One year ago ဆိုပြီး ပုံတွေ တက်လာတယ်။ ဘုရား တ,ရတဲ့ အထိ
 ကိုယ့်မှာ ရုပ်ဆိုးခဲ့တယ်။
One year ago ဆိုပြီး Feel post တွေ တက်လာတယ်။ ကိုယ့်ကိုယ်ကို ပြန်သနားမိတယ်။ငါလေး တော်တော် ရူးခဲ့တာပဲ။
One year ago ဆိုပြီး တက်လာတယ်ငယ်ရွယ်သူ အတွေးတွေနဲ့ လောကကြီးကို အကောင်းမြင်စိတ် နည်းခဲ့တယ်။
တစ်နှစ်တဲ့။ ဘာမှ မကြာလိုက်ဘူးအသည်းကွဲတာလည်း မနေ့ကလိုပဲ။ ကဲ့ရဲ့ခံရတာတွေကလည်း မနေ့ကလိုပဲ။ မြေနိမ့်ရာ လှံစိုက်ခံခဲ့ရတာလည်း မနေ့ကလိုပဲ ။ ဝိုင်းအကြဉ်ခံခဲ့ရတာလည်း မနေ့ကလိုပဲ။
ဒါပေမဲ့ တစ်နှစ်အတွင်း လူတွေအကြောင်း အများကြီး သိခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းမတ်ရမယ်ဆိုတာ သိခဲ့ရတယ်။ ဥပေက္ခာပြုသင့်တဲ့ အကြောင်းနဲ့ ဥပေက္ခာပြုရမယ့်လူတွေကို သိလာခဲ့တယ်။
လက်ကျန်ဘဝ အစိတ်အပိုင်းကို ဘယ်လို အသုံးချရမယ်ဆိုတာ သိလာတယ်။ ဒဏ်ရာတွေဟာ အမာရွတ်တွေ ဖြစ်လာတယ်။ ဝိုင်းထိုးတဲ့ လက်ညှိုးတွေကို ဘယ်လို အံတုရင်ဆိုင်သင့်တယ်ဆိုတာ သိလာတယ်။
အများကြီး မလိုပါဘူး။
တစ်နှစ်အတွင်း မသိမသာ ပြောင်းလဲခြင်းတွေ နဲ့ ကိုယ်ဟာ အရင်ကထက်ပိုပြီး လူပီသလာပါလိမ့်မယ်။
Crd
  