သင့်ဘဝမှာ ---
ပျော်ချင်ရင်လိုက်နာရမည့် အချက်( ၇ )ချက်😊 

(၁) သင့်ရဲ့ အတိတ်နဲ့ ငြိမ်းချမ်းမှုယူပါ။
             ဒါမှ သင့်ရဲ့အတိတ်က သင့်ရဲ့ပစ္စုပ္ပန်ကို 
မနှောက်ယှက်တော့မှာပါ။ လူတော်တော်များများ
စိတ်ဆင်းရဲရတဲ့ အကြောင်းအရင်းကတော့ အတိတ်က
အကြောင်းတွေကို ပြန်တွေးနေလို့ပါပဲ။
            အတိတ်က မအောင်မြင်ခဲ့တာတွေ ကျရှုံးခဲ့တာ
တွေ စိတ်ညစ်စရာတွေက်ို ပြန်တွေးလေ့ရှိလို့ စိတ်ဆင်းရဲကြတာများပါတယ်။
           ဒီတော့ အခုအချိန်က စပြီး ပြန်သွားလို့ မရတော့တဲ့ အတိတ်နဲ့ ငြိမ်းချမ်းရေး ယူပြီးလက်ရှိလုပ်နေတာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လိုက်ပါ။ 

(၂) အခြားသူတွေ သင့်အကြောင်း ဘယ်လိုတွေးလဲဆိုတာ သင့်ကိစ္စ မဟုတ်ပါဘူး
              အခြားသူတွေက သင့်အကြောင်းကို ဘယ်လို
တွေးမလဲဆိုပြီး စဉ်းစားရတာလည်း တကယ်တော့
သင့်ကို စိတ်ညစ်စေပါတယ်။ ဘာမှကို မလုပ်ရသေးဘူး " ငါဒါလုပ်ရင် သူတို့တွေ ဘာများပြောကြမလဲ "
ဆိုပြီး တွေးရတာကိုက ပင်ပန်းလှပါတယ်။
              သင်လုပ်စရာရှိရင် ဖြစ်မြောက်အောင် လုပ်ပါ။
ကဲ့ရဲ့တာ ချီးကျ ူ းတာက သူတို့အလုပ်ပါ။ သင့်အလုပ်
မဟုတ်ပါဘူး။
              သင့်အလုပ်က သင်လုပ်စရာရှိတာကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ပါ။ 

(၃) အချိန်က အရာအားလုံးနီးပါကို ကုစားနိုင်ပါတယ်
             အချိန်ပေးပါ။ အကောင်းဆုံးသမားတော်ကတော့ အချိန်ပါပဲ။ တစ်ချ ို့ကိစ္စတွေက အချိန်ပေးဖို့ လိုပါတယ်။ ချက်ချင်းလုပ် ချက်ချင်းမဖြစ်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခုပေးမှ ဖြစ်တာပါ။
            ဒါကြောင့် အချိန်ပေးသင့်တဲ့ အရာတွေကို
အချိန်ပေးပါ။ 

(၄) သင့်ရဲ့ဘဝကို အခြားသူများရဲ့ ဘဝနဲ့ မနှိုင်းယှဉ်ပါနဲ့။ သူ့တို့ကိုလည်း မဝေဖန်ပါနဲ့။
           သင်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူတဲ့
တစ်ဦးတည်းသောသူ တယောက်ပါ။
           ဒီတော့ သင့်ကိုယ်သင် ဘယ်သူနဲ့မှ လိုက်ပြီး
မယှဉ်ပါနဲ့။ သူများတွေကိုလည်း မဝေဖန်ပါနဲ့။
           ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ဘဝပန်းတိုင်က
ဘာလဲ သင်မှမသိတာ။ 

(၅) အတွေးမလွန်ပါစေနဲ့။ အရာအားလုံးရဲ့ အဖြေကို
သိစရာမလိုပါဘူး
           အကောင်းမြင်တတ်ဖို့ပဲ လိုတာပါ။ အချ ို့တွေက
အရမ်းအတွေးလွန်တတ်ပါတယ်။ အားလုံးရဲ့ အဖြေက်ို
သိချင်ကြပါတယ်။
          အကျ ိုးဆက်အနေနဲ့ စိတ်ပင်ပန်းပါတယ်။ သင်
အရာအားလုံးရဲ့ အဖြေကို သိဖို့မလိုပါဘူး။
          လောကကြီးမှာ သင့်က်ို ဘယ်လိုအရာတွေ ဖြစ်
ပျက်လဲဆိုတာက အရေးမကြီးပါဘူး။
          သင်က ထိုအရာတွေကို ဘယ်လိုတုံ့ပြန်လဲ ဆိုတာသာ အရေးကြီးတာပါ။ 

(၆) သင့်ရဲ့ ပျော်ရွှင်မှုအတွက် သင်ကလွဲပြီး မည်သူ့မှာမှ တာဝန်မရှိပါဘူး
           သင့်ရဲ့ ပျော်ရွှင်မှုအတွက် တစ်စုံတယောက် တစုံတရာကို တာဝန် မပေးလိုက်ပါနဲ့။ သူတို့မရှိတော့ရင်
သင်မပျော်မရွှင် ဖြစ်လာပါလိမ့်မယ်။
           သင်သာလျှင် သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။ 

(၇) ပြုံးပါ
           လောကကြီးတစ်ခုလုံးက ပြဿ နာချည်းပဲ မဟုတ်ပါဘူး။ 
           မသေချာတဲ့ မနက်ဖြန်ကို စိတ်ပူမည့်အစား
သေချာတဲ့ ယခုလက်ရှိ အချိန်လေးမှာ ပျော်ရွှင်အောင်
နေပါ။ 

Crd:ဆရာမိုးရှင်း(IMT)ရဲ့ သူစိတ်ဓာတ်ကျတိုင်း
ဖတ်ဖို့ စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။