးမှ
ရရှိလာမယ့် အကျိုးတွေပါ။

မူရင်းCredit-မေဆု ရာမညမြေ 

မေတ္တာဖြင့်✍️✍️
အရှင်ပုည( ဝကုန်း )